Showing posts with label ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်. Show all posts
Showing posts with label ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်. Show all posts

Wednesday, May 18, 2016

       ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်

 တစ်ထောင့်တစ်ည ပြောရသော ပသီပုံပြင်


   
          ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် - တစ်ထောင့်တစ်ည ပြောရသော ပသီပုံပြင် ဝတ္ထုကြီး
အာရေဘီရန်နိုက်လို့ ခေါ်တဲ့ တစ်ထောင့်တစ်ည ပုံပြင်ကို ဘာသာပြန်တဲ့အထဲမှာ ဦးဖိုးသာဇံ (ခေါ်) ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ရယ်၊ သခင်ဘသောင်းရယ်၊ ဆရာ ကျော်လှိုင်ဦးရယ် သုံးဦး ရှိတယ် မှတ်ပါတယ်။

           ဆရာကြီး သခင်ဘသောင်း ဘာသာပြန်တဲ့ တစ်ထောင့်တစ်ညကို ဖတ်ဖူးခဲ့တယ်။ ဘာသာပြန်လက်ရာ အလွန်ကောင်းတဲ့အတွက် မှတ်မှတ်ရရ ရှိဖူးတယ်။ ဆရာကျော်လှိုင်ဦး ဘာသာပြန်တဲ့ တစ်ထောင့်တစ်ညကတော့ စာအုပ်အရေအတွက် များတဲ့အတွက် ဖတ်ဖို့ မဝံ့ရဲသေးတာနဲ့ မဖတ်ဖူးသေး။ အခု ... ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် ဘာသာပြန်တဲ့ တစ်ထောင့်တစ်ညကိုတော့ စာစီ စာရိုက်ပေးသူ မသန်းသန်းနိုင် ကျေးဇူးကြောင့် ပီဒီအက် လုပ်ရင်း ဖတ်ရပါပြီ။ ဘယ်လို ကွာခြားသလဲဆိုရင် ...

             ဆရာကြီးသခင်ဘသောင်း ဘာသာပြန်တုန်းက ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင်အနေနဲ့ ဘာသာပြန်ခဲ့ပါတယ်။ အခု ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်လဲပဲ ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင်အနေနဲ့ ဘာသာပြန်ပါတယ်။ ပုံပြင်တွေ မတူကြပါဘူး။ ဘယ်သူက ပိုပြီး စောသလဲ ရှေးကျသလဲဆိုရင် ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်က ပိုပြီး ရှေးကျပါတယ်။ ဒီ ဆရာကြီးဟာ ရှေးခေတ်ဦး ရုပ်ရှင်မင်းသားကြီး ဒဂုဏ်ပ ဦးဘတင်ရဲ့ ဖခင်ကြီး ဖြစ်သလို၊ ပညာရှင်ကြီး တစ်ဦးလဲ ဖြစ်ပါတယ်။

               သေသပ်ချောမောတဲ့ ဘာသာပြန်ချက်တွေ၊ ယဉ်ကျေးသိမ်မွေ့တဲ့ ထီးဟန်နန်းဟန် အသုံးအနှုန်းတွေ၊ အာရေဘီရန်နိုက်ကို ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာပြည်သားတွေ လက်ထဲ ဘယ်လို ထည့်ပေးသလဲဆိုတာ ဒီစာအုပ်ကို ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။ ဆရာကြီး ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ကို လက်ဖျားခါပါတယ် တစ်ချက် တစ်ချက် ဘာသာပြန်ရင်း မထင်ရင် မထင်သလို ပါဠိတွေတောင် ရွတ်လိုက်ဖတ်လိုက်သေး။