Showing posts with label ရွာစားစိန်တင်ဟန်. Show all posts
Showing posts with label ရွာစားစိန်တင်ဟန်. Show all posts

Monday, January 12, 2015

ရွာစားစိန်တင်ဟန် - ဆိုင်းသမား

စာပေအမျိုးအစားထဲမှာ Biography အမျိုးအစားကို အချို့က နှစ်သက်တတ်ကြတယ်။ အဲဒီအထဲမှာ ကျနော်လဲ ပါတယ်

အခုဆို Biography အမျိုးအစား စာအုပ်တွေကို ကျနော် လုပ်လာခဲ့တာဆိုရင် ဦးဖေမောင်တင်၊ စစ်ကိုင်းဦးဘိုးသင်း၊ ဆရာပါရဂူရဲ့ ပဉှာကထာ၊ ဟိုချီမင်း၊ ချေဂွေဗာရာ၊ ခရစ်(စ)တီယန်ဘားနဒ်၊ ဒဂုန်တာရာ ရုပ်ပုံလွှာ၊ အရင်ဧကရာဇ် အခုလူ၊ ကျွန်တော် မစ္စတာဘားမား၊ ဆက်ဒမ်ဟူစိန်၊ ကိုစောညိန်း၊ သခင်သန်းထွန်း နောက်ဆုံးနေ့များ၊ ပဏ္ဍိတကထာ၊ ထူးအိမ်သင်၊ စိုင်းထီးဆိုင် ...။ နည်းတာတော့ မနည်းတော့ဘူး ဆိုရမှာပါပဲ။ အခုလဲ နောက်ထပ် တစ်အုပ် လာပါပြီ။

ဒီဆိုင်းဆရာကြီးကို ဘယ်မှာ စပြီး သတိထားမိသလဲဆိုရင် ဆရာတော် ဦးဆေကိန္ဒတို့ ဆရာချစ်ဦးညိုတို့ ဦးစီးပြီး ရိုက်တဲ့ “ဘိသိက်ပြိုင်” ဇာတ်ကားကို ကြည့်မိပြီး သတိထားမိတာပါပဲ။ ဆိုင်းဆရာကြီးဆိုပေမယ့် စာရေးကောင်းတဲ့ ဆရာတစ်ဦးပါပဲလားပေါ့။ ဒါတင် ဘယ်ကဦးမလဲ နာမည်ကျော် “ထန်းရွက်ပုတီး” သီချင်းကိုလဲ ဒီဆရာကြီးပဲ ရေးသွားခဲ့တာ။ အဲဒီလို သိပြီးကတည်းက ရွာစားကြီး စိန်တင်ဟန်ကို စိတ်ဝင်စားသွားတယ်။

၂၀၁၄ ဖေဖော်ဝါရီလလောက်က စာအုပ် ထွက်ထွက်ချင်း ဝယ်ဖြစ်တယ်။ စိတ်ဝင်စားမိတာကိုနော့။ သူ့ဘဝအကြောင်းကို သူကိုယ်တိုင် မှတ်စုစာအုပ်လေးနဲ့ မှတ်တမ်းတင်ထားခဲ့တာ သိပ်မြတ်နိုးဖို့ကောင်းတယ်။ စာအုပ်က သူကွယ်လွန်ပြီး အတော်ကြီး ကြာမှ ထွက်လာခဲ့တာ။
ကျနော် ပြောရဲပါတယ်။ စာဖတ် ပရိသတ်တွေထဲက စာအုပ်ဆိုင်တွေကို မွှေနှောက်ပြီး ဘယ်စာအုပ် အသစ်ထွက်သလဲ ဆိုတာလိုက်ကြည့်နေတတ်တဲ့ သူတွေ ဒီတစ်ခါတော့ နောက်ကောက်ကျသွားပြီလို့။ ရွာစားစိန်တင်ဟန်ရဲ့ “ဆိုင်းသမား” စာအုပ်ကို တွေ့မိလိုက်ကြပါသလား။ အဲဒါ စာအုပ်လုပ်ပြီး ကျနော်က ကြွားပါတယ်။ 





စာအုပ်ယူရန် 

စာအုပ်ယူရန်