Showing posts with label ဆန်းထွန်း. Show all posts
Showing posts with label ဆန်းထွန်း. Show all posts

Tuesday, March 8, 2016

 ဗော်လဂါမှ ဂင်္ဂါသို့


အချို့ မေးတဲ့သူတွေ ရှိတယ် “အူးညီ ... စာအုပ်လေးတွေက သန့်သန့်လေးတွေ၊ ဘယ်လို ပစ္စည်းကောင်းတွေများ သုံးပြီး လုပ်နေတာလဲ” တဲ့။

ပြောရရင်တော့ အူးညီမှာ ... ဘက်ထရီဒေါင်းနေတဲ့ လပ်တော့ အစုတ်ကလေး တစ်လုံးရယ်၊ နှစ်တွေကြာလို့ မှန်သားပြင်မှာ ဂျီး (ချေး) ကပ်နေတဲ့ ငါးသောင်းတန် စကင်နာ အဟောင်းလေး တစ်လုံးရယ်၊ စေတနာ ၉၀ သားရယ်ပါ။ အဲဒါတွေနဲ့ စာအုပ်လေးတွေ လုပ်ပြီး ပေးပါတယ်။ (ဤကား စကားချပ်)

အခု “ဗော်လဂါမှ ဂင်္ဂါသို့” စာအုပ်ကို လုပ်ပေးမယ်ဆိုပြီး ပြောခဲ့တာ တစ်နှစ်ကျော်လေးကြာခဲ့ပြီပေါ့နော်။ စေတနာ တကယ်ရှိပါတယ်။ ဒါမယ့် အခက်အခဲလေးတွေလဲ ရှိတယ်။ 

ကျနော် တကယ့်ကို နှစ်သက်တဲ့ စာအုပ်လေးတစ်အုပ် ဖြစ်တာမို့ အွန်လိုင်းပေါ်မှာ ရှိစေချင်ခဲ့တာပါ။ နောက်ပြီး ဒီစာအုပ်ဟာ ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ ကြိုးစားအားထုတ်မှုကြီးတစ်ခုလဲ ဖြစ်။ စာပေလက်ရာတွေ အများကြီး မထားခဲ့တဲ့ ဆရာကြီး ဆန်းထွန်းရဲ့ ရှားပါးလှတဲ့ ဘာသာပြန် စာအုပ်တစ်အုပ်လဲ ဖြစ်။ မူရင်း စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းရဲ့ ကမ္ဘာကျော် ဂန္ထဝင်စာအုပ်ကြီးတစ်အုပ်လဲ ဖြစ်နေတော့ကား ...။ 

ဒီတော့ “ဗော်လဂါမှ ဂင်္ဂါသို့” စာအုပ်ဟာ မြန်မာ့စာပေလောကအတွက် အွန်လိုင်းပေါ်မှာ ရှိသင့်ပြီပေါ့။