Showing posts with label နိုင်ဦး. Show all posts
Showing posts with label နိုင်ဦး. Show all posts

Wednesday, May 18, 2016

 နိုင်ဦး - ကျောက်စိမ်းမြေ 





နိုင်ဦး - ကျောက်စိမ်းမြေ (အိန္ဒိယမှ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်၍ တရုတ်ပြည်သို့ ခရီးကြမ်း)
ဘာတီး(လ်)လင့်တနာ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း ဆယ်စုနှစ် သုံးစုနီးပါးလောက် အာရှအကြောင်း ဆောင်းပါးတွေကို ရေးသားခဲ့သူ တစ်ယောက်ပါ။ ဒါ့အပြင် မြန်မာ့အရေး ကျွမ်းကျင်သူတစ်ယောက်လို့လဲ သတ်မှတ်ခံရတဲ့သူ ဖြစ်ပါတယ်။ Far Eastern Economic Review အတွက် မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်။

၁၉၈၅-၁၉၈၇ ခုနှစ်များအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြန်မာပြည်နယ်စပ်များသို့ ဇနီးဖြစ်သူနဲ့အတူ ခရီးကြမ်းကိုသွားလာခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ့နဲ့ တွေ့ဆုံ မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအကြောင်းတွေကို “ကျောက်စိမ်းမြေ” မှာ စိတ်လှုပ်ရှားဖွယ်ရာ တနင့်တပိုးကြီး ဖတ်ရပါလိမ့်မယ်ဗျာ။
တစ်ခုတော့ တောင်းပန်လိုပါတယ်။ စာအုပ်ထဲမှာပါဝင်တဲ့ ဓာတ်ပုံတွေကို တစ်ပုံမှ မကျန်စေရဘဲ အရည်အသွေးကောင်းကောင်း ရအောင် ထည့်သွင်းထားတဲ့အတွက် ဖိုင်ဆိုဒ်က ကြီးသွားပါတယ်။ 39 MB ရှိပါတယ်။ တင်ပေးရတဲ့ ကျနော့်မှာလဲ မသက်သာဘူး။ ဆွဲယူမယ့်သူများကိုလဲ ကိုယ်ချင်းစာတယ်။ ဖုန်းဘေလဲ အတော်ပြောင်သွားတယ်။ စာအုပ်က ကောင်းလွန်းတော့ အားလုံးကို ဖတ်စေချင်တယ်လေ။