Showing posts with label ပန်းချီမောင်ငွေထွန်း. Show all posts
Showing posts with label ပန်းချီမောင်ငွေထွန်း. Show all posts

Thursday, March 20, 2014

ပန်းချီခရီးသည် 
ပန်းချီမောင်ငွေထွန်း




https://www.facebook.com/theim.soe.3 မှ စာအုပ်လှူဒါန်းပါသည်။

စာအုပ်ကတော့ တကယ့်ကိုရှားပါးပြီး တန်ဘိုးရှိတဲ့ စာအုပ်ပါပဲ။ အစ်ကိုတစ်ဦးက သူအမြတ်တနိုး သိမ်းထားတဲ့ စာအုပ်လေးကို ကိုယ်တိုင် စကင်ဖတ်ပြီး ကျနော့်ဆီ လှူဒါန်းလာလို့ ebook အဖြစ် ဖန်တီးပြီ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။

လှူဒါန်းတဲ့ အစ်ကိုကတော့ ဒီလို မိတ်ဆက်ပေးလိုက်ပါတယ် ....

ပန်းချီမောင်ငွေထွန်း ဆိုတာ အကယ်ဒမီများရှင် ကိုရန်အောင်၏ ဦးလေးဖြစ်ပြီး၊ ကိုရန်အောင်၏ အမေ ဒေါ်သိန်းသိန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပါတယ်တဲ့။ ယခင်က ထုတ်ဝေခဲ့တဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှ လုပ်သား FONT နှင့် LOGO ဟာ ဆိုရင် ပန်းချီမောင်ငွေထွန်း၏ လက်ရာများသာ ဖြစ်ပါတယ်။ နောက်ပြီး လက်ဝဲစာလုံးကို စတင်တီထွင် ရေးသားခဲ့သူလဲ ဖြစ်ပါတယ်။

စာအုပ်ထဲမှာတော့ ဆရာဟာ မြန်မာပြည်အနှံ့ကို ခရီးထွက်ပြီး သူ တွေ့မြင်ခဲ့ရတာတွေကို ပန်းချီနဲ့ မှတ်တမ်းတင်တယ်။ ဟိုး ဝေးလံခေါင်သီတဲ့ နာဂဒေသတို့ ပူတာအိုအထက် မချမ်းဘော့အထိတောင် ခရီးထွက်ပြီး ပန်းချီနဲ့ မှတ်တမ်းတင်ခဲ့တယ်။ သူတို့ရဲ့ ရိုးရာဓလေ့တွေကို အရိုးခံစိတ် အမျိုးသားစိတ်အပြည့်နဲ့ ရေးသား မှတ်တမ်းတင်ခဲ့တယ်။ အားပေးလိုက်ကြပါဦး ခင်ဗျာ ...။