Showing posts with label စုမြတ်ကို. Show all posts
Showing posts with label စုမြတ်ကို. Show all posts

Wednesday, May 18, 2016

မြန်မာပြည်က နားဆွဲလေး - မုရှခါဇုအော့ 




ဖတ်ခဲ့ဖူးပြီး မေ့မရအောင်စွဲတဲ့ စာအုပ်လေးတွေထဲ “မြန်မာပြည်က နားဆွဲလေး” ကလဲ တစ်အုပ်အပါအဝင်။ စာအုပ်လေးက တစ်ခါလား ထုတ်ဝေလိုက်ပြီး နောက်ထပ် ပြန်မထုတ်တော့တဲ့အတွက် ဒီစာအုပ်လေးကို ရှိမှန်းတောင် မသိလိုက်ကြတာ များပါလိမ့်မယ်။ စာအုပ်က မူရင်း ဂျပန်ဘာသာနဲ့ ရှိနေပြီး။ ဘာသာပြန်သူ “စုမြတ်ကို” တည်းဖြတ်သူ “မပန်းခက်”။ စာပေလောကမှာ တစ်ခါမှ မကြားဖူးတဲ့ နာမည်တွေ။ ဒါပေမယ့် ဘာသာပြန်လက်ရာ မခေပါဘူး။ ချောမောပြေပြစ်တဲ့ ဝါကျအလှတွေနဲ့ ဝါရင့်ဘာသာပြန်ဆရာတစ်ဦးရဲ့ လက်ရာလားမှတ်ရတယ်။ အင်းလေ ... ဘာသာပြန်သူက ဂျပန်နိုင်ငံ ကိုဘေးတက္ကသိုလ်က Ph.D ကျောင်းသား၊ အိုဆာကာနိုင်ငံခြားဘာသာသင် တက္ကသိုလ်က အချိန်ပိုင်းနည်းပြ။

ဇာတ်လမ်းလေးကတော့ ဂျပန်ခေတ် မြန်မာပြည်အတွင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးကို ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ဂျပန်နင်ဂျာ စစ်သားတစ်ယောက်နဲ့ မြန်မာပြည်က ကလေးမလေး မကြာတို့ရဲ့ ဖြူစင်သန့်ရှင်းလှတဲ့ မေတ္တာတရားကို ပုံဖေါ်ထားပြီး၊ ဒီထက်မက မြန်မာမြေအလှ၊ မြန်မာတို့ရဲ့ စိတ်ဓာတ်အလှတွေကိုလဲ လှလှပပကြီး ခြယ်မှုန်းထားပါသေး။ ဖတ်ပြီးရင် စွဲသွားရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါလိမ့်မယ်။

ဒီစာအုပ်လေးဟာ ပီဒီအက်အဖြစ်နဲ့ အွန်လိုင်းပေါ်မှာ ရှိဖူးပါတယ်။ ပီဒီအက် အရည်အသွေး သိပ်မကောင်းတဲ့အတွက် ဖတ်ရတာ မှုန်တိမှုန်ဝါး စာမထင်တာတွေလဲ ရှိပါတယ်။ ကျနော့်စိတ်ထဲ အလွန်တန်ဖိုးရှိတဲ့ စာအုပ်လေးတစ်အုပ်ကို ဒီအတိုင်း ကြည့်နေရတာ စိတ်မသက်လှပါဘူး။ ဒါကြောင့် ပီဒီအက် လုပ်ဖေါ်လုပ်ဖက်တစ်ဦးဖြစ်တဲ့ မချစ်သန္တာကို စာရိုက်ခိုင်း။ ဒီဇိုင်းလှလှ မြင်ကွင်းရှင်းရှင်း အရည်အသွေးကောင်းကောင်း စာအုပ်လေး တစ်အုပ် ဖြစ်အောင် ဖန်တီးခိုင်းလိုက်ပါတယ်။ တိုင်ပင်အယ်ရာ သိပ်မစင်သေးတဲ့အတွက် စာလုံးအကျအပေါက်များတွေ့ရင် ဖြည့်စွက်ပြီး ဖတ်ကြပါလို့ တောင်းပန်ပါရစေ။