Showing posts with label ညီစေ. Show all posts
Showing posts with label ညီစေ. Show all posts
Monday, January 12, 2015
Massage မှာ ဆရာကြီး ရန်ကုန်ဘဆွေရဲ့ နန်းဟာဗီး စာအုပ်ကို တောင်းနေကြတာ ၄ ဦး ၅ ဦးလောက် ရှိပါပြီ။ အဲဒီ စာအုပ်ကိစ္စ ပြောချင်လာပါတယ်။
နန်းဟာဗီး စာအုပ်ကို ဒီပေ့ခ်ျမှာတင်မကဘူး ကျနော့် fri တွေထဲကလဲ စာအုပ်လုပ်ပေးဖို့ တောင်းဆိုကြတယ်။ စာအုပ်က ကျနော့် လက်ထဲမှာ မရှိတာကြောင့် စာအုပ်လုပ်ပေးဖို့ စိတ်မကူးခဲ့ပါဘူး။ တလောက ကျနော့် မိတ်ဆွေတစ်ဦး စမ်းချောင်းစာအုပ်အငှားဆိုင် တစ်ဆိုင်ကနေ ငှားဖတ်တယ် ဆိုတာ သတင်းရတာနဲ့ အဲဒီ မိတ်ဆွေကို စာအုပ် အငှားခိုင်းလိုက်ပါတယ်။ သဘောက ၃ ရက် ၄ ရက်လောက် ငှားပြီး စကင်ဖတ်မယ်။ ပြီးတော့ စာအုပ်လုပ်ပေးမယ်ပေါ့။ ဒါမယ့် စာအုပ်က အငှားဆိုင်တို့ရဲ့ ထုံးစံအတိုင်း ကြိုးနဲ့ ဖောက်ချုပ်ထားတော့ စာအုပ်အတွင်းသားထဲက စာတွေဟာ ချုပ်တဲ့အထဲ ပါနေတယ်။ စကင်ဖတ်လို့ ဘယ်လိုမှ မရပါဘူး။ ကြိုးကို ဖြုတ်လိုက်ရင်တော့ ရနိုင်ပါတယ်။ အငှားဆိုင်က စာအုပ်မို့ ကျနော် ကြိုးမဖြုတ်ရဲဘူး။ ဒါနဲ့ လက်လျော့လိုက်ရပြန်တယ်။ ကံဆိုးတာပေါ့ဗျာ။ နင်မို့သာဆိုရင် စာအုပ်ကာဗာကြည့်ပြီး သွားရည်တမြားမြား ကျနေရတဲ့ စာအုပ်တစ်အုပ်ကို စာအုပ်လုပ်ပေးခွင့် ရခဲ့မှာ။
အမှန်တော့ စာအုပ်က ခင်ညားတို့ ထင်သလို အပြာစာအုပ် မဟုတ်ပါဘူး ခင်ဗျာ။
Friday, January 24, 2014
On 8:22 PM by Unknown in ညီစေ No comments
( ၁ )
အဲဒီနေ့က မိုးမရွာပါ။ ကောင်ကင်၌ နေမင်းသည် တင်းတင်းရင်းရင်း ပွင့်ဖူးနေပါသည်။
( ၂ )
အနုရာဓပုရမြို့ဟာင်း တစ်နေရာထိုင်ရင်း မဟာဗောဓိပင်ကို ကြည့်ရှုနေမိ၏။ လေအဝှေ့တွင် ညောင်ရွက်တို့ တဖျတ်ဖျတ် လွင့်လူးနေသည်။ ညောင်ရွက်တွေကြားမှာ နေရောင်က ဝင်းလိုက် လင်းလိုက်ဖြစ်နေသည်။ မဟာဗောဓိမှ အပြန်တွင် မဟာစေတီသို့ လှည့်ဝင်ဦးမည်ဟု တွေးရင်း နေပူကျဲကျဲတွင် လမ်းလျှောက်ကာ ဖိနပ်ချွတ်ခဲ့ရာ မုခ်ဦးသို့ ပြန်လာခဲ့သည်။ ဖိနပ်စီးနေရင်း မဟာဗောဓိပင်ဘက်သို့ ပြန်လည်လှည့်ကြည့်မိ၏။ ထိုစဉ် ဗောဓိပင် လှေကားစောင်းတန်းမှ အနောက်တိုင်းသား ရဟန်းတစ်ပါး ဆင်းလာသည်ကို အမှတ်မ ထင် တွေ့လိုက်မိသည်။
( ၃ )
ကိုယ့်အတွေးနဲ့ကိုယ် မဟာစေတီရှိရာသို့ လျှောက်လာခဲ့ရင်း .... ဖြူဖြူဖွေးဖွေး မဟာစေတီနှင့် ကောင်းကင် ပြာလဲ့လဲ့ .... စိတ်ထဲတွင်ကြည်လင်သွား သလို ခံစားမိသည်။ မဟာစေတီမုခ်ဦးမှာ ဖိနပ်ချွတ်ခဲ့ရင်း စေတီဝင်းထဲသို့ ဝင်လာခဲ့သည်။ မိမိနောက်မှ “ဘန္တေ” ဟု တိုးတိုးဖွဖွ လှမ်းခေါ်လိုက်သလို ကြားမိသည်။ လှည့်ကြည့်လိုက်တော့ သေချာပါသည်။ အနောက်တိုင်းသား ရဟန်းက မိမိကို ခေါ်နေခြင်းဖြစ်၏။ “ဘန္တေ” ဟု ပြန်ထူးရင်း အပြုံးနဲ့ လက်ဆွဲ နှုတ်ဆက်မိသည်။ သူက သူ့နာမည် “ရတန” ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံသားဖြစ်ကြောင်း မိတ်ဆက်သည်။ မိမိလည်း မိမိနာမည်ကို မိတ်ဆက်ပေးမိသည်။
အာရုံခံတန်ဆောင်း အပျက်တစ်ခုမှာ ထိုင်ရင်း မဟာစေတီကိုကြည့်ကာ နှစ်ဦးသား စကားပြောနေမိကြသည်။ အမဲရောင် ဆင်တွေက အပြာရောင် ကောင်းကင်ထဲတွင် လွင့်မျောနေသည့် ဖြူဖွေးဖွေး မဟာစေတီကြီးကို ထမ်းထားသည့်ဟန် စိတ်ထဲတွင်ကြွတက်လာ၏။ စိန်ဖူးတော်ကို အာရုံစိုက်ကြည့်ရင်း စိတ်ထဲတွင် ငြိမ်းချမ်းနေမိသည်။ ထို့နောက် အာရုံခံတန်ဆောင်းမှ ဆင်းကာ နှစ်ယောက်သား မဟာစေတီရင်ပြင်ဘက်သို့ ကူးလာကြရင်း .... ဘုရားပေါ်တွင် လက်အုပ်များ ချီ၍ ဂါထာမန္တာန်များ ရွတ်ဖတ်နေကြသော သူများကို တွေ့ကြရသည်။ မိမိလည်း ထိုသူများကို ကြည့်လိုက် မဟာစေတီကိုကြည့်လိုက်နဲ့ အခေါက်ခေါက် အခါခါ ဖြစ်နေမိသည်။
( ၄ )
ဘိက္ခု “ရတန” က မိမိကို လက်ဟန်ပြ၍ မဟာစေတီကြီး၏ မြောက်ဘက်သို့ ခြေဦးတည့်သွားသည်။ မိမိလည်း သူ့နောက်သို့ တဖြေးဖြေးလိုက်လာခဲ့ရင်း .... မိမိ၏ နားထဲတွင် ရွတ်ဖတ်သံများ၊ မျက်စိထဲမှာ လှုပ်ရွနေသော နှုတ်ခမ်းများ ကြားလိုက်မြင်လိုက် ပလုံစီနေသည်။ သူက စေတီကြီး၏ ဖြူဖွေးဖွေး အဝန်းအဝိုင်းကြီးကို စိုက်ကြည့်နေသည်။ မိမိလည်း သူကြည့်ရာသို့ ရပ်၍ ကြည့်နေခဲ့သည်။ သူက စကားစတင်ဆိုလိုက်၏။ မိမိကား အပြာရောင်နောက်ခံထဲက ဖြူဖွေးဖွေး မဟာစေတီကြီးကို ငေးလျက် နားစွင့်နေသည်။
( ၅ )
စေတီဆိုတဲ့စကား “သင်္ချိုင်း” ဆိုပြီးတော့လည်း အနက်ထွက်သေးတယ်။ အနုရာဓပုရမှာရှိတဲ့ စေတီတွေဟာ ဂေါတမဗုဒ္ဓရဲ့ သွားတော်၊ ဆံတော်၊ ဓာတ်တော်တို့ အမြတ်တနိုးထားသိုရာ သင်္ချိုင်းများဖြစ်ကြောင်း၊ အီဂျစ်မှာရှိတဲ့ ပိရမစ်များဟာလည်း သင်္ချိုင်းတွေဖြစ်ကြောင်း သူပြောနေသည်။ သူက စကားပြောရင်း ကောင်းကင်ပြင်ထဲတွင် တောင်ဘက်သို့ပျံသွားသော ငှက်တစ်အုပ်နှင့် မြောက်အရပ်သို့ ပြန်သွားသော ငှက်တစ်အုပ်ကို ကြည့်နေရင်း .... ရည်ရွယ်ရာ ပန်းတိုင်ကတော့ မတူကြဘူးပေါ့ဟု စကားဆက်သည်။ အဲဒီ ပိရမစ် သင်္ချိုင်းကြီးတွေဟာ အီဂျစ်ဘုရင် ဖာရိုများ(Pharaohs) နဲ့ သူတို့ရဲ့အဆောင်အယောင် ပစ္စည်းတွေ မြှုပ်နှံရာအဆောင်အအုံကြီးေ တွ ဖြစ်ကြတယ်။ စေတီမှာ ထားသို မြှုပ်နှံခြင်းနဲ့ ပိရမစ်မှာ ထားသို့မြှုပ်နှံခြင်းတို့ မတူပုံ ၊ ထားသိုခြင်းရည်ရွယ်ချက်မတူပုံ၊
မြှုပ်နှံထားသိုရင်း အဆောက်အအုံ တည်ဆောက်ခြင်း ရည်ရွယ်ချက်ခြင်း
မတူပုံတို့ကို သူပြောနေသည်။ အနုရာဓပုရမြို့ရှိ စေတီတို့ နောက်ကွယ်မှ
လူ့ဘဝအမြင် လောကအမြင်နဲ့ ပိရမစ်တို့နောက်ကွယ်မှ လူ့ဘဝအမြင် လောကအမြင်တွေကို
သူနှိုင်းယှဉ်ပြနေသည်။
အီဂျစ်တို့၏ ပိရမစ်များနောက်ကွယ်၌ “လူသေလျှင် လူပြန်၍ ဖြစ်သည်” ဟု ယုံကြည်ချက်ရှိကြသည်။ သို့သော် သေသူရဲ့ အလောင်းဟာ ပျက်စီးပုပ်ဆွေးခြင်း မရှိစေရ။ ဒါကြောင့် မပျက်စီးအောင် မံမီ (Mummy) ပြုလုပ်ပြီး ဆေးစီရင်ကြတယ်။ အရင်ဘဝဟောင်းက အဆောင်အယောင်တွေကို လူပြန်ဖြစ်တဲ့အခါ ပြန်လည် ရရှိဖို့အတွက် အလောင်းမြှုပ်နှံရာမှာ တပါတည်းထည့်သွင်းလိုက်ကြတယ် ”
ဟုဆိုကာ အသက်ကိုပြင်းပြင်းရှူရင်း စကားခဏရပ်လိုက်၏။ အဲဒီနောက်
မဟာစေတီကြီးကို တစ်ချက်ကြည့်ရင်း သူက “စေတီတွေရဲ့ နောက်ကွယ်မှာ အတ္တာဟိ
အတ္တနော နာထော - ကိုယ့်ကိုယ်ကို ကိုးကွယ်ရာ ဝါဒရှိတယ်။ ဒီနေရာမှာ လူသားရဲ့
ကောင်းမြတ်တဲ့ စေတနာ၊ ဉာဏ်ပညာ၊ ဝိရိယစွမ်းအားတွေကို အားကိုးခြင်းကို
ဆိုလိုတယ်။”
စေတီပေါ်တွင် လှူဒါန်းထားသောကြာပန်းများကို
လုစားနေတဲ့ မျောက်တစ်အုပ်ကိုကြည့်ရင်း လှည့်လည်ရွတ်ဖတ်နေသော လူအုပ်ကြီးကို
တွေ့မိသည်။ ဘိက္ခု ရတန က ရွတ်ဖတ်နေသူတွေရဲ့ နှုတ်ခမ်းဖျားတွေကိုကြည့်ရင်း
.... “ ဂေါတမ ဗုဒ္ဓဟာ ဘဝလွတ်မြောက်ဖို့ အတွက် ရွတ်ဖတ်ခြင်းကို
ပြုလုပ်ခဲ့သလား” ကောက်ခါငင်ကာ မေးလိုက်သည်။ မိမိမကြားသလို
မိမိခြေဖျားတွေကို ငုံ့ကြည့်နေမိသည်။ အတွေးတွေက ကျမ်းစာအုပ်များကို
လှမ်လှောနေခဲ့သည်။ အဖြေပေးဖို့အတွက် သတိရတစ်ချက် မရတစ်ချက်။ သူက
ဗုဒ္ဓဘာသာဝင်တွေဟာ လမ်းစဉ်ကောင်းတစ်ခုကို ချဉ်းကပ်မိကြပါတယ်။ ဒါပေမယ့်
လမ်းပေါ်ကနေ မသွားသလိုပဲဟု သူရေရွတ်နေသည်။
ဗုဒ္ဓတရားတော်တွေဟာ ပါဠိ၊ သက္ကတ၊ တိဗက်၊ တရုတ်၊ သီဟိုဠ်၊ ထိုင်း စသည်အားဖြင့် ဘာသာစကား အမျိုးမျိုးနဲ့ ရှိကြတယ်။ တချို့ ဗုဒ္ဓဘာသာဝင်တွေက ပြောဆိုကြတယ်။ ဒီလိုရွတ်ဖတ်ခြင်းဟာ ကုသိုလ်ဖြစ်တယ်။ စိတ်စွမ်းအားတွေကို ဖြစ်စေတယ်။ လာဘ်လာဘတွေ ပေါများစေတယ်တဲ့။ ဘဝလွတ်မြောက်မှုကို ချဉ်းကပ်ခဲ့တဲ့ ဗုဒ္ဓအဖြစ်ကို သတိမရခဲ့လေသလား။ မေးခွန်းက သူ့ကိုမေးနေတာလား မိမိကိုမေးနေတာလား မဝေခွဲနိုင်ဖြစ်နေသည်။ နောက် သူက တချို့လူတွေဟာ သူတို့ရွတ်နေတဲ့ ကျမ်းဂန်စားသာတွေရဲ့ အဓိပ္ပာယ်ကို နားမလည်ရင် နေပစေ၊ အဲဒီစာသားတွေကို ရွတ်နေရင် ကုသိုလ်ရမယ်လို့ ထင်မှတ်နေကြတယ်။ အဓိပ္ပာယ်မသိဘဲ ရွတ်ဖတ်နေတဲ့ ကျမ်းဂန်စာသားတွေထဲမှာ magical power တွေ ရှိနေမယ်လို့ သူတို့ ထင်ကြတယ်။ သူတို့ ဘဝမှာ ကျင့်သုံးလက်ခံ လိုက်နာရမယ့် ဗုဒ္ဓရဲ့ အကြံပြုချက်နဲ့ နည်းစနစ်တွေကို မကျင့်ဆောင်ကြပဲ ဘာဖြစ်လို့များရွတ်ဖတ်နေကြသ လဲ။
လုပ်ငန်းစဉ် သဘောကို နားလည်ခြင်းနဲ့ လုပ်ငန်းခွင်မှာ တိတိကျကျ
လုပ်ဆောင်တတ်ဖို့က အဓိက မကျလို့လား။ သူက မေးခွန်းတွေနဲ့ စကားတွေကို
မရပ်မနား ပြောနေသည်။ ပြီးတော့ သူက ဥပမာတစ်ခု ဆိုလေသည် ကျုပ်တို့
နားမလည်နိုင်တဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ ဟင်းချက်နည်း လမ်းညွှန်စာအုပ်ထဲက
စာသားတွေကို ပါတဲ့အတိုင်း ရွတ်ဖတ်နေရုံနဲ့ ဟင်းကောင်းတစ်ခွက်ဟာ အလိုလို
ဖြစ်မလာနိုင်သလိုပေါ့၊ အဓိပ္ပာယ်ကို နားလည်တယ်ထားဦး ကိုယ်တိုင်
ဟင်းချက်စရာတွေကို မပြင်မဆင် မချက်မပြုတ်ပဲနဲ့တော့ နားလည်မှုဟာ နားလည်မှု
အဆင့်ပဲ ရှိနေမှာပဲဟု သူက ဗုဒ္ဓရင်ဘတ်တွင် ပွင့်ဖူးခဲ့သော ကြာပွင့်ကို
လက်ညှိုး ညွှန်ပြသလို အတိအလင်းပြောဆိုနေသည်။
သူက ခြေချောင်းတွေကို ငုံ့ကြည့်ရင်း ဗုဒ္ဓဟာ ဓမ္မဖိနပ်ကို စီးပြီး အခက်အခဲဆုံး လမ်းကို လျှောက်လှမ်းခဲ့တယ်။ တကယ်ဆိုရင် ကျုပ်တို့တတွေဟာ ဗုဒ္ဓစီးခဲ့တဲ့ ဓမ္မဖိနပ်ကိုစီး၊ ဗုဒ္ဓလျှောက်ခဲ့တဲ့ လမ်းကို လျှောက်၊ ဗုဒ္ဓရောက်ခဲ့ပြီးဖြစ်တဲ့ ပန်းတိုင်ကို အရောက်သွားရမှာ မဟုတ်ပေဘူးလား။ ဒါပေမယ့် တချို့လူတွေဟာ ဗုဒ္ဓစီးခဲ့တဲ့ ဖိနပ်၊ ဗုဒ္ဓလျှောက်ခဲ့တဲ့ လမ်း၊ ဗုဒ္ဓရောက်ခဲ့တဲ့ ပန်းတိုင်အကြောင်းရေးထားတဲ့
ကျမ်းဂန်တွေကို ရွတ်ဖတ်နေရုံအဆင့်သာ ရှိကြသေးတယ်။ သူ့ စကားသံတွေထဲမှာ
ကရုဏာမိုးတွေ စွေနေသလိုပါပဲ။ ရွတ်ဖတ်နေသူတွေကတော့ ရွတ်ဖတ်တုံးပါပဲ။
မရွတ်ဖတ်ပဲ နားလည်အောင် လုပ်ပြီး လမ်းဆုံးအောင် လျှောက်သွားတဲ့လူတွေလဲ
ရှိနေဦးမှာပါ။ သူ့စကားတွေကို မှတ်သားရင်း သစ်ပင်ကိုင်းဖျားမှာ
ငြိမ်သက်စွာအနားယူနေတဲ့ ငှက်အုပ်ကြီးကို သတိပြုမိသည်။
နေစောင်းခဲ့ပြီ ... သူက ကန္ဒီဘက်ကို ပြန်ရဦးမည်ဆိုကာ နှုတ်ဆက်ထွက်ခွါသွားသည်။ မိမိလည်း ကြာကန်ဘက်ထွက်လာခဲ့သည်။ ကန်ဘောင်လမ်းလေးပေါ်တွင် လမ်းလျှောက်ရင်း မိမိရဲ့ ဖိနပ်နဲ့ လမ်းကလေးအကြောင်း တွေးနေမိသည်။ ထိုညက အနုရာဓပုရ မြန်မာကျောင်းတွင် အတွေးများနဲ့ ညဥ့်နက်ကာ မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။ မနက် မိုးလင်းတော့ နေရောင်ခြည်က မိမိကို ပုတ်နှိုးလိုက်လေတော့သည်။ ။
.......................... .......................... ...
— with Naing Aung Kyaw.အဲဒီနေ့က မိုးမရွာပါ။ ကောင်ကင်၌ နေမင်းသည် တင်းတင်းရင်းရင်း ပွင့်ဖူးနေပါသည်။
( ၂ )
အနုရာဓပုရမြို့ဟာင်း တစ်နေရာထိုင်ရင်း မဟာဗောဓိပင်ကို ကြည့်ရှုနေမိ၏။ လေအဝှေ့တွင် ညောင်ရွက်တို့ တဖျတ်ဖျတ် လွင့်လူးနေသည်။ ညောင်ရွက်တွေကြားမှာ နေရောင်က ဝင်းလိုက် လင်းလိုက်ဖြစ်နေသည်။ မဟာဗောဓိမှ အပြန်တွင် မဟာစေတီသို့ လှည့်ဝင်ဦးမည်ဟု တွေးရင်း နေပူကျဲကျဲတွင် လမ်းလျှောက်ကာ ဖိနပ်ချွတ်ခဲ့ရာ မုခ်ဦးသို့ ပြန်လာခဲ့သည်။ ဖိနပ်စီးနေရင်း မဟာဗောဓိပင်ဘက်သို့ ပြန်လည်လှည့်ကြည့်မိ၏။ ထိုစဉ် ဗောဓိပင် လှေကားစောင်းတန်းမှ အနောက်တိုင်းသား ရဟန်းတစ်ပါး ဆင်းလာသည်ကို အမှတ်မ ထင် တွေ့လိုက်မိသည်။
( ၃ )
ကိုယ့်အတွေးနဲ့ကိုယ် မဟာစေတီရှိရာသို့ လျှောက်လာခဲ့ရင်း .... ဖြူဖြူဖွေးဖွေး မဟာစေတီနှင့် ကောင်းကင် ပြာလဲ့လဲ့ .... စိတ်ထဲတွင်ကြည်လင်သွား သလို ခံစားမိသည်။ မဟာစေတီမုခ်ဦးမှာ ဖိနပ်ချွတ်ခဲ့ရင်း စေတီဝင်းထဲသို့ ဝင်လာခဲ့သည်။ မိမိနောက်မှ “ဘန္တေ” ဟု တိုးတိုးဖွဖွ လှမ်းခေါ်လိုက်သလို ကြားမိသည်။ လှည့်ကြည့်လိုက်တော့ သေချာပါသည်။ အနောက်တိုင်းသား ရဟန်းက မိမိကို ခေါ်နေခြင်းဖြစ်၏။ “ဘန္တေ” ဟု ပြန်ထူးရင်း အပြုံးနဲ့ လက်ဆွဲ နှုတ်ဆက်မိသည်။ သူက သူ့နာမည် “ရတန” ဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံသားဖြစ်ကြောင်း မိတ်ဆက်သည်။ မိမိလည်း မိမိနာမည်ကို မိတ်ဆက်ပေးမိသည်။
အာရုံခံတန်ဆောင်း အပျက်တစ်ခုမှာ ထိုင်ရင်း မဟာစေတီကိုကြည့်ကာ နှစ်ဦးသား စကားပြောနေမိကြသည်။ အမဲရောင် ဆင်တွေက အပြာရောင် ကောင်းကင်ထဲတွင် လွင့်မျောနေသည့် ဖြူဖွေးဖွေး မဟာစေတီကြီးကို ထမ်းထားသည့်ဟန် စိတ်ထဲတွင်ကြွတက်လာ၏။ စိန်ဖူးတော်ကို အာရုံစိုက်ကြည့်ရင်း စိတ်ထဲတွင် ငြိမ်းချမ်းနေမိသည်။ ထို့နောက် အာရုံခံတန်ဆောင်းမှ ဆင်းကာ နှစ်ယောက်သား မဟာစေတီရင်ပြင်ဘက်သို့ ကူးလာကြရင်း .... ဘုရားပေါ်တွင် လက်အုပ်များ ချီ၍ ဂါထာမန္တာန်များ ရွတ်ဖတ်နေကြသော သူများကို တွေ့ကြရသည်။ မိမိလည်း ထိုသူများကို ကြည့်လိုက် မဟာစေတီကိုကြည့်လိုက်နဲ့ အခေါက်ခေါက် အခါခါ ဖြစ်နေမိသည်။
( ၄ )
ဘိက္ခု “ရတန” က မိမိကို လက်ဟန်ပြ၍ မဟာစေတီကြီး၏ မြောက်ဘက်သို့ ခြေဦးတည့်သွားသည်။ မိမိလည်း သူ့နောက်သို့ တဖြေးဖြေးလိုက်လာခဲ့ရင်း .... မိမိ၏ နားထဲတွင် ရွတ်ဖတ်သံများ၊ မျက်စိထဲမှာ လှုပ်ရွနေသော နှုတ်ခမ်းများ ကြားလိုက်မြင်လိုက် ပလုံစီနေသည်။ သူက စေတီကြီး၏ ဖြူဖွေးဖွေး အဝန်းအဝိုင်းကြီးကို စိုက်ကြည့်နေသည်။ မိမိလည်း သူကြည့်ရာသို့ ရပ်၍ ကြည့်နေခဲ့သည်။ သူက စကားစတင်ဆိုလိုက်၏။ မိမိကား အပြာရောင်နောက်ခံထဲက ဖြူဖွေးဖွေး မဟာစေတီကြီးကို ငေးလျက် နားစွင့်နေသည်။
( ၅ )
စေတီဆိုတဲ့စကား “သင်္ချိုင်း” ဆိုပြီးတော့လည်း အနက်ထွက်သေးတယ်။ အနုရာဓပုရမှာရှိတဲ့ စေတီတွေဟာ ဂေါတမဗုဒ္ဓရဲ့ သွားတော်၊ ဆံတော်၊ ဓာတ်တော်တို့ အမြတ်တနိုးထားသိုရာ သင်္ချိုင်းများဖြစ်ကြောင်း၊ အီဂျစ်မှာရှိတဲ့ ပိရမစ်များဟာလည်း သင်္ချိုင်းတွေဖြစ်ကြောင်း သူပြောနေသည်။ သူက စကားပြောရင်း ကောင်းကင်ပြင်ထဲတွင် တောင်ဘက်သို့ပျံသွားသော ငှက်တစ်အုပ်နှင့် မြောက်အရပ်သို့ ပြန်သွားသော ငှက်တစ်အုပ်ကို ကြည့်နေရင်း .... ရည်ရွယ်ရာ ပန်းတိုင်ကတော့ မတူကြဘူးပေါ့ဟု စကားဆက်သည်။ အဲဒီ ပိရမစ် သင်္ချိုင်းကြီးတွေဟာ အီဂျစ်ဘုရင် ဖာရိုများ(Pharaohs) နဲ့ သူတို့ရဲ့အဆောင်အယောင် ပစ္စည်းတွေ မြှုပ်နှံရာအဆောင်အအုံကြီးေ
အီဂျစ်တို့၏ ပိရမစ်များနောက်ကွယ်၌ “လူသေလျှင် လူပြန်၍ ဖြစ်သည်” ဟု ယုံကြည်ချက်ရှိကြသည်။ သို့သော် သေသူရဲ့ အလောင်းဟာ ပျက်စီးပုပ်ဆွေးခြင်း မရှိစေရ။ ဒါကြောင့် မပျက်စီးအောင် မံမီ (Mummy) ပြုလုပ်ပြီး ဆေးစီရင်ကြတယ်။ အရင်ဘဝဟောင်းက အဆောင်အယောင်တွေကို လူပြန်ဖြစ်တဲ့အခါ ပြန်လည် ရရှိဖို့အတွက် အလောင်းမြှုပ်နှံရာမှာ တပါတည်းထည့်သွင်းလိုက်ကြတယ်
စေတီပေါ်တွင် လှူဒါန်းထားသောကြာပန်းများက
ဗုဒ္ဓတရားတော်တွေဟာ ပါဠိ၊ သက္ကတ၊ တိဗက်၊ တရုတ်၊ သီဟိုဠ်၊ ထိုင်း စသည်အားဖြင့် ဘာသာစကား အမျိုးမျိုးနဲ့ ရှိကြတယ်။ တချို့ ဗုဒ္ဓဘာသာဝင်တွေက ပြောဆိုကြတယ်။ ဒီလိုရွတ်ဖတ်ခြင်းဟာ ကုသိုလ်ဖြစ်တယ်။ စိတ်စွမ်းအားတွေကို ဖြစ်စေတယ်။ လာဘ်လာဘတွေ ပေါများစေတယ်တဲ့။ ဘဝလွတ်မြောက်မှုကို ချဉ်းကပ်ခဲ့တဲ့ ဗုဒ္ဓအဖြစ်ကို သတိမရခဲ့လေသလား။ မေးခွန်းက သူ့ကိုမေးနေတာလား မိမိကိုမေးနေတာလား မဝေခွဲနိုင်ဖြစ်နေသည်။ နောက် သူက တချို့လူတွေဟာ သူတို့ရွတ်နေတဲ့ ကျမ်းဂန်စားသာတွေရဲ့ အဓိပ္ပာယ်ကို နားမလည်ရင် နေပစေ၊ အဲဒီစာသားတွေကို ရွတ်နေရင် ကုသိုလ်ရမယ်လို့ ထင်မှတ်နေကြတယ်။ အဓိပ္ပာယ်မသိဘဲ ရွတ်ဖတ်နေတဲ့ ကျမ်းဂန်စာသားတွေထဲမှာ magical power တွေ ရှိနေမယ်လို့ သူတို့ ထင်ကြတယ်။ သူတို့ ဘဝမှာ ကျင့်သုံးလက်ခံ လိုက်နာရမယ့် ဗုဒ္ဓရဲ့ အကြံပြုချက်နဲ့ နည်းစနစ်တွေကို မကျင့်ဆောင်ကြပဲ ဘာဖြစ်လို့များရွတ်ဖတ်နေကြသ
သူက ခြေချောင်းတွေကို ငုံ့ကြည့်ရင်း ဗုဒ္ဓဟာ ဓမ္မဖိနပ်ကို စီးပြီး အခက်အခဲဆုံး လမ်းကို လျှောက်လှမ်းခဲ့တယ်။ တကယ်ဆိုရင် ကျုပ်တို့တတွေဟာ ဗုဒ္ဓစီးခဲ့တဲ့ ဓမ္မဖိနပ်ကိုစီး၊ ဗုဒ္ဓလျှောက်ခဲ့တဲ့ လမ်းကို လျှောက်၊ ဗုဒ္ဓရောက်ခဲ့ပြီးဖြစ်တဲ့ ပန်းတိုင်ကို အရောက်သွားရမှာ မဟုတ်ပေဘူးလား။ ဒါပေမယ့် တချို့လူတွေဟာ ဗုဒ္ဓစီးခဲ့တဲ့ ဖိနပ်၊ ဗုဒ္ဓလျှောက်ခဲ့တဲ့ လမ်း၊ ဗုဒ္ဓရောက်ခဲ့တဲ့ ပန်းတိုင်အကြောင်းရေးထားတဲ့
နေစောင်းခဲ့ပြီ ... သူက ကန္ဒီဘက်ကို ပြန်ရဦးမည်ဆိုကာ နှုတ်ဆက်ထွက်ခွါသွားသည်။ မိမိလည်း ကြာကန်ဘက်ထွက်လာခဲ့သည်။ ကန်ဘောင်လမ်းလေးပေါ်တွင် လမ်းလျှောက်ရင်း မိမိရဲ့ ဖိနပ်နဲ့ လမ်းကလေးအကြောင်း တွေးနေမိသည်။ ထိုညက အနုရာဓပုရ မြန်မာကျောင်းတွင် အတွေးများနဲ့ ညဥ့်နက်ကာ မိုးလင်းခါနီးမှ အိပ်ပျော်သွားခဲ့သည်။ မနက် မိုးလင်းတော့ နေရောင်ခြည်က မိမိကို ပုတ်နှိုးလိုက်လေတော့သည်။ ။
..........................
Subscribe to:
Comments (Atom)
Search
အိမ်မှာ သင်ကြားပေးသည်။
ကွန်ပျူတာကို အခြေခံမှစ၍ အိမ်အရောက် စနစ်တကျ သင်ပေးပါသည်။
Popular Posts
Categories
- nyisayebookcreator (4)
- ကိုပိုက် (1)
- ကိုစောညိန်း (1)
- ခင်ဝမ်း (1)
- ချစ်စိန်လွင် (1)
- ချစ်ဦးညို (1)
- ဂျက်ကွမ်းခြံကုန်း (2)
- စစ်ကိုင်းဦးဘိုးသင်း (4)
- စံပယ်ဖြူနု (2)
- စုမြတ်ကို (1)
- ဆင်ဖြူကျွန်းအောင်သိန်း (2)
- ဆန်းထွန်း (1)
- ဆရာဦးသော်ဇင် (1)
- ဇဝန (1)
- ညိုမြ (1)
- ညီပုချေ (1)
- ညီစေ (3)
- ညီစေစာအုပ် (2)
- တက္ကသိုလ်ဘုန်းနိုင် (1)
- တင့်တယ် (1)
- တင်ထွန်း(တောင်ကုတ်) (1)
- တင်မောင်မြင့် (1)
- တရာမင်းဝေ (1)
- ဒဂုန်တာရာ (1)
- ဓူဝံ (1)
- နတ်နွယ် (5)
- နီကိုရဲ (1)
- ပန်းချီမောင်ငွေထွန်း (1)
- ပါရဂူ (6)
- ပါမောက္ခ ဦးဖေမောင်တင် (1)
- ကြယ်နီ (1)
- ဗန်းမော်တင်အောင် (6)
- ဘာသာပြန်စာအုပ်များ (4)
- မင်းရှင် (1)
- မင်းသုဝဏ် (1)
- မမိုးမြေ (1)
- မုရှခါဇုအော့ (1)
- မလေးလုံ (2)
- မြန်မာစာအုပ်များ (114)
- မြသန်းတင့် (8)
- ရန်ကုန်ဘဆွေ (3)
- ရွာစားစိန်တင်ဟန် (1)
- ရဲမြင့်လွင် (1)
- လင်းယုန်သစ်လွင် (3)
- လူထုဦးလှ (3)
- သခင်မြသန်း (1)
- သိန်းဖေမြင့် (1)
- အထောက်တော်လှအောင် (2)
- ဦးလှဒင် (1)
- ဦးဝင်းတင် (1)
- ဦးနု (1)
- ရွှေကိုင်းသား (1)
- ကောင်းဈာန်သိမ်း (1)
- ကျော်ဝင်း (1)
- ကျော်အောင် (1)
- ဇော်ဂျီ (2)
- ဇော်ဝင်းကို (1)
- ဒေါက်တာ Modd (1)
- ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် (1)
- ဒေါက်တာခင်မောင်ညွန့် (1)
- ဒေါက်တာသင်းသင်း (1)
- ဒေါက်တာသန်းထွန်း (1)
- ဒေါက်တာကျော်မြင့် (1)
- နေဝင်းမြင့် (1)
- မေတ္တာရှင် (ရွှေပြည်သာ) (1)
- မောင်ကိုကို (အမရပူရ) (1)
- မောင်ထွန်းသူ (2)
- မောင်မိုးသူ (1)
- မောင်ရှင်စော (1)
- မောင်သာချို (1)
- မောင်သာနိုး (2)
- မောင်သိန်းဆိုင် (1)
- ရွှေဥဒေါင်း (1)
- သော်တာဆွေ (2)
- ညွန့်ကြူး (မြန်မာပြန်) (1)
- နွယ်သစ် (1)
- နိုင်ဦး (1)
- နိုင်ဇော် (3)
စာအုပ်အညွှန်းများ
Powered by Blogger.