Showing posts with label မလေးလုံ. Show all posts
Showing posts with label မလေးလုံ. Show all posts

Monday, May 23, 2016

မလေးလုံ - ပင်မြက်မြေဇာ


ပင်မြက်မြေဇာဆိုတာ ....
မလေးလုံရဲ့ နာမည်ကျော် လက်ရာတစ်ခုပါပဲ။ ဒုတိယ ကမ္ဘာစစ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ ပတ်ဝန်းကျင်မှာ စစ်ဘေးရှောင်ရင်း ကိုယ်တွေ့ကြုံရတာလေးတွေကို ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ်ပါ။ စစ်ပွဲတွေ ဖြစ်လာတဲ့အခါ အသက်ဘေးအတွက် ဆောက်တည်ရာမရ ပြေးရလွှားရတဲ့ ဘဝတွေ။ အခြေမဲ့ရတဲ့ ဘဝတွေ။ စစ်မီးလျှံတွေကြား ပေါက်ဖွားလာတဲ့ လူသားတို့ရဲ့စရိုက် လူ့သဘာဝတွေကို ဒီ စာအုပ်ထဲမှာ ကောင်းကောင်းတွေ့ရပါလိမ့်မယ်။



Wednesday, December 17, 2014

မလေးလုံ - ဖေမောင်တင် (သို့) ဘသက်ရှည်

အရင်တုန်းကတော့ စာအုပ်ထူကြီး နှစ်အုပ်အဖြစ်နဲ့ ထုတ်ဝေခဲ့ဖူးတယ်။ အခုကတော့ နှစ်အုပ်ကို ပြန်ပေါင်းပြီး စာရွက်သားကောင်းကောင်း အပြင်အဆင်ကောင်းကောင်းနဲ့ ပြန်လည် ထုတ်ဝေထားပါတယ်။

အတော့်ကို ဖတ်လို့ကောင်းပြီး ရသဟန် အပြည့်ပါတဲ့ အတ္ထုပ္ပတ္တိစာအုပ်ကောင်းကြီး တစ်အုပ်ပါ။ တစ်ချိန်တုန်းက ပထမတွဲကို ဖတ်မိပြီး ဆက်ဖတ်ဖို့ ဒုတိယတွဲ ရှာမရခဲ့တာနဲ့ စိတ်ထဲ တသသ ဖြစ်ခဲ့ရဖူးတဲ့ စာအုပ်တစ်အုပ်ဆိုလဲ မမှားပါဘူး။

ဒီစာအုပ်ကို ကျနော့်လို အဖြစ်မျိုးနဲ့ ကြုံခဲ့ပြီး ဆက်လက်ဖတ်ရှုဖို့ ရှာဖွေနေတဲ့ သူအတွက် ရည်ရွယ်ပါတယ်။