Friday, January 24, 2014

တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ 
(ဒုတိယအုပ်)
မြသန်းတင့် 




တောင်သမန် (ဒု) အုပ်ကို ဖတ်ရပြီးတဲ့နောက် စာအုပ်အဖုံးကို ရေးဆွဲပေးတဲ့ ဆရာ မောင်ညိုဝင်းရဲ့ ခံစားချက်ကို ကျနော့် ရင်ဘတ်နဲ့ နားလည်ခဲ့ရတယ်။

တောင်သမန် စာအုပ်မှာ ဖုံးတဲ့ စာအုပ်အဖုံးဟာ အခြားစာအုပ်တွေလို သာမန်မဟုတ်ခဲ့ပါဘူး။ အတော်ကို ခံစားပြီး ရေးဆွဲထားတဲ့ ပန်းချီကို စာအုပ်အဖုံးအဖြစ် လုပ်ထားတာပါ။ ပန်းချီရဲ့ ဟန်ကိုလဲ ကြည့်ပါ။ ဆေးရောင်ကိုင်တာ စုတ်ချက်တွေ ဘယ်လိုပင့်ပြီး ဘယ်လို ချယ်မှုန်းခဲ့တာ။ ပန်းချီထဲမှာ ပေါ်နေတဲ့ မျက်နှာတွေကိုလဲ ကြည့်ပါ။ အာလူးစားသူများ ပန်းချီကို ကြည့်ရသလိုကို ခံစားရတယ်။

ဒါကြောင့် ပထမအုပ်က စပြီး ခံစားခဲ့ရတာပဲ။ ကျနော် တောင်းပန်ချင်ပါတယ်။ ဒီက စာအုပ်ကို အခြားနေရာမှာ တင်မယ်ဆိုရင် အဲဒီ စာအုပ်အဖုံး ပုံလေးတော့ ရအောင် တင်ပေးကြပါ ခင်ဗျာ။ စာအုပ်အဖုံးလေးတွေဟာလဲ သိပ်ပြီး ချစ်စရာကောင်းနေပါတယ်။

စာအုပ်အဖုံးအတွက် တကူးတက အပင်ပန်းခံပြီး စကင်ဖတ်ပေးခဲ့တဲ့ ကျနော့် အစ်မ ကြီးစု http://suuchitthu.blogspot.com/ ကိုလဲ အထူးပင် ကျေးဇူးတင်ပါတယ်။ တောင်သမန် စာအုပ်ကို တကူးတက ကျနော့်ဆီ လာပို့ပေးခဲ့တဲ့ ညီငယ် မိုးကြိုး https://www.facebook.com/natsoetamann ကိုလဲ အထူးပင် ကျေးဇူးတင်မိပါတယ်။

0 comments:

Post a Comment