Saturday, March 19, 2016
နွယ်သစ် - ကမ္ဘာကျော်စာအုပ် ၁၀၀
နွယ်သစ်ဆိုတာက ဆရာမင်းကျော်၊ ဆရာညွန့်ကြူး၊ ဆရာကျော်အောင်တို့ သုံးဦးပေါင်းထားတဲ့ ကလောင်ပါ။ ဒီစာအုပ်ကို ၁၉၉၉ ခုနှစ်က ဒုတိယအကြိမ် ရာပြည့်စာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး နောက်ထပ် ပြန်မထွက်တော့တဲ့ ရှားပါးစာအုပ်ဆိုရင်လဲ မမှားပါဘူး။ ကမ္ဘာ့ဂန္ထဝင်စာအုပ်ကြီးတွေကို ဖတ်ဖို့အချိန်မပေးနိုင်သေးသူများအတွက်၊ စာသမားတွေရဲ့ စကားဝိုင်းမှာ ဂန္ထဝင်စာအုပ်ကြီးတွေအကြောင်းကို လေကန်နိုင်ဖို့အတွက်၊ ယုတ်စွအဆုံး ကိုယ့်နိုင်ငံသား မဟုတ်တဲ့ စာဂျပိုးတွေနဲ့ တွေ့တဲ့အခါ လူလည်ကျနိုင်ဖို့ ဒီစာအုပ်က မရှိမဖြစ် လိုအပ်ပါတယ်။ ဖတ်နိုင်ကြပါစေဗျာ..
စာအုပ်ယူရန်

Monday, March 14, 2016
ရွှေဥဒေါင်း - မျှော်တလင့်လင့်

အနောက်နိုင်ငံတွေမှာ ဂန္ထဝင်မြောက် ဝတ္ထုရှည်ကြီးတွေကို အကျဉ်း ရီတိုးအနေနဲ့ ပြန်ထုတ်ထားတဲ့ စာအုပ်တွေလဲ ရှိတယ်။ Charles Dickens ရဲ့ Great Expectations ဂန္ထဝင် ဝတ္ထုရှည်ကြီးကို အကျဉ်းချုပ်ပြီး ရီတိုးလုပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ဆရာကြီးရွှေဥဒေါင်းက “မျှော်တလင့်လင့်” ဆိုပြီး ဘာသာပြန်ခဲ့တယ်။ သိတဲ့အတိုင်းပါပဲ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘာသာပြန်လက်ရာဟာ အင်မတန်ချောမွေ့သေသပ်လွန်းတော့ အဲဒီခေတ် အဲဒီအခါက ရီတိုးစာအုပ်တစ်အုပ်မှန်း မသိသာခဲ့ဘူး။ နောက်ပိုင်း ဆရာမောင်ထွန်းသူ အပြည်အစုံ ဘာသာပြန်တော့မှ ဆရာကြီးရွှေဥဒေါင်းရဲ့ စာအုပ်က ရီတိုးမှန်း သိခဲ့ရတယ်။ ဒီစာအုပ်နဲ့ပဲ ၁၉၅၀ ခုနှစ်မှာ စာပေဗိမာန် ဘာသာပြန်ဆုကို ဆရာကြီးရွှေဥဒေါင်း ရခဲ့ပါတယ်။ ဒီစာအုပ်ကို ဘာသာပြန်ရခြင်း ရည်ရွယ်ချက်ကို ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းမှာ ဖေါ်ပြထားဖူးတယ်။ မြန်မာ စာဖတ်ပရိသတ်တွေအနေနဲ့ စာအုပ်ထဲက ပန်းပဲသမားကြီးကို တကယ့် ဟီးရိုးကြီးတစ်ယောက်လို ပုံဖေါ်ခံစားလို့ရရင် ဆရာကြီးရဲ့ ဆန္ဒပြည့်ဝပါပြီ။

Tuesday, March 8, 2016
ဗော်လဂါမှ ဂင်္ဂါသို့
ပြောရရင်တော့ အူးညီမှာ ... ဘက်ထရီဒေါင်းနေတဲ့ လပ်တော့ အစုတ်ကလေး တစ်လုံးရယ်၊ နှစ်တွေကြာလို့ မှန်သားပြင်မှာ ဂျီး (ချေး) ကပ်နေတဲ့ ငါးသောင်းတန် စကင်နာ အဟောင်းလေး တစ်လုံးရယ်၊ စေတနာ ၉၀ သားရယ်ပါ။ အဲဒါတွေနဲ့ စာအုပ်လေးတွေ လုပ်ပြီး ပေးပါတယ်။ (ဤကား စကားချပ်)
အခု “ဗော်လဂါမှ ဂင်္ဂါသို့” စာအုပ်ကို လုပ်ပေးမယ်ဆိုပြီး ပြောခဲ့တာ တစ်နှစ်ကျော်လေးကြာခဲ့ပြီပေါ့နော်။ စေတနာ တကယ်ရှိပါတယ်။ ဒါမယ့် အခက်အခဲလေးတွေလဲ ရှိတယ်။
ကျနော် တကယ့်ကို နှစ်သက်တဲ့ စာအုပ်လေးတစ်အုပ် ဖြစ်တာမို့ အွန်လိုင်းပေါ်မှာ ရှိစေချင်ခဲ့တာပါ။ နောက်ပြီး ဒီစာအုပ်ဟာ ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ ကြိုးစားအားထုတ်မှုကြီးတစ်ခုလဲ ဖြစ်။ စာပေလက်ရာတွေ အများကြီး မထားခဲ့တဲ့ ဆရာကြီး ဆန်းထွန်းရဲ့ ရှားပါးလှတဲ့ ဘာသာပြန် စာအုပ်တစ်အုပ်လဲ ဖြစ်။ မူရင်း စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းရဲ့ ကမ္ဘာကျော် ဂန္ထဝင်စာအုပ်ကြီးတစ်အုပ်လဲ ဖြစ်နေတော့ကား ...။
ဒီတော့ “ဗော်လဂါမှ ဂင်္ဂါသို့” စာအုပ်ဟာ မြန်မာ့စာပေလောကအတွက် အွန်လိုင်းပေါ်မှာ ရှိသင့်ပြီပေါ့။
တင့်တယ်၏ တင့်တယ်
ဆရာသော်တာဆွေနဲ့ ဆရာတင့်တယ် အတွဲမိမိနဲ့ ဘာကြောင့် ပေါင်းနိုင်သလဲဆိုတာ ဒီစာအုပ် ဖတ်ကြည့်မှ သိရတယ်။ ဆရာတင့်တယ်လဲ တယ်ပြီး မခေလှဘူး။ ဘီဘီစီမှာ ဆရာတင့်တယ် အလုပ်သွားလုပ်ရင်း အင်္ဂလန်အတွေ့အကြုံလေးတွေကို ဖောက်သည်ချထားပါတယ်။
စာအုပ်က အချို့နေရာတွေမှာ အဆက်အစပ်သိပ်မမိချင်ဘူး။ တချို့ ဇာတ်ကောင်တွေ အစပျိုးထားပြီး ပါမလာတာလဲ တွေ့ရတယ်။ ဆရာတင့်တယ်ကိုယ်တိုင်ကတော့ အစီအစဉ်တကျမဟုတ်ပဲ စိတ်ထဲ ပေါ်ရာ ရေးမယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် စာအုပ်စီစဉ်သူတွေရဲ့ အားနည်းချက်လားတော့ မဆိုနိုင်ဘူး။
စာအုပ်က သွေးသောက်မဂ္ဂဇင်းမှာ ဆရာတင့်တယ် အခန်းဆက်ရေးခဲ့တာတွေကို ပြန်စုစည်းပြီး စာအုပ်ထုတ်ထားတာဆိုတော့ ရှေ့နောက် အစဉ်တွေလဲ လွဲချင် လွဲနိုင်မှာပါ။ သို့သော်လည်း ပျော်ပျော်ပါးပါးနဲ့ ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်ခင်ဗျာ။
ညွန့်ကြူး (မြန်မာပြန်) - ပင်လယ်ဝံပုလွေ
Saturday, February 27, 2016
ဓူဝံ - မာလာ
ဆရာမ ဂျူးက “ကျွန်မဖတ်ခဲ့သောစာအုပ်များ” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးဖူးတယ်။ သူ့ မေမေနဲ့ သူ့ မမတွေက စာအုပ်ဖတ်ရတာ စာအုပ်စုရတာ ဝါသနာကြီးကြတယ်တဲ့။ သူအနေနဲ့လဲ တတိယတန်း အရွယ်အထိ ပုံပြင်တွေ စာစီစာကုံးစာအုပ်မျိုးတွေက လွဲလို့ ရှည်လျားထွေပြားတဲ့ ဝတ္ထုစာအုပ်မျိုးကို တစ်အုပ်ကုန်အောင် တစ်ခါမှ မဖတ်ဖူးခဲ့ဖူးလို့ဆိုတယ်။
ဆရာမ ဂျူး စတုတ္ထတန်း ရောက်တဲ့အချိန် ကျောင်းပိတ်ရက်ရှည်ရောက်တော့ သူ့ မေမေက ဝတ္ထုစာအုပ်တစ်အုပ် ပေးဖတ်တယ်။ ရည်ရွယ်ချက်က စကားပြောတဲ့အခါ ယဉ်ကျေးသိမ်မွေ့အောင်လို့ ဆိုတယ်။ စာအုပ်က ဆရာဓူဝံ ရေးတဲ့ “မာလာ”။
စာအုပ်က ထူလွန်းတဲ့အတွက် ဆရာမ ဂျူးအနေနဲ့ ဖတ်ရမှာ သိပ်စိတ်မဝင်စားလှဘူး။ ဒါပေမယ့် သူ့ မေမေက အတင်းတိုက်တွန်းနေတဲ့အတွက် တစ်အုပ်လုံးကုန်အောင် ဖတ်ဖြစ်ခဲ့တယ်။ မာလာကို ဖတ်ရင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အဖြစ်အပျက်တွေကို တွေ့လာရတယ်။
ဇာတ်ကောင် ဗိုလ်နန္ဒရဲ့ တော်တဲ့ ထက်တဲ့အကြောင်းတွေ၊ ဒုက္ခရောက်သူကို ကူညီလိုတဲ့ စိတ်ဓာတ်တွေ၊ ဘုရားတရား ကြည်ညိုတတ်တာတွေ၊ သူ့အသက်ကို စွန့်ပြီးတော့တောင် ကတိတည်ကြည်တာတွေဟာ ဆရာမဂျူးအတွက် ဝတ္ထုဖတ်ရင်း မျက်ရည်တောင် ကျမိသွားတဲ့အထိ ဖြစ်ရတယ်တဲ့။
အခုလဲ ... စာမျက်နှာ ခြောက်ရာကျော်ထူတဲ့ စာအုပ်တစ်အုပ်ကို လုပ်မိသွားပြန်ပြီ။ တောင်းတဲ့သူတွေ အလွန်များလာတဲ့အတွက် ဘယ်လိုမှ မခံစားနိုင်တော့လို့ စာအုပ်လုပ်ပေးလိုက်ပါတယ်ဗျာ။
Thursday, March 5, 2015
ဧကံသမယံ (၁) - ပါရဂူ
ဧကံသမယံဆိုတာ ဆရာဖေမြင့် ဘာသာပြန်ထားတဲ့
နှလုံးသားအာဟာရ စာအုပ်လေးများလို ပေါ့ပေါ့ပါးပါးဖတ်ပြီး အတွေးပွားရစေမယ့်
စာအုပ်လေးပါ။ သူက နှစ်အုပ်ရှိပါတယ်။ အခု တင်ပေးတာက ပထမအုပ်။ သိပ်မကြာခင်မှာ
ဒုတိယအုပ် တင်ပေးပါဦးမယ်။
လူတစ်ဦးချင်းစီမှာ ရှိတတ်တဲ့
ကောင်းမြတ်တဲ့ စိတ်ထားလေးတွေ၊ ထူးခြားတဲ့ အမြင်လေးတွေကို ဆရာပါရဂူက
ပြောပြချင်လာတဲ့အခါ .... ဧကံသမယံဆိုပြီး ရေးလိုက်တယ်လို့ ယူဆပါတယ်။
တစ်ပုဒ်လောက် ဖတ်ပြီးသွားတဲ့အခါ နောက်ထပ်တစ်ပုဒ် ဆက်ဖတ်ချင်လာအောင် အလိုလို
ဆွဲခေါ်သွားလိမ့်မယ်ခင်ဗျာ ...။
သော်တာဆွေ - ပုဂံသူရဲကောင်းများ
အကြိမ်ကြိမ်
ရိုက်နှိပ်ခြင်းခံရတဲ့ ဆရာကြီးသော်တာဆွေရဲ့ ကျော်ကြားတဲ့ စာအုပ်တစ်အုပ်ပါ။
ဒီစာအုပ်ကို စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်က HEROES OF OLD BURMA ဆိုပြီး
အင်္ဂလိပ်လို ရေးသာခဲ့ပါတယ်။ ဒါကိုပဲ ဆရာကြီးသော်တာဆွေက
ပုဂံသူရဲကောင်းများဆိုပြီး မြန်မာမှုပြုထားခြင်းပါ။ သမိုင်းကြောင်းကို
ရေးတဲ့ စာအုပ်တစ်အုပ်တော့ မဟုတ်ပါဘူး။ ရာဇဝင်မှာ ထင်ရှားခဲ့တဲ့
သူရဲကောင်းများကို ဇာတ်ကောင်ပြုပြီး ဇာတ်အိမ်ဖွဲ့ထားခြင်သာ ဖြစ်ပါတယ်။
ကျနော်တို့ ငယ်ငယ်က စွဲလမ်းခဲ့ရတဲ့ စာအုပ် တစ်အုပ်ဆိုရင်လည်း မမှားပါဘူး။
စာအုပ်ယူရန် (dropbox.com)
မောင်ရှင်စော - နှင်းရိပ်ပြာမှောင်
၈၈ မျိုးဆက် ကျောင်းသာကြီးတွေ ဖြစ်ကြတဲ့ (ကို) မင်းကိုနိုင်၊ ဆရာရွှေဘုန်းလူ (တာရာမင်းဝေ) တို့ရဲ့ အနုပညာအရည်အသွေးကို အံ့သြလို့တောင် မကုန်သေးပါဘူး။ အခု မောင်ရှင်စောက “နှင်းရိပ်ပြာမှောင်” ဆိုပြီး ထပ်လာပြန်ပြီ။ မောင်ရှင်စောကိုလဲ ထပ်ပြီး အံ့သြရပြန်တယ်။ လှလိုက်တဲ့ အရေးအသားတွေဗျာ ....
“နှင်းရိပ်ပြာမှောင်” စာအုပ်ကို ကျနော့် မိတ်ဆွေတွေရော၊ ကျနော်ပါ နှစ်သက်လွန်းလို့ ebook လုပ်ကြမယ် ဆိုပြီး စိတ်ကူးနေကြတာ နှစ်နှစ်လောက်နီးနီး ရှိပါပြီ။ အကြောင်းကြောင်းတွေကြောင့် စာအုပ်က လိုင်းပေါ် ရောက်မလာခဲ့ပါဘူး။ အမှန်တော့ ကျနော် အပျင်းကြီးနေတာပါ။ အခု ebook အဖြစ်သို့ ရောက်ပါပြီ။ “နှင်းရိပ်ပြာမှောင်” ကို ဖတ်ပြီး ဝိုင်းဝန်း ကြေကွဲလိုက်ကြရအောင် ခင်ဗျာ။

Subscribe to:
Comments (Atom)
Search
အိမ်မှာ သင်ကြားပေးသည်။
ကွန်ပျူတာကို အခြေခံမှစ၍ အိမ်အရောက် စနစ်တကျ သင်ပေးပါသည်။
Popular Posts
Categories
- nyisayebookcreator (4)
- ကိုပိုက် (1)
- ကိုစောညိန်း (1)
- ခင်ဝမ်း (1)
- ချစ်စိန်လွင် (1)
- ချစ်ဦးညို (1)
- ဂျက်ကွမ်းခြံကုန်း (2)
- စစ်ကိုင်းဦးဘိုးသင်း (4)
- စံပယ်ဖြူနု (2)
- စုမြတ်ကို (1)
- ဆင်ဖြူကျွန်းအောင်သိန်း (2)
- ဆန်းထွန်း (1)
- ဆရာဦးသော်ဇင် (1)
- ဇဝန (1)
- ညိုမြ (1)
- ညီပုချေ (1)
- ညီစေ (3)
- ညီစေစာအုပ် (2)
- တက္ကသိုလ်ဘုန်းနိုင် (1)
- တင့်တယ် (1)
- တင်ထွန်း(တောင်ကုတ်) (1)
- တင်မောင်မြင့် (1)
- တရာမင်းဝေ (1)
- ဒဂုန်တာရာ (1)
- ဓူဝံ (1)
- နတ်နွယ် (5)
- နီကိုရဲ (1)
- ပန်းချီမောင်ငွေထွန်း (1)
- ပါရဂူ (6)
- ပါမောက္ခ ဦးဖေမောင်တင် (1)
- ကြယ်နီ (1)
- ဗန်းမော်တင်အောင် (6)
- ဘာသာပြန်စာအုပ်များ (4)
- မင်းရှင် (1)
- မင်းသုဝဏ် (1)
- မမိုးမြေ (1)
- မုရှခါဇုအော့ (1)
- မလေးလုံ (2)
- မြန်မာစာအုပ်များ (114)
- မြသန်းတင့် (8)
- ရန်ကုန်ဘဆွေ (3)
- ရွာစားစိန်တင်ဟန် (1)
- ရဲမြင့်လွင် (1)
- လင်းယုန်သစ်လွင် (3)
- လူထုဦးလှ (3)
- သခင်မြသန်း (1)
- သိန်းဖေမြင့် (1)
- အထောက်တော်လှအောင် (2)
- ဦးလှဒင် (1)
- ဦးဝင်းတင် (1)
- ဦးနု (1)
- ရွှေကိုင်းသား (1)
- ကောင်းဈာန်သိမ်း (1)
- ကျော်ဝင်း (1)
- ကျော်အောင် (1)
- ဇော်ဂျီ (2)
- ဇော်ဝင်းကို (1)
- ဒေါက်တာ Modd (1)
- ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် (1)
- ဒေါက်တာခင်မောင်ညွန့် (1)
- ဒေါက်တာသင်းသင်း (1)
- ဒေါက်တာသန်းထွန်း (1)
- ဒေါက်တာကျော်မြင့် (1)
- နေဝင်းမြင့် (1)
- မေတ္တာရှင် (ရွှေပြည်သာ) (1)
- မောင်ကိုကို (အမရပူရ) (1)
- မောင်ထွန်းသူ (2)
- မောင်မိုးသူ (1)
- မောင်ရှင်စော (1)
- မောင်သာချို (1)
- မောင်သာနိုး (2)
- မောင်သိန်းဆိုင် (1)
- ရွှေဥဒေါင်း (1)
- သော်တာဆွေ (2)
- ညွန့်ကြူး (မြန်မာပြန်) (1)
- နွယ်သစ် (1)
- နိုင်ဦး (1)
- နိုင်ဇော် (3)
စာအုပ်အညွှန်းများ
Powered by Blogger.