Monday, May 30, 2016
စံပယ်ဖြူနု - မြောက်ဖျားကအလွမ်းရာသီ
၂၀၁၄ ခုနှစ်အတွက် ဝတ္ထုရှည် အမျိုးသာစာပေဆုကို ရရှိခဲ့ပါတယ်။ မြန်မာပြည် မြောက်ဖျားက ကချင်စစ်ပွဲနဲ့ ငြိမ်းချမ်းရေးအကြောင်းကို ရေးဖွဲ့ထားပြီး ဖတ်လို့ အလွန်ကောင်းတယ်။ ဆရာမ စံပယ်ဖြူနုကိုယ်တိုင် တရုတ် မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာပြီး ရေးသားထားတဲ့ စာအုပ်တစ်အုပ်ပါ။ ဆရာမရဲ့ ကြိုးစားအားထုတ်မှုတွေကို ဒီစာအုပ်ဖတ်ခြင်းဖြင့် တွေ့ရပါလိမ့်မယ်။ ဒုက္ခသည်စခန်းကို ရောက်နေတဲ့ သူ့ရဲ့ ညီမလေးကို ရှာလို့တွေ့မတွေ့၊ အစ်မတစ်ယောက်ရဲ့ ညီမအပေါ်ထားတဲ့ မေတ္တာတရား ...

Monday, May 23, 2016
မလေးလုံ - ပင်မြက်မြေဇာ
ပင်မြက်မြေဇာဆိုတာ ....
မလေးလုံရဲ့ နာမည်ကျော် လက်ရာတစ်ခုပါပဲ။ ဒုတိယ ကမ္ဘာစစ်အတွင်း မြစ်ဝကျွန်းပေါ်ဒေသ ပတ်ဝန်းကျင်မှာ စစ်ဘေးရှောင်ရင်း ကိုယ်တွေ့ကြုံရတာလေးတွေကို ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ်ပါ။ စစ်ပွဲတွေ ဖြစ်လာတဲ့အခါ အသက်ဘေးအတွက် ဆောက်တည်ရာမရ ပြေးရလွှားရတဲ့ ဘဝတွေ။ အခြေမဲ့ရတဲ့ ဘဝတွေ။ စစ်မီးလျှံတွေကြား ပေါက်ဖွားလာတဲ့ လူသားတို့ရဲ့စရိုက် လူ့သဘာဝတွေကို ဒီ စာအုပ်ထဲမှာ ကောင်းကောင်းတွေ့ရပါလိမ့်မယ်။

Wednesday, May 18, 2016
မြန်မာပြည်က နားဆွဲလေး - မုရှခါဇုအော့
ဖတ်ခဲ့ဖူးပြီး မေ့မရအောင်စွဲတဲ့ စာအုပ်လေးတွေထဲ “မြန်မာပြည်က နားဆွဲလေး” ကလဲ တစ်အုပ်အပါအဝင်။ စာအုပ်လေးက တစ်ခါလား ထုတ်ဝေလိုက်ပြီး နောက်ထပ် ပြန်မထုတ်တော့တဲ့အတွက် ဒီစာအုပ်လေးကို ရှိမှန်းတောင် မသိလိုက်ကြတာ များပါလိမ့်မယ်။ စာအုပ်က မူရင်း ဂျပန်ဘာသာနဲ့ ရှိနေပြီး။ ဘာသာပြန်သူ “စုမြတ်ကို” တည်းဖြတ်သူ “မပန်းခက်”။ စာပေလောကမှာ တစ်ခါမှ မကြားဖူးတဲ့ နာမည်တွေ။ ဒါပေမယ့် ဘာသာပြန်လက်ရာ မခေပါဘူး။ ချောမောပြေပြစ်တဲ့ ဝါကျအလှတွေနဲ့ ဝါရင့်ဘာသာပြန်ဆရာတစ်ဦးရဲ့
ဇာတ်လမ်းလေးကတော့ ဂျပန်ခေတ် မြန်မာပြည်အတွင်းမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးကို ဇာတ်အိမ်ဖွဲ့ထားပါတယ်။ ဂျပန်နင်ဂျာ စစ်သားတစ်ယောက်နဲ့ မြန်မာပြည်က ကလေးမလေး မကြာတို့ရဲ့ ဖြူစင်သန့်ရှင်းလှတဲ့ မေတ္တာတရားကို ပုံဖေါ်ထားပြီး၊ ဒီထက်မက မြန်မာမြေအလှ၊ မြန်မာတို့ရဲ့ စိတ်ဓာတ်အလှတွေကိုလဲ လှလှပပကြီး ခြယ်မှုန်းထားပါသေး။ ဖတ်ပြီးရင် စွဲသွားရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါလိမ့်မယ်။
ဒီစာအုပ်လေးဟာ ပီဒီအက်အဖြစ်နဲ့ အွန်လိုင်းပေါ်မှာ ရှိဖူးပါတယ်။ ပီဒီအက် အရည်အသွေး သိပ်မကောင်းတဲ့အတွက် ဖတ်ရတာ မှုန်တိမှုန်ဝါး စာမထင်တာတွေလဲ ရှိပါတယ်။ ကျနော့်စိတ်ထဲ အလွန်တန်ဖိုးရှိတဲ့ စာအုပ်လေးတစ်အုပ်ကို ဒီအတိုင်း ကြည့်နေရတာ စိတ်မသက်လှပါဘူး။ ဒါကြောင့် ပီဒီအက် လုပ်ဖေါ်လုပ်ဖက်တစ်ဦးဖြစ်တဲ
မောင်သာချို - ခေတ်ပြိုင် ခဲခြစ်ကောက်ကြောင်းများ
ကျနော်တို့ရဲ့ ဆရာကြီး ဂျက် (ကွမ်းခြံကုန်း) ခေါ် မောင်သာချိုက “ဖျတ်ကနဲတွေ့ရသည့် ကျွန်တော်တို့ရှေ့က ကြယ်တာရာများ” ဆိုပြီး သူ့ အထက်က ကျော်ကြားထင်ရှားခဲ့တဲ့ စာရေးဆရာကြီးများအကြောင်း ... သူ ထိတွေ့ခဲ့ရတဲ့ ထူးခြားကွက်လေးတွေကို လှလှပပ ရေးခြစ်သွားခဲ့တယ်။
ဒီ့နောက် သူနဲ့ ခေတ်ပြိုင်အနေအထားမှာ ရှိတဲ့ မင်းသစ်၊ မောင်သင်းခိုင်၊ မောင်ချောနွယ်၊ မောင်ရန်ပိုင်၊ မောင်အောင်ပွင့်၊ မင်းသိုက်မွန်၊ ဇောင်းထက်၊ နေစိမ့်၊ မောင်ဒီ၊ ရွှေစိုးဟန်၊ ဖေမြင့်၊ ကိုတာ၊ ကြူးနစ်၊ နေဝင်းမြင့်၊ ဂျူး၊ အော်ပီကျယ်၊ သန်းမြင့်အောင်တို့ရဲ့ ပုံရိပ်တွေကို “ခေတ်ပြိုင် ခဲခြစ်ကောက်ကြောင်းများ” ဆိုပြီး လှလှပပ ရေးခြစ်ပြန်တယ်။
စာအုပ်စာပေချစ်တဲ့ သူများအတွက် မိမိတို့ ချစ်တဲ့ စာရေးဆရာကြီးတွေရဲ့ ဘဝပုံရိပ်တွေကို ဆရာမောင်သာချိုက ဘယ်လို တင်ပြမလဲဆိုတာ သိချင်နေကြမှာပါပဲ။ သွက်သွက်လက်လက်နဲ့ အလွန်ဖတ်လို့ကောင်းတဲ့ စာအုပ်တစ်အုပ်ပါ။

နိုင်ဦး - ကျောက်စိမ်းမြေ
နိုင်ဦး - ကျောက်စိမ်းမြေ (အိန္ဒိယမှ မြန်မာပြည်မြောက်ပိုင်းကို ဖြတ်၍ တရုတ်ပြည်သို့ ခရီးကြမ်း)
ဘာတီး(လ်)လင့်တနာ ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်း ဆယ်စုနှစ် သုံးစုနီးပါးလောက် အာရှအကြောင်း ဆောင်းပါးတွေကို ရေးသားခဲ့သူ တစ်ယောက်ပါ။ ဒါ့အပြင် မြန်မာ့အရေး ကျွမ်းကျင်သူတစ်ယောက်လို့လဲ သတ်မှတ်ခံရတဲ့သူ ဖြစ်ပါတယ်။ Far Eastern Economic Review အတွက် မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်။
၁၉၈၅-၁၉၈၇ ခုနှစ်များအတွင်းက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြန်မာပြည်နယ်စပ်များသို့ ဇနီးဖြစ်သူနဲ့အတူ ခရီးကြမ်းကိုသွားလာခဲ့ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ့နဲ့ တွေ့ဆုံ မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီအကြောင်းတွေကို “ကျောက်စိမ်းမြေ” မှာ စိတ်လှုပ်ရှားဖွယ်ရာ တနင့်တပိုးကြီး ဖတ်ရပါလိမ့်မယ်ဗျာ။
တစ်ခုတော့ တောင်းပန်လိုပါတယ်။ စာအုပ်ထဲမှာပါဝင်တဲ့ ဓာတ်ပုံတွေကို တစ်ပုံမှ မကျန်စေရဘဲ အရည်အသွေးကောင်းကောင်း ရအောင် ထည့်သွင်းထားတဲ့အတွက် ဖိုင်ဆိုဒ်က ကြီးသွားပါတယ်။ 39 MB ရှိပါတယ်။ တင်ပေးရတဲ့ ကျနော့်မှာလဲ မသက်သာဘူး။ ဆွဲယူမယ့်သူများကိုလဲ ကိုယ်ချင်းစာတယ်။ ဖုန်းဘေလဲ အတော်ပြောင်သွားတယ်။ စာအုပ်က ကောင်းလွန်းတော့ အားလုံးကို ဖတ်စေချင်တယ်လေ။
ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်
တစ်ထောင့်တစ်ည ပြောရသော ပသီပုံပြင်
ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် - တစ်ထောင့်တစ်ည ပြောရသော ပသီပုံပြင် ဝတ္ထုကြီး
အာရေဘီရန်နိုက်လို့ ခေါ်တဲ့ တစ်ထောင့်တစ်ည ပုံပြင်ကို ဘာသာပြန်တဲ့အထဲမှာ ဦးဖိုးသာဇံ (ခေါ်) ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ရယ်၊ သခင်ဘသောင်းရယ်၊ ဆရာ ကျော်လှိုင်ဦးရယ် သုံးဦး ရှိတယ် မှတ်ပါတယ်။
ဆရာကြီး သခင်ဘသောင်း ဘာသာပြန်တဲ့ တစ်ထောင့်တစ်ညကို ဖတ်ဖူးခဲ့တယ်။ ဘာသာပြန်လက်ရာ အလွန်ကောင်းတဲ့အတွက် မှတ်မှတ်ရရ ရှိဖူးတယ်။ ဆရာကျော်လှိုင်ဦး ဘာသာပြန်တဲ့ တစ်ထောင့်တစ်ညကတော့ စာအုပ်အရေအတွက် များတဲ့အတွက် ဖတ်ဖို့ မဝံ့ရဲသေးတာနဲ့ မဖတ်ဖူးသေး။ အခု ... ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် ဘာသာပြန်တဲ့ တစ်ထောင့်တစ်ညကိုတော့ စာစီ စာရိုက်ပေးသူ မသန်းသန်းနိုင် ကျေးဇူးကြောင့် ပီဒီအက် လုပ်ရင်း ဖတ်ရပါပြီ။ ဘယ်လို ကွာခြားသလဲဆိုရင် ...
ဆရာကြီးသခင်ဘသောင်း ဘာသာပြန်တုန်းက ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင်အနေနဲ့ ဘာသာပြန်ခဲ့ပါတယ်။ အခု ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်လဲပဲ ပုံပြင်တွေကို ရွေးနုတ်ပြီး လက်ရွေးစင်အနေနဲ့ ဘာသာပြန်ပါတယ်။ ပုံပြင်တွေ မတူကြပါဘူး။ ဘယ်သူက ပိုပြီး စောသလဲ ရှေးကျသလဲဆိုရင် ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်က ပိုပြီး ရှေးကျပါတယ်။ ဒီ ဆရာကြီးဟာ ရှေးခေတ်ဦး ရုပ်ရှင်မင်းသားကြီး ဒဂုဏ်ပ ဦးဘတင်ရဲ့ ဖခင်ကြီး ဖြစ်သလို၊ ပညာရှင်ကြီး တစ်ဦးလဲ ဖြစ်ပါတယ်။
သေသပ်ချောမောတဲ့ ဘာသာပြန်ချက်တွေ၊ ယဉ်ကျေးသိမ်မွေ့တဲ့ ထီးဟန်နန်းဟန် အသုံးအနှုန်းတွေ၊ အာရေဘီရန်နိုက်ကို ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာပြည်သားတွေ လက်ထဲ ဘယ်လို ထည့်ပေးသလဲဆိုတာ ဒီစာအုပ်ကို ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။ ဆရာကြီး ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန်ကို လက်ဖျားခါပါတယ် တစ်ချက် တစ်ချက် ဘာသာပြန်ရင်း မထင်ရင် မထင်သလို ပါဠိတွေတောင် ရွတ်လိုက်ဖတ်လိုက်သေး။

Subscribe to:
Posts (Atom)
Search
အိမ်မှာ သင်ကြားပေးသည်။

ကွန်ပျူတာကို အခြေခံမှစ၍ အိမ်အရောက် စနစ်တကျ သင်ပေးပါသည်။
Popular Posts
Categories
- nyisayebookcreator (4)
- ကိုပိုက် (1)
- ကိုစောညိန်း (1)
- ခင်ဝမ်း (1)
- ချစ်စိန်လွင် (1)
- ချစ်ဦးညို (1)
- ဂျက်ကွမ်းခြံကုန်း (2)
- စစ်ကိုင်းဦးဘိုးသင်း (4)
- စံပယ်ဖြူနု (2)
- စုမြတ်ကို (1)
- ဆင်ဖြူကျွန်းအောင်သိန်း (2)
- ဆန်းထွန်း (1)
- ဆရာဦးသော်ဇင် (1)
- ဇဝန (1)
- ညိုမြ (1)
- ညီပုချေ (1)
- ညီစေ (3)
- ညီစေစာအုပ် (2)
- တက္ကသိုလ်ဘုန်းနိုင် (1)
- တင့်တယ် (1)
- တင်ထွန်း(တောင်ကုတ်) (1)
- တင်မောင်မြင့် (1)
- တရာမင်းဝေ (1)
- ဒဂုန်တာရာ (1)
- ဓူဝံ (1)
- နတ်နွယ် (5)
- နီကိုရဲ (1)
- ပန်းချီမောင်ငွေထွန်း (1)
- ပါရဂူ (6)
- ပါမောက္ခ ဦးဖေမောင်တင် (1)
- ကြယ်နီ (1)
- ဗန်းမော်တင်အောင် (6)
- ဘာသာပြန်စာအုပ်များ (4)
- မင်းရှင် (1)
- မင်းသုဝဏ် (1)
- မမိုးမြေ (1)
- မုရှခါဇုအော့ (1)
- မလေးလုံ (2)
- မြန်မာစာအုပ်များ (114)
- မြသန်းတင့် (8)
- ရန်ကုန်ဘဆွေ (3)
- ရွာစားစိန်တင်ဟန် (1)
- ရဲမြင့်လွင် (1)
- လင်းယုန်သစ်လွင် (3)
- လူထုဦးလှ (3)
- သခင်မြသန်း (1)
- သိန်းဖေမြင့် (1)
- အထောက်တော်လှအောင် (2)
- ဦးလှဒင် (1)
- ဦးဝင်းတင် (1)
- ဦးနု (1)
- ရွှေကိုင်းသား (1)
- ကောင်းဈာန်သိမ်း (1)
- ကျော်ဝင်း (1)
- ကျော်အောင် (1)
- ဇော်ဂျီ (2)
- ဇော်ဝင်းကို (1)
- ဒေါက်တာ Modd (1)
- ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် (1)
- ဒေါက်တာခင်မောင်ညွန့် (1)
- ဒေါက်တာသင်းသင်း (1)
- ဒေါက်တာသန်းထွန်း (1)
- ဒေါက်တာကျော်မြင့် (1)
- နေဝင်းမြင့် (1)
- မေတ္တာရှင် (ရွှေပြည်သာ) (1)
- မောင်ကိုကို (အမရပူရ) (1)
- မောင်ထွန်းသူ (2)
- မောင်မိုးသူ (1)
- မောင်ရှင်စော (1)
- မောင်သာချို (1)
- မောင်သာနိုး (2)
- မောင်သိန်းဆိုင် (1)
- ရွှေဥဒေါင်း (1)
- သော်တာဆွေ (2)
- ညွန့်ကြူး (မြန်မာပြန်) (1)
- နွယ်သစ် (1)
- နိုင်ဦး (1)
- နိုင်ဇော် (3)
စာအုပ်အညွှန်းများ
Powered by Blogger.