Tuesday, March 8, 2016

တင့်တယ်၏ တင့်တယ်

ဆရာသော်တာဆွေနဲ့ ဆရာတင့်တယ် အတွဲမိမိနဲ့ ဘာကြောင့် ပေါင်းနိုင်သလဲဆိုတာ ဒီစာအုပ် ဖတ်ကြည့်မှ သိရတယ်။ ဆရာတင့်တယ်လဲ တယ်ပြီး မခေလှဘူး။ ဘီဘီစီမှာ ဆရာတင့်တယ် အလုပ်သွားလုပ်ရင်း အင်္ဂလန်အတွေ့အကြုံလေးတွေကို ဖောက်သည်ချထားပါတယ်။

စာအုပ်က အချို့နေရာတွေမှာ အဆက်အစပ်သိပ်မမိချင်ဘူး။ တချို့ ဇာတ်ကောင်တွေ အစပျိုးထားပြီး ပါမလာတာလဲ တွေ့ရတယ်။ ဆရာတင့်တယ်ကိုယ်တိုင်ကတော့ အစီအစဉ်တကျမဟုတ်ပဲ စိတ်ထဲ ပေါ်ရာ ရေးမယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် စာအုပ်စီစဉ်သူတွေရဲ့ အားနည်းချက်လားတော့ မဆိုနိုင်ဘူး။  

စာအုပ်က သွေးသောက်မဂ္ဂဇင်းမှာ ဆရာတင့်တယ် အခန်းဆက်ရေးခဲ့တာတွေကို ပြန်စုစည်းပြီး စာအုပ်ထုတ်ထားတာဆိုတော့ ရှေ့နောက် အစဉ်တွေလဲ လွဲချင် လွဲနိုင်မှာပါ။ သို့သော်လည်း ပျော်ပျော်ပါးပါးနဲ့ ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်ခင်ဗျာ။ 

0 comments:

Post a Comment