Thursday, July 21, 2016
Wednesday, July 6, 2016
သော်တာဆွေ - ကြက်ဋီကာ
Sunday, July 3, 2016
ဇော်ဝင်းကို - ဦးအောင်လှကို လွှတ်ပေးပါနှင့် အခြားဆောင်းပါးများ
ဇော်ဝင်းကိုရဲ့ ဦးအောင်လှကို လွှတ်ပေးပါ စာအုပ်ဖြစ်နေတယ်။ အမှန်ပြောရရင် ဇော်ဝင်းကို,ကို ကျနော် မသိဘူး။ သာမန် စာရေးဆရာပေါက်စလို့ပဲ မှတ်နေမိတာ။ သူငယ်ချင်းက “ဦးညီ ... အဲစာအုပ် အရမ်းကောင်းတယ် ဖတ်ကြည့်၊ ဖတ်လို့ပြီးရင် ပီဒီအက်လုပ်၊ ဦးညီကို ပေးခဲ့မယ်” ဆိုပြီး ကျနော့်လက်ထဲ ထည့်ထားခဲ့တာ။
စာအုပ်ကို ဖတ်ကြည့်တယ်။ ပထမဆုံး ဆောင်းပါးတစ်ပုဒ်နဲ့တင် ဖြုံသွားတယ်။
နည်းနည်းနောနော ပဂေးကြီးပါလားပေါ့။ တစ်အုပ်လုံးမှာပါတဲ့ ဆောင်းပါးတွေက
အတွေးစူးစူး အရေးစူးစူးနဲ့ စူးရှသွက်လက်တယ်။
တကယ်တော့ ဆရာဇော်ဝင်းကို ဆိုတာ ... စိတ်မလာရင် စာမရေးတဲ့ဆရာ၊ စိတ်လာမှ စာထရေးတဲ့ ဆရာ။ တစ်နှစ်နေလို့လဲ ဆောင်းပါးတစ်ပုဒ် ကဗျာတစ်ပုဒ် ရေးချင်မှ ရေးတတ်တယ်။ အင်္ဂလိပ်စာမှာ အလွန်ထက်မြက်တယ်၊ အတွေးတွေ စူးရှထက်မြက်လွန်းတဲ့အတွက် ဆရာကြီး မြသန်းတင့်တို့၊ ဆရာကြီး လူထုစိန်ဝင်းတို့က ချီးကျူးရတယ်။ ဆရာကြီး မြသန်းတင့်တို့နဲ့ တစ်ကျွန်းမှာ ၃ နှစ် အတူတူနေခဲ့ဖူးတယ်။ ဒီလောက်ဆို ဆရာဇော်ဝင်းကိုဆိုတာ ဘယ်လိုလူလဲဆိုတာ ရိပ်မိတန်သလောက် ရိပ်မိလောက်ပါပြီ။ ဆက်လက်ပြီး စာအုပ်လေးကို ဖတ်ပြီး ဆရာဇော်ဝင်းကို, ကို ထိတွေ့ကြပါဦး ခင်ဗျာ။

Monday, May 30, 2016
စံပယ်ဖြူနု - မြောက်ဖျားကအလွမ်းရာသီ
၂၀၁၄ ခုနှစ်အတွက် ဝတ္ထုရှည် အမျိုးသာစာပေဆုကို ရရှိခဲ့ပါတယ်။ မြန်မာပြည် မြောက်ဖျားက ကချင်စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအကြောင်းကို ရေးဖွဲ့ထားပြီး ဖတ်လို့ အလွန်ကောင်းတယ်။ ဆရာမ စံပယ်ဖြူနုကိုယ်တိုင် တရုတ် မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။ ဆရာမရဲ့ ကြိုးစားအားထုတ်မှုတွေကို ဒီစာအုပ်ဖတ်ခြင်းဖြင့် တွေ့ရပါလိမ့်မယ်။ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ သူ့ရဲ့ ညီမလေးကို ရှာလို့တွေ့မတွေ့၊ အစ်မတစ်ယောက်ရဲ့ ညီမအပေါ်ထားတဲ့ မေတ္တာတရား ...

Monday, May 23, 2016
မလေးလုံ - ပင်မြက်မြေဇာ
ပင်မြက်မြေဇာဆိုတာ ....
မလေးလုံရဲ့ နာမည်ကျော် လက်ရာတစ်ခုပါပဲ။ ဒုတိယ ကမ္ဘာစစ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ ပတ်ဝန်းကျင်မှာ စစ်ဘေးရှောင်ရင်း ကိုယ်တွေ့ကြုံရတာလေးတွေကို ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ်ပါ။ စစ်ပွဲတွေ ဖြစ်လာတဲ့အခါ အသက်ဘေးအတွက် ဆောက်တည်ရာမရ ပြေးရလွှားရတဲ့ ဘဝတွေ။ အခြေမဲ့ရတဲ့ ဘဝတွေ။ စစ်မီးလျှံတွေကြား ပေါက်ဖွားလာတဲ့ လူသားတို့ရဲ့စရိုက် လူ့သဘာဝတွေကို ဒီ စာအုပ်ထဲမှာ ကောင်းကောင်းတွေ့ရပါလိမ့်မယ်။

Wednesday, May 18, 2016
မြန်မာပြည်က နားဆွဲလေး - မုရှခါဇုအော့
ဖတ်ခဲ့ဖူးပြီး မေ့မရအောင်စွဲတဲ့ စာအုပ်လေးတွေထဲ “မြန်မာပြည်က နားဆွဲလေး” ကလဲ တစ်အုပ်အပါအဝင်။ စာအုပ်လေးက တစ်ခါလား ထုတ်ဝေလိုက်ပြီး နောက်ထပ် ပြန်မထုတ်တော့တဲ့အတွက် ဒီစာအုပ်လေးကို ရှိမှန်းတောင် မသိလိုက်ကြတာ များပါလိမ့်မယ်။ စာအုပ်က မူရင်း ဂျပန်ဘာသာနဲ့ ရှိနေပြီး။ ဘာသာပြန်သူ “စုမြတ်ကို” တည်းဖြတ်သူ “မပန်းခက်”။ စာပေလောကမှာ တစ်ခါမှ မကြားဖူးတဲ့ နာမည်တွေ။ ဒါပေမယ့် ဘာသာပြန်လက်ရာ မခေပါဘူး။ ချောမောပြေပြစ်တဲ့ ဝါကျအလှတွေနဲ့ ဝါရင့်ဘာသာပြန်ဆရာတစ်ဦးရဲ့
ဇာတ်လမ်းလေးကတော့ ဂျပန်ခေတ် မြန်မာပြည်အတွင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးကို ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ဂျပန်နင်ဂျာ စစ်သားတစ်ယောက်နဲ့ မြန်မာပြည်က ကလေးမလေး မကြာတို့ရဲ့ ဖြူစင်သန့်ရှင်းလှတဲ့ မေတ္တာတရားကို ပုံဖေါ်ထားပြီး၊ ဒီထက်မက မြန်မာမြေအလှ၊ မြန်မာတို့ရဲ့ စိတ်ဓာတ်အလှတွေကိုလဲ လှလှပပကြီး ခြယ်မှုန်းထားပါသေး။ ဖတ်ပြီးရင် စွဲသွားရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါလိမ့်မယ်။
ဒီစာအုပ်လေးဟာ ပီဒီအက်အဖြစ်နဲ့ အွန်လိုင်းပေါ်မှာ ရှိဖူးပါတယ်။ ပီဒီအက် အရည်အသွေး သိပ်မကောင်းတဲ့အတွက် ဖတ်ရတာ မှုန်တိမှုန်ဝါး စာမထင်တာတွေလဲ ရှိပါတယ်။ ကျနော့်စိတ်ထဲ အလွန်တန်ဖိုးရှိတဲ့ စာအုပ်လေးတစ်အုပ်ကို ဒီအတိုင်း ကြည့်နေရတာ စိတ်မသက်လှပါဘူး။ ဒါကြောင့် ပီဒီအက် လုပ်ဖေါ်လုပ်ဖက်တစ်ဦးဖြစ်တဲ
မောင်သာချို - ခေတ်ပြိုင် ခဲခြစ်ကောက်ကြောင်းများ
ကျနော်တို့ရဲ့ ဆရာကြီး ဂျက် (ကွမ်းခြံကုန်း) ခေါ် မောင်သာချိုက “ဖျတ်ကနဲတွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ” ဆိုပြီး သူ့ အထက်က ကျော်ကြားထင်ရှားခဲ့တဲ့ စာရေးဆရာကြီးများအကြောင်း ... သူ ထိတွေ့ခဲ့ရတဲ့ ထူးခြားကွက်လေးတွေကို လှလှပပ ရေးခြစ်သွားခဲ့တယ်။
ဒီ့နောက် သူနဲ့ ခေတ်ပြိုင်အနေအထားမှာ ရှိတဲ့ မင်းသစ်၊ မောင်သင်းခိုင်၊ မောင်ချောနွယ်၊ မောင်ရန်ပိုင်၊ မောင်အောင်ပွင့်၊ မင်းသိုက်မွန်၊ ဇောင်းထက်၊ နေစိမ့်၊ မောင်ဒီ၊ ရွှေစိုးဟန်၊ ဖေမြင့်၊ ကိုတာ၊ ကြူးနစ်၊ နေဝင်းမြင့်၊ ဂျူး၊ အော်ပီကျယ်၊ သန်းမြင့်အောင်တို့ရဲ့ ပုံရိပ်တွေကို “ခေတ်ပြိုင် ခဲခြစ်ကောက်ကြောင်းများ” ဆိုပြီး လှလှပပ ရေးခြစ်ပြန်တယ်။
စာအုပ်စာပေချစ်တဲ့ သူများအတွက် မိမိတို့ ချစ်တဲ့ စာရေးဆရာကြီးတွေရဲ့ ဘဝပုံရိပ်တွေကို ဆရာမောင်သာချိုက ဘယ်လို တင်ပြမလဲဆိုတာ သိချင်နေကြမှာပါပဲ။ သွက်သွက်လက်လက်နဲ့ အလွန်ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။

နိုင်ဦး - ကျောက်စိမ်းမြေ
နိုင်ဦး - ကျောက်စိမ်းမြေ (အိန္ဒိယမှ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်၍ တရုတ်ပြည်သို့ ခရီးကြမ်း)
ဘာတီး(လ်)လင့်တနာ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း ဆယ်စုနှစ် သုံးစုနီးပါးလောက် အာရှအကြောင်း ဆောင်းပါးတွေကို ရေးသားခဲ့သူ တစ်ယောက်ပါ။ ဒါ့အပြင် မြန်မာ့အရေး ကျွမ်းကျင်သူတစ်ယောက်လို့လဲ သတ်မှတ်ခံရတဲ့သူ ဖြစ်ပါတယ်။ Far Eastern Economic Review အတွက် မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်။
၁၉၈၅-၁၉၈၇ ခုနှစ်များအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြန်မာပြည်နယ်စပ်များသို့ ဇနီးဖြစ်သူနဲ့အတူ ခရီးကြမ်းကိုသွားလာခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ့နဲ့ တွေ့ဆုံ မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအကြောင်းတွေကို “ကျောက်စိမ်းမြေ” မှာ စိတ်လှုပ်ရှားဖွယ်ရာ တနင့်တပိုးကြီး ဖတ်ရပါလိမ့်မယ်ဗျာ။
တစ်ခုတော့ တောင်းပန်လိုပါတယ်။ စာအုပ်ထဲမှာပါဝင်တဲ့ ဓာတ်ပုံတွေကို တစ်ပုံမှ မကျန်စေရဘဲ အရည်အသွေးကောင်းကောင်း ရအောင် ထည့်သွင်းထားတဲ့အတွက် ဖိုင်ဆိုဒ်က ကြီးသွားပါတယ်။ 39 MB ရှိပါတယ်။ တင်ပေးရတဲ့ ကျနော့်မှာလဲ မသက်သာဘူး။ ဆွဲယူမယ့်သူများကိုလဲ ကိုယ်ချင်းစာတယ်။ ဖုန်းဘေလဲ အတော်ပြောင်သွားတယ်။ စာအုပ်က ကောင်းလွန်းတော့ အားလုံးကို ဖတ်စေချင်တယ်လေ။
ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်
တစ်ထောင့်တစ်ည ပြောရသော ပသီပုံပြင်
ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် - တစ်ထောင့်တစ်ည ပြောရသော ပသီပုံပြင် ဝတ္ထုကြီး
အာရေဘီရန်နိုက်လို့ ခေါ်တဲ့ တစ်ထောင့်တစ်ည ပုံပြင်ကို ဘာသာပြန်တဲ့အထဲမှာ ဦးဖိုးသာဇံ (ခေါ်) ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ရယ်၊ သခင်ဘသောင်းရယ်၊ ဆရာ ကျော်လှိုင်ဦးရယ် သုံးဦး ရှိတယ် မှတ်ပါတယ်။
ဆရာကြီး သခင်ဘသောင်း ဘာသာပြန်တဲ့ တစ်ထောင့်တစ်ညကို ဖတ်ဖူးခဲ့တယ်။ ဘာသာပြန်လက်ရာ အလွန်ကောင်းတဲ့အတွက် မှတ်မှတ်ရရ ရှိဖူးတယ်။ ဆရာကျော်လှိုင်ဦး ဘာသာပြန်တဲ့ တစ်ထောင့်တစ်ညကတော့ စာအုပ်အရေအတွက် များတဲ့အတွက် ဖတ်ဖို့ မဝံ့ရဲသေးတာနဲ့ မဖတ်ဖူးသေး။ အခု ... ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် ဘာသာပြန်တဲ့ တစ်ထောင့်တစ်ညကိုတော့ စာစီ စာရိုက်ပေးသူ မသန်းသန်းနိုင် ကျေးဇူးကြောင့် ပီဒီအက် လုပ်ရင်း ဖတ်ရပါပြီ။ ဘယ်လို ကွာခြားသလဲဆိုရင် ...
ဆရာကြီးသခင်ဘသောင်း ဘာသာပြန်တုန်းက ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင်အနေနဲ့ ဘာသာပြန်ခဲ့ပါတယ်။ အခု ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်လဲပဲ ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင်အနေနဲ့ ဘာသာပြန်ပါတယ်။ ပုံပြင်တွေ မတူကြပါဘူး။ ဘယ်သူက ပိုပြီး စောသလဲ ရှေးကျသလဲဆိုရင် ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်က ပိုပြီး ရှေးကျပါတယ်။ ဒီ ဆရာကြီးဟာ ရှေးခေတ်ဦး ရုပ်ရှင်မင်းသားကြီး ဒဂုဏ်ပ ဦးဘတင်ရဲ့ ဖခင်ကြီး ဖြစ်သလို၊ ပညာရှင်ကြီး တစ်ဦးလဲ ဖြစ်ပါတယ်။
သေသပ်ချောမောတဲ့ ဘာသာပြန်ချက်တွေ၊ ယဉ်ကျေးသိမ်မွေ့တဲ့ ထီးဟန်နန်းဟန် အသုံးအနှုန်းတွေ၊ အာရေဘီရန်နိုက်ကို ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာပြည်သားတွေ လက်ထဲ ဘယ်လို ထည့်ပေးသလဲဆိုတာ ဒီစာအုပ်ကို ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။ ဆရာကြီး ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ကို လက်ဖျားခါပါတယ် တစ်ချက် တစ်ချက် ဘာသာပြန်ရင်း မထင်ရင် မထင်သလို ပါဠိတွေတောင် ရွတ်လိုက်ဖတ်လိုက်သေး။

Saturday, March 19, 2016
နွယ်သစ် - ကမ္ဘာကျော်စာအုပ် ၁၀၀
နွယ်သစ်ဆိုတာက ဆရာမင်းကျော်၊ ဆရာညွန့်ကြူး၊ ဆရာကျော်အောင်တို့ သုံးဦးပေါင်းထားတဲ့ ကလောင်ပါ။ ဒီစာအုပ်ကို ၁၉၉၉ ခုနှစ်က ဒုတိယအကြိမ် ရာပြည့်စာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး နောက်ထပ် ပြန်မထွက်တော့တဲ့ ရှားပါးစာအုပ်ဆိုရင်လဲ မမှားပါဘူး။ ကမ္ဘာ့ဂန္ထဝင်စာအုပ်ကြီးတွေကို ဖတ်ဖို့အချိန်မပေးနိုင်သေးသူများအတွက်၊ စာသမားတွေရဲ့ စကားဝိုင်းမှာ ဂန္ထဝင်စာအုပ်ကြီးတွေအကြောင်းကို လေကန်နိုင်ဖို့အတွက်၊ ယုတ်စွအဆုံး ကိုယ့်နိုင်ငံသား မဟုတ်တဲ့ စာဂျပိုးတွေနဲ့ တွေ့တဲ့အခါ လူလည်ကျနိုင်ဖို့ ဒီစာအုပ်က မရှိမဖြစ် လိုအပ်ပါတယ်။ ဖတ်နိုင်ကြပါစေဗျာ..
စာအုပ်ယူရန်

Monday, March 14, 2016
ရွှေဥဒေါင်း - မျှော်တလင့်လင့်

အနောက်နိုင်ငံတွေမှာ ဂန္ထဝင်မြောက် ဝတ္ထုရှည်ကြီးတွေကို အကျဉ်း ရီတိုးအနေနဲ့ ပြန်ထုတ်ထားတဲ့ စာအုပ်တွေလဲ ရှိတယ်။ Charles Dickens ရဲ့ Great Expectations ဂန္ထဝင် ဝတ္ထုရှည်ကြီးကို အကျဉ်းချုပ်ပြီး ရီတိုးလုပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ဆရာကြီးရွှေဥဒေါင်းက “မျှော်တလင့်လင့်” ဆိုပြီး ဘာသာပြန်ခဲ့တယ်။ သိတဲ့အတိုင်းပါပဲ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘာသာပြန်လက်ရာဟာ အင်မတန်ချောမွေ့သေသပ်လွန်းတော့ အဲဒီခေတ် အဲဒီအခါက ရီတိုးစာအုပ်တစ်အုပ်မှန်း မသိသာခဲ့ဘူး။ နောက်ပိုင်း ဆရာမောင်ထွန်းသူ အပြည်အစုံ ဘာသာပြန်တော့မှ ဆရာကြီးရွှေဥဒေါင်းရဲ့ စာအုပ်က ရီတိုးမှန်း သိခဲ့ရတယ်။ ဒီစာအုပ်နဲ့ပဲ ၁၉၅၀ ခုနှစ်မှာ စာပေဗိမာန် ဘာသာပြန်ဆုကို ဆရာကြီးရွှေဥဒေါင်း ရခဲ့ပါတယ်။ ဒီစာအုပ်ကို ဘာသာပြန်ရခြင်း ရည်ရွယ်ချက်ကို ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းမှာ ဖေါ်ပြထားဖူးတယ်။ မြန်မာ စာဖတ်ပရိသတ်တွေအနေနဲ့ စာအုပ်ထဲက ပန်းပဲသမားကြီးကို တကယ့် ဟီးရိုးကြီးတစ်ယောက်လို ပုံဖေါ်ခံစားလို့ရရင် ဆရာကြီးရဲ့ ဆန္ဒပြည့်ဝပါပြီ။

Tuesday, March 8, 2016
ဗော်လဂါမှ ဂင်္ဂါသို့
ပြောရရင်တော့ အူးညီမှာ ... ဘက်ထရီဒေါင်းနေတဲ့ လပ်တော့ အစုတ်ကလေး တစ်လုံးရယ်၊ နှစ်တွေကြာလို့ မှန်သားပြင်မှာ ဂျီး (ချေး) ကပ်နေတဲ့ ငါးသောင်းတန် စကင်နာ အဟောင်းလေး တစ်လုံးရယ်၊ စေတနာ ၉၀ သားရယ်ပါ။ အဲဒါတွေနဲ့ စာအုပ်လေးတွေ လုပ်ပြီး ပေးပါတယ်။ (ဤကား စကားချပ်)
အခု “ဗော်လဂါမှ ဂင်္ဂါသို့” စာအုပ်ကို လုပ်ပေးမယ်ဆိုပြီး ပြောခဲ့တာ တစ်နှစ်ကျော်လေးကြာခဲ့ပြီပေါ့နော်။ စေတနာ တကယ်ရှိပါတယ်။ ဒါမယ့် အခက်အခဲလေးတွေလဲ ရှိတယ်။
ကျနော် တကယ့်ကို နှစ်သက်တဲ့ စာအုပ်လေးတစ်အုပ် ဖြစ်တာမို့ အွန်လိုင်းပေါ်မှာ ရှိစေချင်ခဲ့တာပါ။ နောက်ပြီး ဒီစာအုပ်ဟာ ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ ကြိုးစားအားထုတ်မှုကြီးတစ်ခုလဲ ဖြစ်။ စာပေလက်ရာတွေ အများကြီး မထားခဲ့တဲ့ ဆရာကြီး ဆန်းထွန်းရဲ့ ရှားပါးလှတဲ့ ဘာသာပြန် စာအုပ်တစ်အုပ်လဲ ဖြစ်။ မူရင်း စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းရဲ့ ကမ္ဘာကျော် ဂန္ထဝင်စာအုပ်ကြီးတစ်အုပ်လဲ ဖြစ်နေတော့ကား ...။
ဒီတော့ “ဗော်လဂါမှ ဂင်္ဂါသို့” စာအုပ်ဟာ မြန်မာ့စာပေလောကအတွက် အွန်လိုင်းပေါ်မှာ ရှိသင့်ပြီပေါ့။
တင့်တယ်၏ တင့်တယ်
ဆရာသော်တာဆွေနဲ့ ဆရာတင့်တယ် အတွဲမိမိနဲ့ ဘာကြောင့် ပေါင်းနိုင်သလဲဆိုတာ ဒီစာအုပ် ဖတ်ကြည့်မှ သိရတယ်။ ဆရာတင့်တယ်လဲ တယ်ပြီး မခေလှဘူး။ ဘီဘီစီမှာ ဆရာတင့်တယ် အလုပ်သွားလုပ်ရင်း အင်္ဂလန်အတွေ့အကြုံလေးတွေကို ဖောက်သည်ချထားပါတယ်။
စာအုပ်က အချို့နေရာတွေမှာ အဆက်အစပ်သိပ်မမိချင်ဘူး။ တချို့ ဇာတ်ကောင်တွေ အစပျိုးထားပြီး ပါမလာတာလဲ တွေ့ရတယ်။ ဆရာတင့်တယ်ကိုယ်တိုင်ကတော့ အစီအစဉ်တကျမဟုတ်ပဲ စိတ်ထဲ ပေါ်ရာ ရေးမယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် စာအုပ်စီစဉ်သူတွေရဲ့ အားနည်းချက်လားတော့ မဆိုနိုင်ဘူး။
စာအုပ်က သွေးသောက်မဂ္ဂဇင်းမှာ ဆရာတင့်တယ် အခန်းဆက်ရေးခဲ့တာတွေကို ပြန်စုစည်းပြီး စာအုပ်ထုတ်ထားတာဆိုတော့ ရှေ့နောက် အစဉ်တွေလဲ လွဲချင် လွဲနိုင်မှာပါ။ သို့သော်လည်း ပျော်ပျော်ပါးပါးနဲ့ ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်ခင်ဗျာ။
ညွန့်ကြူး (မြန်မာပြန်) - ပင်လယ်ဝံပုလွေ
Saturday, February 27, 2016
ဓူဝံ - မာလာ
ဆရာမ ဂျူးက “ကျွန်မဖတ်ခဲ့သောစာအုပ်များ” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးဖူးတယ်။ သူ့ မေမေနဲ့ သူ့ မမတွေက စာအုပ်ဖတ်ရတာ စာအုပ်စုရတာ ဝါသနာကြီးကြတယ်တဲ့။ သူအနေနဲ့လဲ တတိယတန်း အရွယ်အထိ ပုံပြင်တွေ စာစီစာကုံးစာအုပ်မျိုးတွေက လွဲလို့ ရှည်လျားထွေပြားတဲ့ ဝတ္ထုစာအုပ်မျိုးကို တစ်အုပ်ကုန်အောင် တစ်ခါမှ မဖတ်ဖူးခဲ့ဖူးလို့ဆိုတယ်။
ဆရာမ ဂျူး စတုတ္ထတန်း ရောက်တဲ့အချိန် ကျောင်းပိတ်ရက်ရှည်ရောက်တော့ သူ့ မေမေက ဝတ္ထုစာအုပ်တစ်အုပ် ပေးဖတ်တယ်။ ရည်ရွယ်ချက်က စကားပြောတဲ့အခါ ယဉ်ကျေးသိမ်မွေ့အောင်လို့ ဆိုတယ်။ စာအုပ်က ဆရာဓူဝံ ရေးတဲ့ “မာလာ”။
စာအုပ်က ထူလွန်းတဲ့အတွက် ဆရာမ ဂျူးအနေနဲ့ ဖတ်ရမှာ သိပ်စိတ်မဝင်စားလှဘူး။ ဒါပေမယ့် သူ့ မေမေက အတင်းတိုက်တွန်းနေတဲ့အတွက် တစ်အုပ်လုံးကုန်အောင် ဖတ်ဖြစ်ခဲ့တယ်။ မာလာကို ဖတ်ရင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြစ်အပျက်တွေကို တွေ့လာရတယ်။
ဇာတ်ကောင် ဗိုလ်နန္ဒရဲ့ တော်တဲ့ ထက်တဲ့အကြောင်းတွေ၊ ဒုက္ခရောက်သူကို ကူညီလိုတဲ့ စိတ်ဓာတ်တွေ၊ ဘုရားတရား ကြည်ညိုတတ်တာတွေ၊ သူ့အသက်ကို စွန့်ပြီးတော့တောင် ကတိတည်ကြည်တာတွေဟာ ဆရာမဂျူးအတွက် ဝတ္ထုဖတ်ရင်း မျက်ရည်တောင် ကျမိသွားတဲ့အထိ ဖြစ်ရတယ်တဲ့။
အခုလဲ ... စာမျက်နှာ ခြောက်ရာကျော်ထူတဲ့ စာအုပ်တစ်အုပ်ကို လုပ်မိသွားပြန်ပြီ။ တောင်းတဲ့သူတွေ အလွန်များလာတဲ့အတွက် ဘယ်လိုမှ မခံစားနိုင်တော့လို့ စာအုပ်လုပ်ပေးလိုက်ပါတယ်ဗျာ။
Subscribe to:
Posts (Atom)
Search
အိမ်မှာ သင်ကြားပေးသည်။

ကွန်ပျူတာကို အခြေခံမှစ၍ အိမ်အရောက် စနစ်တကျ သင်ပေးပါသည်။
Popular Posts
Categories
- nyisayebookcreator (4)
- ကိုပိုက် (1)
- ကိုစောညိန်း (1)
- ခင်ဝမ်း (1)
- ချစ်စိန်လွင် (1)
- ချစ်ဦးညို (1)
- ဂျက်ကွမ်းခြံကုန်း (2)
- စစ်ကိုင်းဦးဘိုးသင်း (4)
- စံပယ်ဖြူနု (2)
- စုမြတ်ကို (1)
- ဆင်ဖြူကျွန်းအောင်သိန်း (2)
- ဆန်းထွန်း (1)
- ဆရာဦးသော်ဇင် (1)
- ဇဝန (1)
- ညိုမြ (1)
- ညီပုချေ (1)
- ညီစေ (3)
- ညီစေစာအုပ် (2)
- တက္ကသိုလ်ဘုန်းနိုင် (1)
- တင့်တယ် (1)
- တင်ထွန်း(တောင်ကုတ်) (1)
- တင်မောင်မြင့် (1)
- တရာမင်းဝေ (1)
- ဒဂုန်တာရာ (1)
- ဓူဝံ (1)
- နတ်နွယ် (5)
- နီကိုရဲ (1)
- ပန်းချီမောင်ငွေထွန်း (1)
- ပါရဂူ (6)
- ပါမောက္ခ ဦးဖေမောင်တင် (1)
- ကြယ်နီ (1)
- ဗန်းမော်တင်အောင် (6)
- ဘာသာပြန်စာအုပ်များ (4)
- မင်းရှင် (1)
- မင်းသုဝဏ် (1)
- မမိုးမြေ (1)
- မုရှခါဇုအော့ (1)
- မလေးလုံ (2)
- မြန်မာစာအုပ်များ (114)
- မြသန်းတင့် (8)
- ရန်ကုန်ဘဆွေ (3)
- ရွာစားစိန်တင်ဟန် (1)
- ရဲမြင့်လွင် (1)
- လင်းယုန်သစ်လွင် (3)
- လူထုဦးလှ (3)
- သခင်မြသန်း (1)
- သိန်းဖေမြင့် (1)
- အထောက်တော်လှအောင် (2)
- ဦးလှဒင် (1)
- ဦးဝင်းတင် (1)
- ဦးနု (1)
- ရွှေကိုင်းသား (1)
- ကောင်းဈာန်သိမ်း (1)
- ကျော်ဝင်း (1)
- ကျော်အောင် (1)
- ဇော်ဂျီ (2)
- ဇော်ဝင်းကို (1)
- ဒေါက်တာ Modd (1)
- ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် (1)
- ဒေါက်တာခင်မောင်ညွန့် (1)
- ဒေါက်တာသင်းသင်း (1)
- ဒေါက်တာသန်းထွန်း (1)
- ဒေါက်တာကျော်မြင့် (1)
- နေဝင်းမြင့် (1)
- မေတ္တာရှင် (ရွှေပြည်သာ) (1)
- မောင်ကိုကို (အမရပူရ) (1)
- မောင်ထွန်းသူ (2)
- မောင်မိုးသူ (1)
- မောင်ရှင်စော (1)
- မောင်သာချို (1)
- မောင်သာနိုး (2)
- မောင်သိန်းဆိုင် (1)
- ရွှေဥဒေါင်း (1)
- သော်တာဆွေ (2)
- ညွန့်ကြူး (မြန်မာပြန်) (1)
- နွယ်သစ် (1)
- နိုင်ဦး (1)
- နိုင်ဇော် (3)
စာအုပ်အညွှန်းများ
Powered by Blogger.