Showing posts with label ဓူဝံ. Show all posts
Showing posts with label ဓူဝံ. Show all posts

Saturday, February 27, 2016

 

ဓူဝံ - မာလာ

ဆရာမ ဂျူးက “ကျွန်မဖတ်ခဲ့သောစာအုပ်များ” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးဖူးတယ်။ သူ့ မေမေနဲ့ သူ့ မမတွေက စာအုပ်ဖတ်ရတာ စာအုပ်စုရတာ ဝါသနာကြီးကြတယ်တဲ့။ သူအနေနဲ့လဲ တတိယတန်း အရွယ်အထိ ပုံပြင်တွေ စာစီစာကုံးစာအုပ်မျိုးတွေက လွဲလို့ ရှည်လျားထွေပြားတဲ့ ဝတ္ထုစာအုပ်မျိုးကို တစ်အုပ်ကုန်အောင် တစ်ခါမှ မဖတ်ဖူးခဲ့ဖူးလို့ဆိုတယ်။

ဆရာမ ဂျူး စတုတ္ထတန်း ရောက်တဲ့အချိန် ကျောင်းပိတ်ရက်ရှည်ရောက်တော့ သူ့ မေမေက ဝတ္ထုစာအုပ်တစ်အုပ် ပေးဖတ်တယ်။ ရည်ရွယ်ချက်က စကားပြောတဲ့အခါ ယဉ်ကျေးသိမ်မွေ့အောင်လို့ ဆိုတယ်။ စာအုပ်က ဆရာဓူဝံ ရေးတဲ့ “မာလာ”။

စာအုပ်က ထူလွန်းတဲ့အတွက် ဆရာမ ဂျူးအနေနဲ့ ဖတ်ရမှာ သိပ်စိတ်မဝင်စားလှဘူး။ ဒါပေမယ့် သူ့ မေမေက အတင်းတိုက်တွန်းနေတဲ့အတွက် တစ်အုပ်လုံးကုန်အောင် ဖတ်ဖြစ်ခဲ့တယ်။ မာလာကို ဖတ်ရင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြစ်အပျက်တွေကို တွေ့လာရတယ်။

ဇာတ်ကောင် ဗိုလ်နန္ဒရဲ့ တော်တဲ့ ထက်တဲ့အကြောင်းတွေ၊ ဒုက္ခရောက်သူကို ကူညီလိုတဲ့ စိတ်ဓာတ်တွေ၊ ဘုရားတရား ကြည်ညိုတတ်တာတွေ၊ သူ့အသက်ကို စွန့်ပြီးတော့တောင် ကတိတည်ကြည်တာတွေဟာ ဆရာမဂျူးအတွက် ဝတ္ထုဖတ်ရင်း မျက်ရည်တောင် ကျမိသွားတဲ့အထိ ဖြစ်ရတယ်တဲ့။

အခုလဲ ... စာမျက်နှာ ခြောက်ရာကျော်ထူတဲ့ စာအုပ်တစ်အုပ်ကို လုပ်မိသွားပြန်ပြီ။ တောင်းတဲ့သူတွေ အလွန်များလာတဲ့အတွက် ဘယ်လိုမှ မခံစားနိုင်တော့လို့ စာအုပ်လုပ်ပေးလိုက်ပါတယ်ဗျာ။