Wednesday, December 17, 2014

မလေးလုံ - ဖေမောင်တင် (သို့) ဘသက်ရှည်

အရင်တုန်းကတော့ စာအုပ်ထူကြီး နှစ်အုပ်အဖြစ်နဲ့ ထုတ်ဝေခဲ့ဖူးတယ်။ အခုကတော့ နှစ်အုပ်ကို ပြန်ပေါင်းပြီး စာရွက်သားကောင်းကောင်း အပြင်အဆင်ကောင်းကောင်းနဲ့ ပြန်လည် ထုတ်ဝေထားပါတယ်။

အတော့်ကို ဖတ်လို့ကောင်းပြီး ရသဟန် အပြည့်ပါတဲ့ အတ္ထုပ္ပတ္တိစာအုပ်ကောင်းကြီး တစ်အုပ်ပါ။ တစ်ချိန်တုန်းက ပထမတွဲကို ဖတ်မိပြီး ဆက်ဖတ်ဖို့ ဒုတိယတွဲ ရှာမရခဲ့တာနဲ့ စိတ်ထဲ တသသ ဖြစ်ခဲ့ရဖူးတဲ့ စာအုပ်တစ်အုပ်ဆိုလဲ မမှားပါဘူး။

ဒီစာအုပ်ကို ကျနော့်လို အဖြစ်မျိုးနဲ့ ကြုံခဲ့ပြီး ဆက်လက်ဖတ်ရှုဖို့ ရှာဖွေနေတဲ့ သူအတွက် ရည်ရွယ်ပါတယ်။










ရဘက်ကာ
အထောက်တော်လှအောင် 

Daphne Dumaurier၏ Rebeccaကို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ရိုးရှင်းတယ်ထင်ရသလောက် တဖြည်းဖြည်းနဲ လျှို့ဝှက်မှုတွေဆီ ဆွဲခေါ်သွားတဲ့ ၀တ္ထုပါ။ 









ကမ္ဘာကြီးက တောင်ကန် မြောက်ကန်
ဂျက်ကွမ်းခြံကုန်



Wednesday, June 18, 2014

လမ်းပေါ်မှာ - မင်းရှင်

လှပသေသပ်တဲ့ ဝါကျအဖွဲ့အနွဲ့လေးတွေနဲ့အတူ ရင်ထဲ နင့်ကနဲ နင့်ကနဲ နေအောင် အနုပညာမြောက်စွာ ရေးဖွဲ့ထားတဲ့ ဆရာမင်းရှင်ရဲ့ ဝတ္ထုတိုလေးတွေပါ။ 






နမ်းကြာညို (လက်ရွေးစင်စာစုများ) - ညိုမြ



ဆရာညိုမြ ရေးသားခဲ့သော စာပေများကို မဂ္ဂဇင်း အစောင်စောင် ဂျာနယ် အစောင်စောင်ကနေ ထုတ်နုတ်ပြီး စုစည်းထားတဲ့ နမ်းကြာညို လက်ရွေးစင်စာပေါင်းစုပါ။ ဆရာညိုမြရဲ့ ငယ်မူငယ်သွေး လက်ရာလေးတွေနဲ့အတူ သရော်တော်တော် ရေးဟန်လေးတွေကိုလဲ တဝကြီးဖတ်ရမှာ ဖြစ်ပါတယ်။ စာအုပ်က စာမျက်နှာ ၆၀၀ ကျော် မနည်းထူတာမို့ သည်းခံပြီးသာ ဆွဲယူကြပါခင်ဗျာ။ နောင်တစ်ချိန်မှာ တန်ဘိုးမဖြတ်နိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်လာနိုင်ဖွယ် ရှိပါကြောင်း ..။









Monday, June 9, 2014

ခရစ်(စ)တီယန်ဘားနဒ်၏ ဘဝတစ်ခု ဒေါက်တာကျော်မြင့် မြန်မာပြန်ဆိုသည်။




မသိရင်ခက်မယ် - ဂျက်ကွမ်းခြံကုန်း





ရုပ်ပုံလွှာ 
ဒဂုန်တာရာ






Monday, April 21, 2014

 နွေကန္တာ - တင်မောင်မြင့်







အမေရိကန်နိုင်ငံ လွတ်လပ်ရေးမရသေးခင် နိုင်ငံအ၀ှန်း ကျွန်စနစ်တွေ ထွန်းကားခဲ့စဉ် ကာလများဆီမှ ဖြူစင်တဲ့ စိတ်ထားပိုင်ရှင် မိန်းကလေးတစ်ယောက်ရဲ့ ဘဝဖတ်သန်းမှုကို ကျောရိုးပြုပြီး ရေးသားထားတာပါ။ ဖတ်နေကျ ဘာသာပြန်ဝတ္ထုတွေလို ယုတ်မာခြင်းတွေ၊ ကောက်ကျစ်ခြင်းတွေ အလျင်းမပါဘဲ ဖြစ်တတ်တဲ့ လူ့သဘာဝတွေ၊ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူတို့ရဲ့ အတွင်းစိတ်များအတွင်းမှ ဖြူစင်မှုတွေကို ဖော်ကျူးထားနိုင်တဲ့ ၀တ္ထုကောင်း တစ်ပုဒ်လို့ ထင်မြင်မိကြောင်းပါ။

Thursday, March 20, 2014

 ဥတ္တရအလင်း
ဦးဝင်းတင်



နမင်းတစ်ထောင် ပဉ်တွဲ၊ ဆတွဲ၊ သတွဲ၊ ဋ္ဌတွဲ
ဆင်ဖြူကျွန်းအောင်သိန်း

ဋ္ဌတွဲ

နေမင်းတစ်ထောင်ကို အဲသလောက် အားပေးကြမယ်လို့ ထင်တောင် ထင်မထားခဲ့ပါဘူး။ ကျနော့် မီဒီယာအကောင့်ထဲတော့ download လုပ်သွားသူ ဦးရေဟာ ၈၀၀ ကျော်ပါတယ်။ ဒီလောက် အနေအထားကို ရတယ်ဆိုရင် ကျနော့်အတွက် စာအုပ် လုပ်ပေးရကျိုးနပ်ပါပြီ။

ပထမ တစ်ဖြတ်အနေနဲ့ လေးအုပ်တွဲကို တင်ပြီးတဲ့နောက် ... နောက်ထပ် လေးအုပ်ကို တင်ပေးနိုင်ဖို့ အရေးဟာ မထင်မှတ်ပဲ ကြန့်ကြာသွားခဲ့ရတယ်။ ကျနော့်မှာလဲ အခြား အလုပ်ကိစ္စလေးတွေ ရှိနေတာမို့ မအားလပ်တာနဲ့ စာအုပ်ကို စိတ်အေးလက်အေး လုပ်ရတယ် မရှိပါဘူး။ ဆက်ရန်များကို ဖတ်ဖို့စောင့်နေကြတဲ့ ညီအစ်ကို မောင်နှမများက မက်ဆေ့ပို့လို့ တသွယ်၊ ကော်မန့်ရေးလို့ တစ်ဖုံနဲ့ ခဏခဏ တောင်းဆိုလာကြတဲ့အတွက် ကျနော် သိပ်ကို အားနာမိတယ်။

ဒါကြောင့် ... ညက တစ်ညလုံး မအိပ်ပဲ လုပ်တယ်၊ ဒီနေ့ရောက်တော့လဲ တစ်နေ့လုံး လုပ်တယ်။ အခုတော့ ပြီးသွားပါပြီ ခင်ဗျာ။ စာချစ်သူ ညီအစ်ကို မောင်နှမများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။


နေမင်းတစ်ထောင် ပတွဲ၊ ဒုတွဲ၊ တတွဲ၊ စတွဲ 
ဆင်ဖြူကျွန်းအောင်သိန်း

အရင်ဧကရာဇ် အခုလူ
ဒေါက်တာသန်းထွန်း




တရုတ်ပြည်ရဲ့ နောက်ဆုံး ဧကရာဇ်မင်းတစ်ပါးရဲ့ အတ္ထုပ္ပတ္တိပါ ခင်ဗျာ။ ရုပ်ရှင်အဖြစ်လဲ ရိုက်ကူးထားတယ်လို့ ထင်ပါတယ်။ ကျနော်တော့ စာအုပ်ကို ebook သာလုပ်လိုက်ရတယ် အခြားအခြားသော ကိစ္စတွေနဲ့ စာအုပ်ကို ကောင်းကောင်း မဖတ်ရသေးပါဘူး။ စာမျက်နှာ ၃၀ ကျော်ကျော်လောက်ပဲ ဖတ်ရသေးပါတယ်။ စာအုပ်ကောင်း တစ်အုပ်လို့ ယုံကြည်နေပါတယ်ခင်ဗျာ။
ပန်းချီခရီးသည် 
ပန်းချီမောင်ငွေထွန်း




https://www.facebook.com/theim.soe.3 မှ စာအုပ်လှူဒါန်းပါသည်။

စာအုပ်ကတော့ တကယ့်ကိုရှားပါးပြီး တန်ဘိုးရှိတဲ့ စာအုပ်ပါပဲ။ အစ်ကိုတစ်ဦးက သူအမြတ်တနိုး သိမ်းထားတဲ့ စာအုပ်လေးကို ကိုယ်တိုင် စကင်ဖတ်ပြီး ကျနော့်ဆီ လှူဒါန်းလာလို့ ebook အဖြစ် ဖန်တီးပြီ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။

လှူဒါန်းတဲ့ အစ်ကိုကတော့ ဒီလို မိတ်ဆက်ပေးလိုက်ပါတယ် ....

ပန်းချီမောင်ငွေထွန်း ဆိုတာ အကယ်ဒမီများရှင် ကိုရန်အောင်၏ ဦးလေးဖြစ်ပြီး၊ ကိုရန်အောင်၏ အမေ ဒေါ်သိန်းသိန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပါတယ်တဲ့။ ယခင်က ထုတ်ဝေခဲ့တဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှ လုပ်သား FONT နှင့် LOGO ဟာ ဆိုရင် ပန်းချီမောင်ငွေထွန်း၏ လက်ရာများသာ ဖြစ်ပါတယ်။ နောက်ပြီး လက်ဝဲစာလုံးကို စတင်တီထွင် ရေးသားခဲ့သူလဲ ဖြစ်ပါတယ်။

စာအုပ်ထဲမှာတော့ ဆရာဟာ မြန်မာပြည်အနှံ့ကို ခရီးထွက်ပြီး သူ တွေ့မြင်ခဲ့ရတာတွေကို ပန်းချီနဲ့ မှတ်တမ်းတင်တယ်။ ဟိုး ဝေးလံခေါင်သီတဲ့ နာဂဒေသတို့ ပူတာအိုအထက် မချမ်းဘော့အထိတောင် ခရီးထွက်ပြီး ပန်းချီနဲ့ မှတ်တမ်းတင်ခဲ့တယ်။ သူတို့ရဲ့ ရိုးရာဓလေ့တွေကို အရိုးခံစိတ် အမျိုးသားစိတ်အပြည့်နဲ့ ရေးသား မှတ်တမ်းတင်ခဲ့တယ်။ အားပေးလိုက်ကြပါဦး ခင်ဗျာ ...။
ကာလိဒါသ၏ ဘဝအတွေ့အကြုံများ ဒုတိယတွဲ
လူထုဦးလှ 



ကာလိဒါသ၏ ဘဝအတွေ့အကြုံများ ပထမတွဲ
လူထုဦးလှ




လူထုဦးလှရဲ့ ကာလိဒါသ၏ ဘဝအတွေ့အကြုံများ စာအုပ် ပထမတွဲ ဒုတိယတွဲကို စာအုပ် လုပ်ထားတာတော့ ကြာပါပြီ။ ဒီရက်အတောအတွင်း အင်တာနက်လိုင်းကို စိတ်ခုမိတာကြောင့် စာအုပ်မတင်ပဲ စာအုပ်တွေ ကျွမ်းထိုးမှောက်ခုံ ဖတ်၊ ဟိုနေရာအလေလိုက် ဒီနေရာ အလေလိုက် လုပ်နေတာနဲ့ စာအုပ်တင်တဲ့ဘက်ကို ခြေဦး မလှည့်ဖြစ်ဘူး ဖြစ်သွားတယ်။ အဲဒီအတွက် စာအုပ်မျှော်လင့်နေသူ ညီအစ်ကိုမောင်နှမများကို တောင်းပန်ပါတယ်ခင်ဗျာ။

လောလောဆယ် လူထုဦးလှရဲ့ ကာလိဒါသ၏ ဘဝအတွေ့အကြုံများ ပထမတွဲကို တင်ပါ့မယ်။ တအောင့်ကြာရင် ဒုတိယတွဲကို တင်ပါ့မယ်။ နောက် ဗုဒ္ဓဟူးနေ့လောက် ရောက်ရင် အစ်ကိုတော်တစ်ဦးထံမှ စကင်ဖတ်ပြီး လှူထားတဲ့ ပန်းချီမောင်ငွေထွန်းရဲ့ ပန်းချီခရီးသည် စာအုပ်ကို တင်ပါ့မယ်။ နောက်ထပ်နောက်ထပ် ဒေါက်တာသန်းထွန်းရဲ့ ယခင်ဧကရာဇ် ယခုလူ စာအုပ်၊ ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းရဲ့ နေမင်းတစ်ထောင် ၈ အုပ်တွဲ ဆက်တိုက်ဆက်တိုက် လာပါမယ့် ခင်ဗျာ။ စောင့်မျှော် အားပေးကြပါဦး။
တော်လှန်သော အဘိဓမ္မာ 
သခင်မြသန်း



မနေ့က တစ်နေ့လုံး ညီတစ်ယောက်နဲ့ ဒီစာအုပ်လေးကို လုပ်နေကြတာ။ စာအုပ် လုပ်ရခြင်း ရည်ရွယ်ချက်ကတော့ ကျနော့်ပေ့ခ်ျမှာ တင်ဖို့ ဟုတ်ပါဘူး။ သူတို့ရဲ့ Burma Marxist Learner ပေ့ခ်ျမှာ တင်ဖို့ သီးသန့်ပါပဲ။ ဒါပေမယ့် ဒီပေ့ခ်ျမှာလဲ ဖတ်ချင်သူများ ရှိကောင်း ရှိမယ် ထင်မိလို့ စာအုပ်ကို ယူတင်လိုက်ပါတယ်။

Tuesday, January 28, 2014

ဆင်ယင်ထုံးဖွဲ့မှု
ရွှေကိုင်းသား


ရေနံ့သာခင်ခင်ကြီး
မောင်သိန်းဆိုင်


အင်္ဂလိပ်အစိုးရခေတ်၊ ဖက်ဆစ်ဂျပန်ခေတ်ကို နောက်ခံ ထားပြီး ရေနံချောင်းဒေသက ရေနံတွင်းရိုးတွင်းစား မိသားစုနှစ်ခုရဲ့ အာဃာတ အငြိုးအတေးတွေကို ဖော်ကျူးထားတဲ့ ဆရာမောင်သိန်းဆိုင်ရဲ့ နာမည်ကြီး ဝတ္ထု။
ရှစ်စပ်ကဂျင်ခြေလည်သူ 
အထောက်တော်လှအောင်

အရှေ့လေတိုက်သောအခါ
မြသန်းတင့်

မန္တလေးက ညီတစ်ယောက်ကို လက်ဆောင်ပေးဖို့ ဝယ်ထားတဲ့ စာအုပ်လေးပါ။ သူ့ကို လက်ဆောင် မပေးခင် Ebook အဖြစ် ဖန်တီးပြီး အွန်လိုင်းပေါ်က ညီအစ်ကို မောင်နှမများကို အရင်ဦးဆုံး လက်ဆောင်ပေးပါတယ်။

ကျနော်တို့ရဲ့ ဆရာမြဟာ ခရီးသွားဆောင်းပါးတွေကို အတော်များများ ရေးခဲ့ဖူးပါတယ်။ အရှေ့လေတိုက်သောအခါ၊ ငွေသောင်ယံ၊ ဟွန်ဒါယဉ်ကျေးမှု၊ မေရီဗိုပေးနှင့် အီကွေတာညများ၊ မြောက်ဘက်တောင်ကုန်းဒေသမှ အပြန်၊ လွမ်းမောဖွယ်ရာ ကမ္ဗောဇ၏ နှင်းယွန်းဟေမန်ရက်များ၊ ပုံတောင်ပုံညာသွား တောလားတို့ဟာ ဆရာမြရဲ့ ခရီးသွား ဆောင်းပါးတွေပါပဲ။ ဒီအထဲကမှ အရှေ့လေတိုက်သောအခါ ဆိုတဲ့ စာအုပ်တစ်အုပ်ထဲသာ ရှားရှားပါးပါး ပြည်ပ ခရီးသွားမှတ်တမ်းစာအုပ်ဖြစ်ပြီး ကျန်တဲ့ စာအုပ်တွေကတော့ ပြည်တွင်း ခရီးသွား မှတ်တမ်းစာအုပ်များသာ ဖြစ်ပါတယ်။

ဆွီဒင်ပြည် စတော့ဟုမ်းမြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ညီလာခံကို ဆရာမြနဲ့ ဆရာဒဂုန်တာရာတို့ ဘယ်လို တက်ရောက်ခဲ့ကြတယ်၊ ဆိုဗီယက်ယူနီယံကို ဘယ်လိုလေ့လာခဲ့ကြတယ်ဆိုတာ ဒီစာအုပ်ကို ဖတ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။

(စကားမစပ် ... ဆရာမြနဲ့ ဆရာဒဂုန်တာရာတိုရဲ့ ငယ်ငယ်တုန်းက ပုံကို ကြည့်ရတာ တော်တော်ခန့်တယ်နော်)
 

ကျွန်တော်မစ္စတာဘားမား 
ဒေါက်တာခင်မောင်ညွန့်
ဆက်ဒမ်၏ ဘဝနှင့် မလှသောနိဂုံး 
တင်ထွန်း(တောင်ကုတ်)



ပြည်တော်သာခင်ခင်ဦး
ဗန်းမော်တင်အောင်





ဒီစာအုပ်ကို ကျနော်တော့ မဖတ်ကြည့်ရသေးပါဘူး။ မက်ဆေ့ကနေ တောင်းတဲ့သူများလာလို့ တကူးတက ကို ရှာပြီး စာအုပ်လုပ်ပေးခြင်းဖြစ်ပါတယ်။
လက်တွေ့ဇင်ဗုဒ္ဓဓမ္မခရီး 
ဒေါက်တာသင်းသင်း 




ဓမ္မဒါန အဖြစ် Ko zayya (http://zayya.wordpress.com/) မှ စာစီစာရိုက်၍ Ebook အဖြစ် www.facebook.com/NyisayEbookCreator မှ ပြုလုပ်ဖန်တီးပါသည်။

လျှပ်တပြတ် ဘာဝနာ ပွားချင်သူများအတွက် ဖတ်သင့်မှတ်သင့် နည်းယူသင့်တဲ့ စာအုပ်တစ်ပါ။ ဘာသာရေးနဲ့ နှီးနွယ်သော်လဲ အခြားအခြားသော ဘာသာရေး စာအုပ်များနဲ့ မတူ ... မည်သည့် ကျမ်းကိုမှလဲ မကိုးကား။ အခက်အခဲတွေကြုံလာတိုင်း စိတ်ထဲ ပဋိပက္ခတွေ ဖြစ်လာတိုင်း စိတ်ကို အသင့်အတင့် နှလုံးသွင်းတတ်စေဖို့ (ယောနိသောမနသိကာရ ထားတတ်စေဖို့) အတွက် ဆရာမကြီးကိုယ်တိုင် ကျင့်ကြံခဲ့တာလေးတွေကို ရေးထားတဲ့ စာအုပ် ဖြစ်ပါကြောင်း။
စလေမင်းခွေး
စစ်ကိုင်းဦးဘိုးသင်း 



ကျွန်ဘဝကနေ ကြိုးစားရင်း ဘုရင် အဖြစ်ကို ရောက်သွားတဲ့ စလေမင်းခွေး အကြောင်းကို ရေးသားထားတဲ့ စာအုပ် တစ်အုပ်ပါ။ ဇာတ်လမ်းကြောင်းထဲ နီတိသဘော တရားလေးတွေ ဖြည့်စွက်ပြီး နောင်လာနောင် သားတွေ အတုယူသင့်တာယူဖို့ အမြော်အမြင် ကြီးနိုင်စေဖို့ ဆရာကြီးဦးဘိုးသင်းရဲ့ ကြိုးစားအားထုတ်မှု တစ်ရပ်လို့လဲ ဆိုချင်ပါတယ်။ တစ်ခေတ် တစ်ခါက စလေမင်းခွေး စာအုပ်ဟာ ကျောင်းသုံး စာအုပ် အဖြစ် ပြဌာန်းခြင်း ခံရတဲ့ စာအုပ်ပါ။ ဆရာကြီးရဲ့ စာပေလက်ရာတွေကို မပျောက်ပျက်စေချင်လို့ Ebook အဖြစ် ဖန်တီးလိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ။ 

ကောလိပ်ကျောင်းသား
ဇဝန 





တာဝန်တွေ လစ်ဟင်းခဲ့တဲ့ ကျနော်ဟာ တစ်နေ့မှာ စိတ်ကောင်းလေး ပေါ်လာတာနဲ့ ဆရာဘုန်းကြီးရဲ့ အခန်းကို သန့်ရှင်းရေး လုပ်ပေးခဲ့တယ်။ ပွရှုပ်ပြီး ပြန့်ကျဲနေတဲ့ စာအုပ်တွေကို အမျိုးတူရာ လိုက်စုပြီး သေသေသပ်သပ် ပြန်စီ၊ ပါဠိတော်စာအုပ်က ပါဠိတော် တစ်ကန့်၊ အဋ္ဌကထာ စာအုပ်က အဋ္ဌကထာ တစ်ကန့်၊ ဋီကာစာအုပ်က ဋီကာ တစ်ကန့်၊ နိဿယစာအုပ်က နိဿယ တစ်ကန့်၊ အခြား ဝတ္ထု စတဲ့ ဖတ်ဖွယ် မှတ်ဖွယ်စာအုပ်တွေက တစ်ကန့်ပေါ့။

အဲသမှာ .. စာအုပ်တွေ စီရင်း ဆရာကြီး ဇဝနရဲ့ ကောလိပ်ကျောင်းသား ဆိုတဲ့ စာအုပ်ကို မြင်လိုက်ရတော့ ကျနော့်မှာ ရင်တွေတောင် ခုန်တယ်။ ဒါပေမယ့် ရင်ခုန်သံက တစ်ဝက်တပျက်ကြီးရယ်။ မြင်လိုက်ရတာက ဒုတိယတွဲ တစ်အုပ်ထဲ။ ပထမတွဲကို ဆရာဘုန်းကြီး အခန်းထဲ မွှေနှောက်ပြီး ရှာသော်လဲ မတွေ့ဘူးဗျာ။

တကယ်တော့ ဆရာကြီး ဇဝနရဲ့ တို့ကျောင်းသား၊ ကောလိပ်ဂျပိုး တို့ကို ဖတ်ပြီးတဲ့နောက် ကောလိပ်ကျောင်းသားကို ဖတ်ရဖို့ စိတ်ကူး ယဉ်ခဲ့ဖူးတယ်။ ကျနော် စိတ်ကူး ယဉ်လောက်အောင်လဲ တစ်ခေတ် တစ်ခါက ဂန္ထဝင်မြောက်အောင် ကျော်ကြာခဲ့တဲ့ ဝတ္ထုရှည်ကြီး ဖြစ်ခဲ့တာကို။ ဘယ်လိုမှ ရှာမတွေ့လို့သာ ဖတ်ခွင့် မကြုံခဲ့ရတာ။ အခု ဖတ်ခွင့် ကြုံလာပြန်တော့ တစ်ဝက်တပျက်ကြီး။ အဲလိုနဲ့ အားမတန် မာန်လျော့ရင်း တစ်နေ့တော့ လှည်းတန်းက စာအုပ်ဆိုင် တစ်ဆိုင်မှာ ကန့်ကော်ဝတ်ရည်က တစ်အုပ်ထဲပေါင်းပြီး ထုတ်ထားတဲ့ ကောလိပ်ကျောင်းသား စာအုပ်ကို တွေ့ရတယ်။ ပါလာတဲ့ ပိုက်ဆံလေး အကုန်သွန်ပြီး ဝယ်လိုက်မိပါတယ်ဗျာ။

ကျနော့်လို ကောလိပ်ကျောင်းသား စာအုပ်ကို ဖတ်ချင်ပြီး ဖတ်ခွင့်မရသူများ၊ စာအုပ်ကို ရှာလို့ မရသူများအတွက် ကိုယ်ချင်းစာမိလို့ စေတနာများစွာနဲ့ စာအုပ်ထူကြီး တစ်အုပ်ကို ပီဒီအက် အဖြစ် ဖန်တီးလိုက်ပါတယ်။ စာချစ်သူ ညီအစ်ကို မောင်နှမများ ပျော်ရွှင်ချမ်းမြေ့ပါစေ ...။
ဂီတကို ကဗျာမှုပြုသူ 
ကိုစောညိန်း
 
 
 

ကိုစောညိန်းကို ချစ်သောသူများအတွက် ကိုစောညိန်း အလွမ်းပြေ စာအုပ် တစ်အုပ်ပါ။

တိုတောင်းလှတဲ့ ကိုစောညိန်းရဲ့ ဘဝ တခဏလေးအတွင်းမှာ ဖန်တီးခဲ့တဲ့ သီချင်း၊ ဆောင်းပါး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ နောက်ဆုံး ကိုစောညိန်းရဲ့ ရီးစားစာပါ မကျန်ရအောင် စုစည်းထားတဲ့ စာအုပ်တစ်အုပ်လဲ ဖြစ်ပါတယ်။
 
 

တို့ ဘုရားကို တို့ ဖူးပြီ 
 မောင်ကိုကို (အမရပူရ)




စာအုပ်ကောင်းလေး တစ်အုပ်ပါ။ သိပ်လှတဲ့ အက်ဆေးလေးတွေနဲ့ ဖွဲ့စည်းထားတယ် ဆိုရင်လဲ မမှားပါဘူး။

မြန်မာပြည်မှာ နေပြီး မြန်မာပြည်ကို လွမ်းနေတဲ့ ဆရာမောင်ကိုကိုရဲ့ အလွမ်းစိတ်တွေ ...၊ ခရီးဝေးကို ထွက်ခွာသွားကြပြီ ဖြစ်တဲ့ ခင်ဝမ်း၊ ထူးအိမ်သင်၊ မောင်ချောနွယ်၊ ဒဂုန်တာရာ စသူတို့အပေါ် လွမ်းနေတဲ့ အလွမ်းစိတ်တွေ ...။

ဒီစာအုပ်လေးကို ဖတ်ပြီး မွတ်သိပ်မှု တစ်ခုခုတော့ ပြေပျောက်နိုင်မယ် ထင်ပါရဲ့။ အရင်က PDF အဖြစ် ရှိဖူးပါတယ်။ မှုံဝါးဝါးနဲ့ ဖတ်လို့မကောင်းတာမို့ အသစ်ပြန်လုပ်လိုက်တာပါ။

ဗိုလ်ချုပ်အောင်ဆန်း ပြည်ချစ်ပန်း
ကာတွန်း - ညီပုချေ


 

ဒီ ကာတွန်းစာအုပ်လေးက ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ရေးဆွဲထားတဲ့ ကာတွန်းလေးပါ။ လူကြီးတွေ အဖို့ သိပြီးသားတွေကြီးပါပဲ။ ကလေးတွေ အတွက်တော့ စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။ ကလေးတွေ ဖတ်နိုင်စေဖို့ပဲ ဦးတည်ပါတယ် ခင်ဗျာ။

ဒီစာအုပ်လေးကို စကင်ဖတ်ပြီး ပို့ပေးတဲ့ ဒေါ်လေး ဖြူစင်ဦးကို ကျေးဇူးတင်ပါတယ် ခင်ဗျ။

Friday, January 24, 2014

မြန်မာစာပေသမိုင်း 
ပါမောက္ခ ဦးဖေမောင်တင်



အထူးညွှန်းစရာ လိုမယ်မထင်ပါ။

မြန်မာ့စာပေလောကမှာ အရှိန်အဝါ သြဇာ ကြီးမားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပြီး၊ မြန်မာစာပေကို လေ့လာ လိုက်စားသူများအတွက် မဖြစ်မနေ ဆောင်ထားရမယ့် စာအုပ်။ ကျမ်းကိုးကျမ်းကား ပြုဖို့အတွက် မဖြစ်မနေ ဆောင်ထားရမယ့် စာအုပ် ဖြစ်ပါကြောင်း ...။
On 11:06 PM by Unknown in    No comments
တောအကြောင်းတောင်အကြောင်း ၃ (မိမိနှင့် စာပေအရိပ်အယောင်ပုံရိပ်များ)
နတ်နွယ်
PDF_Yaybawal

တောအကြောင်း တောင်အကြောင်း ၂
မိမိနှင့် စာပေလှိုင်းဂယက်များ
PDF _ ရာမညသူလေး



တောအကြောင်း တောင်အကြောင်း 
 နတ်နွယ် (မိမိနှင့်စာရေးဆရာများ)




ဆရာနတ်နွယ်ရဲ့ တောအကြောင်းတောင်အကြောင်းများ စာအုပ်က ၃ တွဲ ရှိပါတယ်။ (၁) မိမိနှင့် စာရေးဆရာများ (၂) မိမိနှင့် စာပေလှိုင်းဂယက်များ (၃) မိမိနှင့် စာပေအရိပ်အယောင်ပုံရိပ်များ ဆိုပြီး အတွဲ ၃ တွဲပါ။

၃ တွဲလုံးကို စုပေါင်းပြီး စာအုပ် တစ်အုပ်ထဲ လုပ်ပေးမယ် ဆိုရင် စာမျက်နှာအရေအတွက် အရမ်းများသွားနိုင်တာ တစ်ကြောင်း၊ ဖိုင်ဆိုဒ်လဲ မဟားဒယား ကြီးသွားမှာ တစ်ကြောင်းမို့ တစ်အုပ်ချင်းစီပဲ ခွဲပြီး ထုတ်လိုက်ပါတယ်။ ကျန်တဲ့ ၂ တွဲလဲ သိပ်မကြာခင် ထွက်လာမှာပါ ခင်ဗျာ။
အပြာ အဝါ
နတ်နွယ်



ဘော့ကျန်
ရဲမြင့်လွင်




လုံးဝ မထင်မှတ်ထားပဲ ဖတ်လို့ သိပ်ကောင်းတဲ့ စာအုပ်လေး တစ်အုပ်ပါ။ စာအုပ်ရဲ့ အရည်အသွေးကတော့ တတိယအကြိမ်အထိ ပုံနှိပ်ရတာကို ကြည့်သောအားဖြင့် မခေဘူးဆိုတာ သိနိုင်ပါလိမ့်မယ်။

ခေါင်းမာပြီး ထင်ရာလုပ်တတ်တဲ့ လူငယ်လေးတစ်ယောက်၊ ဟန်ဆောင်မှု ကင်းမဲ့တဲ့ လူငယ်လေးတစ်ယောက်ကို နားလည်မှု မပေးနိုင်တော့ ...။ မိဘကလဲ သူ့ကို အကောင်းမမြင် ပတ်ဝန်းကျင်ကလဲ လူဆိုးလေးလို့ ထင်။ အဲလို အထင်အမြင်တွေ ကြားထဲ သူ့ဘဝကို ကျော်ဖြတ်ရင်း ကျောင်းတွေတက် ဘွဲ့တွေ ရလာပြီးတဲ့နောက် ကျောင်းဆရာ ဖြစ်လာခဲ့တယ်။

သူ ကျောင်းဆရာ ဖြစ်လာတဲ့အခါ ကျောင်းသားတွေအပေါ် ဘယ်လိုများ ပြုမူ ဆက်ဆံသလဲ၊ မိမိနဲ့ တန်းတူ ကျောင်းဆရာတွေအပေါ် ဘယ်လို ဆက်ဆံသလဲ။ သူ့ ပတ်ဝန်းကျင်ကို ဘယ်လို ဆက်ဆံသလဲ။ သူ့ရဲ့ ဘဝကို ဘယ်လိုများ ရှုမြင်သွားသလဲ ...? မေးခွန်းပေါင်းများစွာ။

ဂျပန်စာရေးဆရာကြီး နာစုမဲ့ဆောဆဲကီးရဲ့ အအောင်မြင်ဆုံး စာအုပ်တစ်အုပ်ကို ဆရာရဲမြလွင်က စေတနာ ဗလပွနဲ့ ဘာသာပြန်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ ဘော့ကျန် စာအုပ် လူသိထင်ရှား ရှိသလား မရှိသလား မသိရသော်လဲ ဂျပန်ပြည်မှာတော့ ဒီစာအုပ်ဟာ လူငယ် လူကြီး အတန်းစားမရွေး ဖတ်ခဲ့တဲ့ စာအုပ် တစ်အုပ်အဖြစ် ထင်ရှားကျော်ကြားပါတယ်။ ပြဇာတ်အဖြစ်နဲ့ ကပြခဲ့ရသလို ရုပ်ရှင်ဇာတ်လမ်းအနေနဲ့ ရိုက်ကူးခံခဲ့ရတဲ့ ဝတ္ထုပါ။ ဖတ်ကြည့်ရင် အရှုံးမရှိနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါကြောင်း ညွှန်းလိုက်ရပါတယ် ခင်ဗျာ။
ဒေါက်တာလွမ်းဝေ
ဗန်းမော်တင်အောင်



လင်္ကာရည်ကျော်ရဲ့ ကြိုးကြာတောင်ပံခတ်သံကို ဖတ်ပြီးတဲ့နောက် ဗန်းမော်တင်အောင်ရဲ့ ဒေါက်တာ လွမ်းဝေကို ဖတ်ကြည့်တဲ့အခါ ...

ပြည်သူထဲက ပြည်သူ့ဆရာဝန်ဆိုတာလေး ရုပ်လုံး ပေါ်လာသလိုလို ...။ ဒါပေမယ့် ဒေါက်တာ လွမ်းဝေက နည်းနည်းတော့ စိတ်ကူးယဉ်ဆန်တယ် ပြောရမလား မသိ။ အဲလို ဆရာဝန်မျိုး အပြင်မှာ တစ်ခါမှလဲ မတွေ့ဖူးသေးဘူး။ သို့ပေမယ့် ဆရာဗန်းမော်တင်အောင် ပြောချင်တဲ့ သဘောက ခေတ်တစ်ခေတ်ရဲ့ အာဏာရှင်ဆန်မှုအောက်မှာ အနိုင်ကျင့်ခံလိုက်ရတဲ့ ဆရာဝန်တစ်ယောက်ရဲ့ ဘဝ။ ခေတ်တစ်ခေတ်ရဲ့ အာဏာရှင်ဆန်မှုအောက်မှာ အနိုင်ကျင့်ခံရတဲ့ ပြည်သူတွေရဲ့ ဘဝ ...။ ဖတ်ကြည့်ပြီး ဝေဖန်ပါတော့ ခင်ဗျာ။
ရသစာပေ အဖွင့်နှင့်နိဒါန်း
ဇော်ဂျီ



အချစ်မိုးကောင်းကင် (ပ) (ဒု) 
မြသန်းတင့်
PDF_Yaybawal


တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ 
(ဒုတိယအုပ်)
မြသန်းတင့် 




တောင်သမန် (ဒု) အုပ်ကို ဖတ်ရပြီးတဲ့နောက် စာအုပ်အဖုံးကို ရေးဆွဲပေးတဲ့ ဆရာ မောင်ညိုဝင်းရဲ့ ခံစားချက်ကို ကျနော့် ရင်ဘတ်နဲ့ နားလည်ခဲ့ရတယ်။

တောင်သမန် စာအုပ်မှာ ဖုံးတဲ့ စာအုပ်အဖုံးဟာ အခြားစာအုပ်တွေလို သာမန်မဟုတ်ခဲ့ပါဘူး။ အတော်ကို ခံစားပြီး ရေးဆွဲထားတဲ့ ပန်းချီကို စာအုပ်အဖုံးအဖြစ် လုပ်ထားတာပါ။ ပန်းချီရဲ့ ဟန်ကိုလဲ ကြည့်ပါ။ ဆေးရောင်ကိုင်တာ စုတ်ချက်တွေ ဘယ်လိုပင့်ပြီး ဘယ်လို ချယ်မှုန်းခဲ့တာ။ ပန်းချီထဲမှာ ပေါ်နေတဲ့ မျက်နှာတွေကိုလဲ ကြည့်ပါ။ အာလူးစားသူများ ပန်းချီကို ကြည့်ရသလိုကို ခံစားရတယ်။

ဒါကြောင့် ပထမအုပ်က စပြီး ခံစားခဲ့ရတာပဲ။ ကျနော် တောင်းပန်ချင်ပါတယ်။ ဒီက စာအုပ်ကို အခြားနေရာမှာ တင်မယ်ဆိုရင် အဲဒီ စာအုပ်အဖုံး ပုံလေးတော့ ရအောင် တင်ပေးကြပါ ခင်ဗျာ။ စာအုပ်အဖုံးလေးတွေဟာလဲ သိပ်ပြီး ချစ်စရာကောင်းနေပါတယ်။

စာအုပ်အဖုံးအတွက် တကူးတက အပင်ပန်းခံပြီး စကင်ဖတ်ပေးခဲ့တဲ့ ကျနော့် အစ်မ ကြီးစု http://suuchitthu.blogspot.com/ ကိုလဲ အထူးပင် ကျေးဇူးတင်ပါတယ်။ တောင်သမန် စာအုပ်ကို တကူးတက ကျနော့်ဆီ လာပို့ပေးခဲ့တဲ့ ညီငယ် မိုးကြိုး https://www.facebook.com/natsoetamann ကိုလဲ အထူးပင် ကျေးဇူးတင်မိပါတယ်။
တောင်သမန်ရွှေအင်းက လေညင်းဆော်တော့ (ပထမအုပ်) 
မြသန်းတင့် 




ဦးညိုမြရဲ့ “ကုန်းဘောင်ရှာပုံတော်” စာအုပ် သိပ်ကောင်းတာပဲလို့ ကျနော်က ပြောတဲ့အခါ စာအတော်နှံ့တဲ့ အစ်ကို တစ်ဦးက ဘယ်လိုပြန်ပြောလိုက်သလဲဆိုရင် ....။

ဆရာမြသန်းတင့်ရဲ့ “တောင်သမန်ရွှေအင်းက လေညှင်းဆော်တော့” စာအုပ်ကို မဖတ်ဖူးလို့ ဒီစကားပြောတာတဲ့။ ကုန်းဘောင်ရှာပုံတော်ထက် ပိုကောင်းတယ်၊ ပိုပြီးအနုစိတ်တယ်၊ ပိုပြီး ပြည့်စုံတယ်ပေါ့။ ဒီစကား ကြားတော့ တောင်သမန်စာအုပ်ကို သိပ်ဖတ်ချင်ခဲ့တယ်။

ဖတ်ချင်ပါတယ် ဆိုကာမှ စာအုပ်က လွယ်လွယ်ကို ရှာမရဘူး။ ကိုယ်နဲ့ နီးစပ်တဲ့ စာကြမ်းပိုးတွေ စာအုပ်စုတာ ဝါသနာပါသူတွေဆီလဲ မေးဖူးတယ်။ ဆိုင်တွေမှာလဲ လိုက်ရှာပြီး ဝယ်ဖူးတယ်။ စာဖတ်ဝါသနာပါတဲ့ ညီအစ်ကိုတွေနဲ့ စုပြီးရှာဖူးတယ်။ ခြေတွေလဲ တိုခဲ့ပေါ့ဗျာ။ ဘယ်လိုမှ ရှာမတွေ့ခဲ့ပါဘူး။ ဒီလိုနဲ့ပဲ တောင်သမန်စာအုပ်ကို အွန်လိုင်းပေါ်လဲ မတင်နိုင်၊ ကျနော်လဲ မဖတ်နိုင်နဲ့ အချိန်တွေ ကြာနေခဲ့ရတယ်။

အခု ကျနော့်ဆန္ဒပြည့်ပါပြီ။ ဒီစာအုပ်စင်လေးကို အကြောင်းပြုပြီး ခင်မင်ခွင့်ရခဲ့တဲ့ အစ်ကိုတစ်ဦးက သူ့ဆီမှာ တောင်သမန်စာအုပ်လဲ ရှိတယ် အခြားအခြား အွန်လိုင်းပေါ်မှာ မမြင်ရသေးတဲ့ စာအုပ်တွေလဲ ရှိတယ်။ လာယူပါဆိုတာနဲ့ ကျနော်လဲ စာအုပ်တွေ တပွေ့တပိုက်ကြီး မ,လာခဲ့ပါတယ်ဗျာ။ ရှေ့ဆက်ပြီး စာအုပ်ကောင်းတွေ မျှဝေပါဦးမယ်ခင်ဗျာ။ စာပေချစ်မြတ်နိုးသူများ ပျော်ရွှင်ချမ်းမြေ့ပါစေ ...။
ငမဲကျွန်
စစ်ကိုင်းဦးဘိုးသင်း


 
ဖားတစ်လုံးခေါင်းကျား
စစ်ကိုင်းဦးဘိုးသင်း



ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ 
စစ်ကိုင်းဦးဘိုသင်း




ကမ္ဘာ့ဗုဒ္ဓ
ကောင်းဈာန်သိမ်း
 စာရိုက်လှူဒါန်းသူ - ရာမညသူလေး
Ebook ဖန်တီးသူ - Yaybawal


မမကြီး
ဗန်းမော်တင်အောင်
PDF - Yaybawal


စာအုပ်ယူရန်

သည်စာအုပ်ကို ၁၉၆၀ ပြည့်နှစ်တွင် စာရေးဆရာကြီး တစ်ဦး၏ ဝတ္ထုနှင့်အတူ စာပေဗိမာန်မှ ပူးတွဲ ဆုပေးခဲ့သည်။ စာရေးသူက စာပေဗိမာန်မှ ချမှတ်ထားသော ဆုချီးမြှင့်ရေးမူနှင့် လက်တွေ့ ဆုချီးမြှင့်ရာတွင် ဆုံးဖြတ်ချက်ပေးပုံ မကိုက်ညီဟု ယူဆကာ မကျေနပ်သဖြင့် ဆုကို မယူခဲ့ချေ။ ငြင်းပယ်ခဲ့သည်။ ဤသို့ဖြင့် ထိုစဉ်ကာလက စာပေဗိမာန်နှင့် စာရေးသူ၏ ပြဿနာများနှင့်အတူ စာပေအဝန်းအဝိုင်းတွင် ဂယက်ထ လှုပ်ရှားခဲ့သော ဝတ္ထု။
သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ
ဒုတိယတွဲ



ပလေးတိုးနိဒါန်း
ဇော်ဂျီ


သခင်သန်းထွန်း၏ နောက်ဆုံးနေ့များ
ပထမတွဲ






စာအုပ်က မနည်းကြီးပြီး၊ စာအုပ်ထဲမှာ ပါတဲ့ ဓာတ်ပုံတွေကို တစ်ပုံမှ မကျန်ရစ်အောင် ဂရုစိုက်ပြီး ထည့်လိုက်တဲ့အတွက် ဖိုင်ဆိုဒ်က 17.4 MB လောက်ထိ ဖြစ်သွားပါတယ်။ ဒီထက် ဖိုင်ဆိုဒ်သေးအောင် လုပ်လို့ရပါသေးတယ်။ ဒါပေမယ့် စာအုပ်အရည်အသွေး ကျသွားမှာ ဖြစ်လို့ 17 လောက်နဲ့ပဲ ရပ်ထားလိုက်ပါတယ်။ သည်းခံပြီး ဆွဲယူကြပါ ခင်ဗျာ။
အမေ
ဗန်းမော်တင်အောင်




ဗမာ တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် တိုက်ခိုက်ခဲ့ကြသော လင်၊ သား၊ မောင်ဖွားများ၏ နောက်ပိုင်းတွင် ဖြစ်သလို ကြံဖန်နေ၍ အငတ်ငတ်အပြတ်ပြတ်နှင့် ကူညီကာ အမျိုးမျိုး ပါရမီဖြည့်ခဲ့ကြရှာသော အမျိုးသမီးများအား အမေဝတ္ထုဖြင့် ရိုသေလေးမြတ်စွာ ဦးညွှတ်ဂုဏ်ပြုပါ၏။

ဗန်းမော်တင်အောင်