Showing posts with label nyisayebookcreator. Show all posts
Showing posts with label nyisayebookcreator. Show all posts

Thursday, July 21, 2016

စံပယ်ဖြူနု - ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ ...

ဆရာမ စံပယ်ဖြူနုရဲ့ ပရိသတ်များအတွက် နောက်ထပ် တစ်အုပ်ပါ။ အရေးအသား ကောင်းမွန်တဲ့ ဆရာမမို့ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်မယ်လို့ စိတ်ချယုံကြည်မိပါတယ်။ စာအုပ် ဝယ်ထားပြီးကတည့်က ယွတာများနေလို့ အခုထိ မဖတ်ရသေးဘူး ဖြစ်နေတယ်။





Wednesday, July 6, 2016

သော်တာဆွေ - ကြက်ဋီကာ


 လူတစ်ကိုယ် ဝါသနာတစ်မျိုးဆိုပေမယ့် ဆရာသော်တာဆွေရဲ့ ဝါသနာတွေက အတော်များတယ်။ အဲ ဝါသနာတွေထဲကမှ တသက်လုံးစွဲစွဲမြဲမြဲ ဝါသနာပါတာက တိုက်ကြက်တွေ မွေးပြီး ကြက်တိုက်တဲ့ ဝါသနာ။ အခုစာအုပ်က ဆရာသော်တာဆွေ မွေးခဲ့တဲ့ တိုက်ကြက်တွေအကြောင်းနဲ့ သူတို့ရဲ့ တိုက်ပွဲတွေအကြောင်း။ စိတ်ဝင်စားဖို့ အတော်ကောင်းတယ်။ ကြက်လောက,က ခမ်းနားကြီးကျယ်ပါလားဆိုတာ ဒီစာဖတ်မှ သိလိုက်ရတယ်။ ဒီလိုစာအုပ်မျိုး ဆရာသော်တာဆွေလို ကြက်သမားပဂေးကြီးလောက်သာ ရေးနိုင်လိမ့်မယ် ထင်မိတယ်။

Sunday, July 3, 2016

ဇော်ဝင်းကို - ဦးအောင်လှကို လွှတ်ပေးပါနှင့် အခြားဆောင်းပါးများ
 
စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေနဲ့ လှည်းတန်းက IT လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြရင်း သူငယ်ချင်းတစ်ယောက်ရဲ့ လက်ထဲ စာအုပ်တစ်အုပ်ကိုင်လာတာတွေ့တယ်။ ပြပါဦး အဲစာအုပ် ဆိုတော့ ...
ဇော်ဝင်းကိုရဲ့ ဦးအောင်လှကို လွှတ်ပေးပါ စာအုပ်ဖြစ်နေတယ်။ အမှန်ပြောရရင် ဇော်ဝင်းကို,ကို ကျနော် မသိဘူး။ သာမန် စာရေးဆရာပေါက်စလို့ပဲ မှတ်နေမိတာ။ သူငယ်ချင်းက “ဦးညီ ... အဲစာအုပ် အရမ်းကောင်းတယ် ဖတ်ကြည့်၊ ဖတ်လို့ပြီးရင် ပီဒီအက်လုပ်၊ ဦးညီကို ပေးခဲ့မယ်” ဆိုပြီး ကျနော့်လက်ထဲ ထည့်ထားခဲ့တာ။ 

စာအုပ်ကို ဖတ်ကြည့်တယ်။ ပထမဆုံး ဆောင်းပါးတစ်ပုဒ်နဲ့တင် ဖြုံသွားတယ်။ နည်းနည်းနောနော ပဂေးကြီးပါလားပေါ့။ တစ်အုပ်လုံးမှာပါတဲ့ ဆောင်းပါးတွေက အတွေးစူးစူး အရေးစူးစူးနဲ့ စူးရှသွက်လက်တယ်။

တကယ်တော့ ဆရာဇော်ဝင်းကို ဆိုတာ ... စိတ်မလာရင် စာမရေးတဲ့ဆရာ၊ စိတ်လာမှ စာထရေးတဲ့ ဆရာ။ တစ်နှစ်နေလို့လဲ ဆောင်းပါးတစ်ပုဒ် ကဗျာတစ်ပုဒ် ရေးချင်မှ ရေးတတ်တယ်။ အင်္ဂလိပ်စာမှာ အလွန်ထက်မြက်တယ်၊ အတွေးတွေ စူးရှထက်မြက်လွန်းတဲ့အတွက် ဆရာကြီး မြသန်းတင့်တို့၊ ဆရာကြီး လူထုစိန်ဝင်းတို့က ချီးကျူးရတယ်။ ဆရာကြီး မြသန်းတင့်တို့နဲ့ တစ်ကျွန်းမှာ ၃ နှစ် အတူတူနေခဲ့ဖူးတယ်။ ဒီလောက်ဆို ဆရာဇော်ဝင်းကိုဆိုတာ ဘယ်လိုလူလဲဆိုတာ ရိပ်မိတန်သလောက် ရိပ်မိလောက်ပါပြီ။ ဆက်လက်ပြီး စာအုပ်လေးကို ဖတ်ပြီး ဆရာဇော်ဝင်းကို, ကို ထိတွေ့ကြပါဦး ခင်ဗျာ။


Monday, May 30, 2016

စံပယ်ဖြူနု - မြောက်ဖျားကအလွမ်းရာသီ


nyisay.com



၂၀၁၄ ခုနှစ်အတွက် ဝတ္ထုရှည် အမျိုးသာစာပေဆုကို ရရှိခဲ့ပါတယ်။ မြန်မာပြည် မြောက်ဖျားက ကချင်စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအကြောင်းကို ရေးဖွဲ့ထားပြီး ဖတ်လို့ အလွန်ကောင်းတယ်။ ဆရာမ စံပယ်ဖြူနုကိုယ်တိုင် တရုတ် မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။ ဆရာမရဲ့ ကြိုးစားအားထုတ်မှုတွေကို ဒီစာအုပ်ဖတ်ခြင်းဖြင့် တွေ့ရပါလိမ့်မယ်။ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ သူ့ရဲ့ ညီမလေးကို ရှာလို့တွေ့မတွေ့၊ အစ်မတစ်ယောက်ရဲ့ ညီမအပေါ်ထားတဲ့ မေတ္တာတရား ...