Showing posts with label သော်တာဆွေ. Show all posts
Showing posts with label သော်တာဆွေ. Show all posts

Wednesday, July 6, 2016

သော်တာဆွေ - ကြက်ဋီကာ


 လူတစ်ကိုယ် ဝါသနာတစ်မျိုးဆိုပေမယ့် ဆရာသော်တာဆွေရဲ့ ဝါသနာတွေက အတော်များတယ်။ အဲ ဝါသနာတွေထဲကမှ တသက်လုံးစွဲစွဲမြဲမြဲ ဝါသနာပါတာက တိုက်ကြက်တွေ မွေးပြီး ကြက်တိုက်တဲ့ ဝါသနာ။ အခုစာအုပ်က ဆရာသော်တာဆွေ မွေးခဲ့တဲ့ တိုက်ကြက်တွေအကြောင်းနဲ့ သူတို့ရဲ့ တိုက်ပွဲတွေအကြောင်း။ စိတ်ဝင်စားဖို့ အတော်ကောင်းတယ်။ ကြက်လောက,က ခမ်းနားကြီးကျယ်ပါလားဆိုတာ ဒီစာဖတ်မှ သိလိုက်ရတယ်။ ဒီလိုစာအုပ်မျိုး ဆရာသော်တာဆွေလို ကြက်သမားပဂေးကြီးလောက်သာ ရေးနိုင်လိမ့်မယ် ထင်မိတယ်။

Thursday, March 5, 2015

သော်တာဆွေ - ပုဂံသူရဲကောင်းများ

အကြိမ်ကြိမ် ရိုက်နှိပ်ခြင်းခံရတဲ့ ဆရာကြီးသော်တာဆွေရဲ့ ကျော်ကြားတဲ့ စာအုပ်တစ်အုပ်ပါ။ ဒီစာအုပ်ကို စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က HEROES OF OLD BURMA ဆိုပြီး အင်္ဂလိပ်လို ရေးသာခဲ့ပါတယ်။ ဒါကိုပဲ ဆရာကြီးသော်တာဆွေက ပုဂံသူရဲကောင်းများဆိုပြီး မြန်မာမှုပြုထားခြင်းပါ။ သမိုင်းကြောင်းကို ရေးတဲ့ စာအုပ်တစ်အုပ်တော့ မဟုတ်ပါဘူး။ ရာဇဝင်မှာ ထင်ရှားခဲ့တဲ့ သူရဲကောင်းများကို ဇာတ်ကောင်ပြုပြီး ဇာတ်အိမ်ဖွဲ့ထားခြင်သာ ဖြစ်ပါတယ်။ ကျနော်တို့ ငယ်ငယ်က စွဲလမ်းခဲ့ရတဲ့ စာအုပ် တစ်အုပ်ဆိုရင်လည်း မမှားပါဘူး။ 




စာအုပ်ယူရန် (mediafire.com) 
စာအုပ်ယူရန် (dropbox.com)