Showing posts with label မောင်သာချို. Show all posts
Showing posts with label မောင်သာချို. Show all posts

Wednesday, May 18, 2016

မောင်သာချို - ခေတ်ပြိုင် ခဲခြစ်ကောက်ကြောင်းများ






ကျနော်တို့ရဲ့ ဆရာကြီး ဂျက် (ကွမ်းခြံကုန်း) ခေါ် မောင်သာချိုက “ဖျတ်ကနဲတွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ” ဆိုပြီး သူ့ အထက်က ကျော်ကြားထင်ရှားခဲ့တဲ့ စာရေးဆရာကြီးများအကြောင်း ... သူ ထိတွေ့ခဲ့ရတဲ့ ထူးခြားကွက်လေးတွေကို လှလှပပ ရေးခြစ်သွားခဲ့တယ်။

ဒီ့နောက် သူနဲ့ ခေတ်ပြိုင်အနေအထားမှာ ရှိတဲ့ မင်းသစ်၊ မောင်သင်းခိုင်၊ မောင်ချောနွယ်၊ မောင်ရန်ပိုင်၊ မောင်အောင်ပွင့်၊ မင်းသိုက်မွန်၊ ဇောင်းထက်၊ နေစိမ့်၊ မောင်ဒီ၊ ရွှေစိုးဟန်၊ ဖေမြင့်၊ ကိုတာ၊ ကြူးနစ်၊ နေဝင်းမြင့်၊ ဂျူး၊ အော်ပီကျယ်၊ သန်းမြင့်အောင်တို့ရဲ့ ပုံရိပ်တွေကို “ခေတ်ပြိုင် ခဲခြစ်ကောက်ကြောင်းများ” ဆိုပြီး လှလှပပ ရေးခြစ်ပြန်တယ်။ 

စာအုပ်စာပေချစ်တဲ့ သူများအတွက် မိမိတို့ ချစ်တဲ့ စာရေးဆရာကြီးတွေရဲ့ ဘဝပုံရိပ်တွေကို ဆရာမောင်သာချိုက ဘယ်လို တင်ပြမလဲဆိုတာ သိချင်နေကြမှာပါပဲ။ သွက်သွက်လက်လက်နဲ့ အလွန်ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။