Saturday, March 19, 2016

နွယ်သစ် - ကမ္ဘာကျော်စာအုပ် ၁၀၀


 နွယ်သစ်ဆိုတာက ဆရာမင်းကျော်၊ ဆရာညွန့်ကြူး၊ ဆရာကျော်အောင်တို့ သုံးဦးပေါင်းထားတဲ့ ကလောင်ပါ။ ဒီစာအုပ်ကို ၁၉၉၉ ခုနှစ်က ဒုတိယအကြိမ် ရာပြည့်စာအုပ်တိုက်က ထုတ်ဝေခဲ့ပြီး နောက်ထပ် ပြန်မထွက်တော့တဲ့ ရှားပါးစာအုပ်ဆိုရင်လဲ မမှားပါဘူး။ ကမ္ဘာ့ဂန္ထဝင်စာအုပ်ကြီးတွေကို ဖတ်ဖို့အချိန်မပေးနိုင်သေးသူများအတွက်၊ စာသမားတွေရဲ့ စကားဝိုင်းမှာ ဂန္ထဝင်စာအုပ်ကြီးတွေအကြောင်းကို လေကန်နိုင်ဖို့အတွက်၊ ယုတ်စွအဆုံး ကိုယ့်နိုင်ငံသား မဟုတ်တဲ့ စာဂျပိုးတွေနဲ့ တွေ့တဲ့အခါ လူလည်ကျနိုင်ဖို့ ဒီစာအုပ်က မရှိမဖြစ် လိုအပ်ပါတယ်။ ဖတ်နိုင်ကြပါစေဗျာ..

စာအုပ်​ယူရန်

စာအုပ်​ယူရန်


Monday, March 14, 2016

ရွှေဥဒေါင်း - ​မျှော်​တလင့်​လင့်



 အနောက်နိုင်ငံတွေမှာ ဂန္ထဝင်မြောက် ဝတ္ထုရှည်ကြီးတွေကို အကျဉ်း ရီတိုးအနေနဲ့ ပြန်ထုတ်ထားတဲ့ စာအုပ်တွေလဲ ရှိတယ်။ Charles Dickens ရဲ့ Great Expectations ဂန္ထဝင် ဝတ္ထုရှည်ကြီးကို အကျဉ်းချုပ်ပြီး ရီတိုးလုပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ဆရာကြီးရွှေဥဒေါင်းက “မျှော်တလင့်လင့်” ဆိုပြီး ဘာသာပြန်ခဲ့တယ်။ သိတဲ့အတိုင်းပါပဲ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘာသာပြန်လက်ရာဟာ အင်မတန်ချောမွေ့သေသပ်လွန်းတော့ အဲဒီခေတ် အဲဒီအခါက ရီတိုးစာအုပ်တစ်အုပ်မှန်း မသိသာခဲ့ဘူး။ နောက်ပိုင်း ဆရာမောင်ထွန်းသူ အပြည်အစုံ ဘာသာပြန်တော့မှ ဆရာကြီးရွှေဥဒေါင်းရဲ့ စာအုပ်က ရီတိုးမှန်း သိခဲ့ရတယ်။ ဒီစာအုပ်နဲ့ပဲ ၁၉၅၀ ခုနှစ်မှာ စာပေဗိမာန် ဘာသာပြန်ဆုကို ဆရာကြီးရွှေဥဒေါင်း ရခဲ့ပါတယ်။   ဒီစာအုပ်ကို ဘာသာပြန်ရခြင်း ရည်ရွယ်ချက်ကို ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းမှာ ဖေါ်ပြထားဖူးတယ်။ မြန်မာ စာဖတ်ပရိသတ်တွေအနေနဲ့ စာအုပ်ထဲက ပန်းပဲသမားကြီးကို တကယ့် ဟီးရိုးကြီးတစ်ယောက်လို ပုံဖေါ်ခံစားလို့ရရင် ဆရာကြီးရဲ့ ဆန္ဒပြည့်ဝပါပြီ။  
စာအုပ်​ယူရန်

Tuesday, March 8, 2016

 ဗော်လဂါမှ ဂင်္ဂါသို့


အချို့ မေးတဲ့သူတွေ ရှိတယ် “အူးညီ ... စာအုပ်လေးတွေက သန့်သန့်လေးတွေ၊ ဘယ်လို ပစ္စည်းကောင်းတွေများ သုံးပြီး လုပ်နေတာလဲ” တဲ့။

ပြောရရင်တော့ အူးညီမှာ ... ဘက်ထရီဒေါင်းနေတဲ့ လပ်တော့ အစုတ်ကလေး တစ်လုံးရယ်၊ နှစ်တွေကြာလို့ မှန်သားပြင်မှာ ဂျီး (ချေး) ကပ်နေတဲ့ ငါးသောင်းတန် စကင်နာ အဟောင်းလေး တစ်လုံးရယ်၊ စေတနာ ၉၀ သားရယ်ပါ။ အဲဒါတွေနဲ့ စာအုပ်လေးတွေ လုပ်ပြီး ပေးပါတယ်။ (ဤကား စကားချပ်)

အခု “ဗော်လဂါမှ ဂင်္ဂါသို့” စာအုပ်ကို လုပ်ပေးမယ်ဆိုပြီး ပြောခဲ့တာ တစ်နှစ်ကျော်လေးကြာခဲ့ပြီပေါ့နော်။ စေတနာ တကယ်ရှိပါတယ်။ ဒါမယ့် အခက်အခဲလေးတွေလဲ ရှိတယ်။ 

ကျနော် တကယ့်ကို နှစ်သက်တဲ့ စာအုပ်လေးတစ်အုပ် ဖြစ်တာမို့ အွန်လိုင်းပေါ်မှာ ရှိစေချင်ခဲ့တာပါ။ နောက်ပြီး ဒီစာအုပ်ဟာ ဆရာကြီး ဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့ ကြိုးစားအားထုတ်မှုကြီးတစ်ခုလဲ ဖြစ်။ စာပေလက်ရာတွေ အများကြီး မထားခဲ့တဲ့ ဆရာကြီး ဆန်းထွန်းရဲ့ ရှားပါးလှတဲ့ ဘာသာပြန် စာအုပ်တစ်အုပ်လဲ ဖြစ်။ မူရင်း စာရေးဆရာကြီး ရာဟုလာသံကိစ္စည်းရဲ့ ကမ္ဘာကျော် ဂန္ထဝင်စာအုပ်ကြီးတစ်အုပ်လဲ ဖြစ်နေတော့ကား ...။ 

ဒီတော့ “ဗော်လဂါမှ ဂင်္ဂါသို့” စာအုပ်ဟာ မြန်မာ့စာပေလောကအတွက် အွန်လိုင်းပေါ်မှာ ရှိသင့်ပြီပေါ့။


တင့်တယ်၏ တင့်တယ်

ဆရာသော်တာဆွေနဲ့ ဆရာတင့်တယ် အတွဲမိမိနဲ့ ဘာကြောင့် ပေါင်းနိုင်သလဲဆိုတာ ဒီစာအုပ် ဖတ်ကြည့်မှ သိရတယ်။ ဆရာတင့်တယ်လဲ တယ်ပြီး မခေလှဘူး။ ဘီဘီစီမှာ ဆရာတင့်တယ် အလုပ်သွားလုပ်ရင်း အင်္ဂလန်အတွေ့အကြုံလေးတွေကို ဖောက်သည်ချထားပါတယ်။

စာအုပ်က အချို့နေရာတွေမှာ အဆက်အစပ်သိပ်မမိချင်ဘူး။ တချို့ ဇာတ်ကောင်တွေ အစပျိုးထားပြီး ပါမလာတာလဲ တွေ့ရတယ်။ ဆရာတင့်တယ်ကိုယ်တိုင်ကတော့ အစီအစဉ်တကျမဟုတ်ပဲ စိတ်ထဲ ပေါ်ရာ ရေးမယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် စာအုပ်စီစဉ်သူတွေရဲ့ အားနည်းချက်လားတော့ မဆိုနိုင်ဘူး။  

စာအုပ်က သွေးသောက်မဂ္ဂဇင်းမှာ ဆရာတင့်တယ် အခန်းဆက်ရေးခဲ့တာတွေကို ပြန်စုစည်းပြီး စာအုပ်ထုတ်ထားတာဆိုတော့ ရှေ့နောက် အစဉ်တွေလဲ လွဲချင် လွဲနိုင်မှာပါ။ သို့သော်လည်း ပျော်ပျော်ပါးပါးနဲ့ ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်ခင်ဗျာ။ 

ညွန့်ကြူး (မြန်မာပြန်) - ပင်လယ်ဝံပုလွေ

အမေရိကန် စာရေးဆရာကြီး ဂျက်လန်ဒန်ရဲ့ ကမ္ဘာ့ဂန္ထဝင် ဝတ္ထုကြီးတစ်အုပ်ဖြစ်တဲ့ Sea Wolf (ပင်လယ်ဝံပုလွေ) စာအုပ်ပါ။ မျှော်လင့်နေကြတဲ့ စာပေဝါသနာအိုး ညီအစ်ကိုမောင်နှမများ အားလုံး ပျော်ကြမယ်လို့ထင်ပါတယ်။ ၂၀၀၀ ခုနှစ်ကတည်းက ထွက်ခဲ့ပြီး တန်ဖိုး ၅၀၀ ကျပ်ဆိုတော့ လွမ်းစရာ စာအုပ်လေးပေါ့ ခင်ဗျာ။