Friday, January 24, 2014

တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ (ပထမအုပ်) 
မြသန်းတင့် 




ဦးညိုမြရဲ့ “ကုန်းဘောင်ရှာပုံတော်” စာအုပ် သိပ်ကောင်းတာပဲလို့ ကျနော်က ပြောတဲ့အခါ စာအတော်နှံ့တဲ့ အစ်ကို တစ်ဦးက ဘယ်လိုပြန်ပြောလိုက်သလဲဆိုရင် ....။

ဆရာမြသန်းတင့်ရဲ့ “တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့” စာအုပ်ကို မဖတ်ဖူးလို့ ဒီစကားပြောတာတဲ့။ ကုန်းဘောင်ရှာပုံတော်ထက် ပိုကောင်းတယ်၊ ပိုပြီးအနုစိတ်တယ်၊ ပိုပြီး ပြည့်စုံတယ်ပေါ့။ ဒီစကား ကြားတော့ တောင်သမန်စာအုပ်ကို သိပ်ဖတ်ချင်ခဲ့တယ်။

ဖတ်ချင်ပါတယ် ဆိုကာမှ စာအုပ်က လွယ်လွယ်ကို ရှာမရဘူး။ ကိုယ်နဲ့ နီးစပ်တဲ့ စာကြမ်းပိုးတွေ စာအုပ်စုတာ ဝါသနာပါသူတွေဆီလဲ မေးဖူးတယ်။ ဆိုင်တွေမှာလဲ လိုက်ရှာပြီး ဝယ်ဖူးတယ်။ စာဖတ်ဝါသနာပါတဲ့ ညီအစ်ကိုတွေနဲ့ စုပြီးရှာဖူးတယ်။ ခြေတွေလဲ တိုခဲ့ပေါ့ဗျာ။ ဘယ်လိုမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ တောင်သမန်စာအုပ်ကို အွန်လိုင်းပေါ်လဲ မတင်နိုင်၊ ကျနော်လဲ မဖတ်နိုင်နဲ့ အချိန်တွေ ကြာနေခဲ့ရတယ်။

အခု ကျနော့်ဆန္ဒပြည့်ပါပြီ။ ဒီစာအုပ်စင်လေးကို အကြောင်းပြုပြီး ခင်မင်ခွင့်ရခဲ့တဲ့ အစ်ကိုတစ်ဦးက သူ့ဆီမှာ တောင်သမန်စာအုပ်လဲ ရှိတယ် အခြားအခြား အွန်လိုင်းပေါ်မှာ မမြင်ရသေးတဲ့ စာအုပ်တွေလဲ ရှိတယ်။ လာယူပါဆိုတာနဲ့ ကျနော်လဲ စာအုပ်တွေ တပွေ့တပိုက်ကြီး မ,လာခဲ့ပါတယ်ဗျာ။ ရှေ့ဆက်ပြီး စာအုပ်ကောင်းတွေ မျှဝေပါဦးမယ်ခင်ဗျာ။ စာပေချစ်မြတ်နိုးသူများ ပျော်ရွှင်ချမ်းမြေ့ပါစေ ...။

0 comments:

Post a Comment