Showing posts with label ညီစေစာအုပ်. Show all posts
Showing posts with label ညီစေစာအုပ်. Show all posts

Monday, January 12, 2015

ရန်ကုန်ဘဆွေ - နန်းဟာဗီး

ဒီတစ်ခါ ကျီစားတာ မဟုတ်ပါဘူး။ တကယ်ပေးတာပါ ခင်ဗျာ။ 



Massage မှာ ဆရာကြီး ရန်ကုန်ဘဆွေရဲ့ နန်းဟာဗီး စာအုပ်ကို တောင်းနေကြတာ ၄ ဦး ၅ ဦးလောက် ရှိပါပြီ။ အဲဒီ စာအုပ်ကိစ္စ ပြောချင်လာပါတယ်။

နန်းဟာဗီး စာအုပ်ကို ဒီပေ့ခ်ျမှာတင်မကဘူး ကျနော့် fri တွေထဲကလဲ စာအုပ်လုပ်ပေးဖို့ တောင်းဆိုကြတယ်။ စာအုပ်က ကျနော့် လက်ထဲမှာ မရှိတာကြောင့် စာအုပ်လုပ်ပေးဖို့ စိတ်မကူးခဲ့ပါဘူး။ တလောက ကျနော့် မိတ်ဆွေတစ်ဦး စမ်းချောင်းစာအုပ်အငှားဆိုင် တစ်ဆိုင်ကနေ ငှားဖတ်တယ် ဆိုတာ သတင်းရတာနဲ့ အဲဒီ မိတ်ဆွေကို စာအုပ် အငှားခိုင်းလိုက်ပါတယ်။ သဘောက ၃ ရက် ၄ ရက်လောက် ငှားပြီး စကင်ဖတ်မယ်။ ပြီးတော့ စာအုပ်လုပ်ပေးမယ်ပေါ့။ ဒါမယ့် စာအုပ်က အငှားဆိုင်တို့ရဲ့ ထုံးစံအတိုင်း ကြိုးနဲ့ ဖောက်ချုပ်ထားတော့ စာအုပ်အတွင်းသားထဲက စာတွေဟာ ချုပ်တဲ့အထဲ ပါနေတယ်။ စကင်ဖတ်လို့ ဘယ်လိုမှ မရပါဘူး။ ကြိုးကို ဖြုတ်လိုက်ရင်တော့ ရနိုင်ပါတယ်။ အငှားဆိုင်က စာအုပ်မို့ ကျနော် ကြိုးမဖြုတ်ရဲဘူး။ ဒါနဲ့ လက်လျော့လိုက်ရပြန်တယ်။ ကံဆိုးတာပေါ့ဗျာ။ နင်မို့သာဆိုရင် စာအုပ်ကာဗာကြည့်ပြီး သွားရည်တမြားမြား ကျနေရတဲ့ စာအုပ်တစ်အုပ်ကို စာအုပ်လုပ်ပေးခွင့် ရခဲ့မှာ။

အမှန်တော့ စာအုပ်က ခင်ညားတို့ ထင်သလို အပြာစာအုပ် မဟုတ်ပါဘူး ခင်ဗျာ။