Showing posts with label ​ရွှေဥ​ဒေါင်း. Show all posts
Showing posts with label ​ရွှေဥ​ဒေါင်း. Show all posts

Monday, March 14, 2016

ရွှေဥဒေါင်း - ​မျှော်​တလင့်​လင့်



 အနောက်နိုင်ငံတွေမှာ ဂန္ထဝင်မြောက် ဝတ္ထုရှည်ကြီးတွေကို အကျဉ်း ရီတိုးအနေနဲ့ ပြန်ထုတ်ထားတဲ့ စာအုပ်တွေလဲ ရှိတယ်။ Charles Dickens ရဲ့ Great Expectations ဂန္ထဝင် ဝတ္ထုရှည်ကြီးကို အကျဉ်းချုပ်ပြီး ရီတိုးလုပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ဆရာကြီးရွှေဥဒေါင်းက “မျှော်တလင့်လင့်” ဆိုပြီး ဘာသာပြန်ခဲ့တယ်။ သိတဲ့အတိုင်းပါပဲ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘာသာပြန်လက်ရာဟာ အင်မတန်ချောမွေ့သေသပ်လွန်းတော့ အဲဒီခေတ် အဲဒီအခါက ရီတိုးစာအုပ်တစ်အုပ်မှန်း မသိသာခဲ့ဘူး။ နောက်ပိုင်း ဆရာမောင်ထွန်းသူ အပြည်အစုံ ဘာသာပြန်တော့မှ ဆရာကြီးရွှေဥဒေါင်းရဲ့ စာအုပ်က ရီတိုးမှန်း သိခဲ့ရတယ်။ ဒီစာအုပ်နဲ့ပဲ ၁၉၅၀ ခုနှစ်မှာ စာပေဗိမာန် ဘာသာပြန်ဆုကို ဆရာကြီးရွှေဥဒေါင်း ရခဲ့ပါတယ်။   ဒီစာအုပ်ကို ဘာသာပြန်ရခြင်း ရည်ရွယ်ချက်ကို ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းမှာ ဖေါ်ပြထားဖူးတယ်။ မြန်မာ စာဖတ်ပရိသတ်တွေအနေနဲ့ စာအုပ်ထဲက ပန်းပဲသမားကြီးကို တကယ့် ဟီးရိုးကြီးတစ်ယောက်လို ပုံဖေါ်ခံစားလို့ရရင် ဆရာကြီးရဲ့ ဆန္ဒပြည့်ဝပါပြီ။  
စာအုပ်​ယူရန်