Showing posts with label ရဲမြင့်လွင်. Show all posts
Showing posts with label ရဲမြင့်လွင်. Show all posts

Friday, January 24, 2014

ဘော့ကျန်
ရဲမြင့်လွင်




လုံးဝ မထင်မှတ်ထားပဲ ဖတ်လို့ သိပ်ကောင်းတဲ့ စာအုပ်လေး တစ်အုပ်ပါ။ စာအုပ်ရဲ့ အရည်အသွေးကတော့ တတိယအကြိမ်အထိ ပုံနှိပ်ရတာကို ကြည့်သောအားဖြင့် မခေဘူးဆိုတာ သိနိုင်ပါလိမ့်မယ်။

ခေါင်းမာပြီး ထင်ရာလုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်၊ ဟန်ဆောင်မှု ကင်းမဲ့တဲ့ လူငယ်လေးတစ်ယောက်ကို နားလည်မှု မပေးနိုင်တော့ ...။ မိဘကလဲ သူ့ကို အကောင်းမမြင် ပတ်ဝန်းကျင်ကလဲ လူဆိုးလေးလို့ ထင်။ အဲလို အထင်အမြင်တွေ ကြားထဲ သူ့ဘဝကို ကျော်ဖြတ်ရင်း ကျောင်းတွေတက် ဘွဲ့တွေ ရလာပြီးတဲ့နောက် ကျောင်းဆရာ ဖြစ်လာခဲ့တယ်။

သူ ကျောင်းဆရာ ဖြစ်လာတဲ့အခါ ကျောင်းသားတွေအပေါ် ဘယ်လိုများ ပြုမူ ဆက်ဆံသလဲ၊ မိမိနဲ့ တန်းတူ ကျောင်းဆရာတွေအပေါ် ဘယ်လို ဆက်ဆံသလဲ။ သူ့ ပတ်ဝန်းကျင်ကို ဘယ်လို ဆက်ဆံသလဲ။ သူ့ရဲ့ ဘဝကို ဘယ်လိုများ ရှုမြင်သွားသလဲ ...? မေးခွန်းပေါင်းများစွာ။

ဂျပန်စာရေးဆရာကြီး နာစုမဲ့ဆောဆဲကီးရဲ့ အအောင်မြင်ဆုံး စာအုပ်တစ်အုပ်ကို ဆရာရဲမြလွင်က စေတနာ ဗလပွနဲ့ ဘာသာပြန်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ ဘော့ကျန် စာအုပ် လူသိထင်ရှား ရှိသလား မရှိသလား မသိရသော်လဲ ဂျပန်ပြည်မှာတော့ ဒီစာအုပ်ဟာ လူငယ် လူကြီး အတန်းစားမရွေး ဖတ်ခဲ့တဲ့ စာအုပ် တစ်အုပ်အဖြစ် ထင်ရှားကျော်ကြားပါတယ်။ ပြဇာတ်အဖြစ်နဲ့ ကပြခဲ့ရသလို ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးခံခဲ့ရတဲ့ ဝတ္ထုပါ။ ဖတ်ကြည့်ရင် အရှုံးမရှိနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း ညွှန်းလိုက်ရပါတယ် ခင်ဗျာ။