Wednesday, June 18, 2014

လမ်းပေါ်မှာ - မင်းရှင်

လှပသေသပ်တဲ့ ဝါကျအဖွဲ့အနွဲ့လေးတွေနဲ့အတူ ရင်ထဲ နင့်ကနဲ နင့်ကနဲ နေအောင် အနုပညာမြောက်စွာ ရေးဖွဲ့ထားတဲ့ ဆရာမင်းရှင်ရဲ့ ဝတ္ထုတိုလေးတွေပါ။ 






နမ်းကြာညို (လက်ရွေးစင်စာစုများ) - ညိုမြ



ဆရာညိုမြ ရေးသားခဲ့သော စာပေများကို မဂ္ဂဇင်း အစောင်စောင် ဂျာနယ် အစောင်စောင်ကနေ ထုတ်နုတ်ပြီး စုစည်းထားတဲ့ နမ်းကြာညို လက်ရွေးစင်စာပေါင်းစုပါ။ ဆရာညိုမြရဲ့ ငယ်မူငယ်သွေး လက်ရာလေးတွေနဲ့အတူ သရော်တော်တော် ရေးဟန်လေးတွေကိုလဲ တဝကြီးဖတ်ရမှာ ဖြစ်ပါတယ်။ စာအုပ်က စာမျက်နှာ ၆၀၀ ကျော် မနည်းထူတာမို့ သည်းခံပြီးသာ ဆွဲယူကြပါခင်ဗျာ။ နောင်တစ်ချိန်မှာ တန်ဘိုးမဖြတ်နိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်လာနိုင်ဖွယ် ရှိပါကြောင်း ..။









Monday, June 9, 2014

ခရစ်(စ)တီယန်ဘားနဒ်၏ ဘဝတစ်ခု ဒေါက်တာကျော်မြင့် မြန်မာပြန်ဆိုသည်။




မသိရင်ခက်မယ် - ဂျက်ကွမ်းခြံကုန်း





ရုပ်ပုံလွှာ 
ဒဂုန်တာရာ






Monday, April 21, 2014

 နွေကန္တာ - တင်မောင်မြင့်







အမေရိကန်နိုင်ငံ လွတ်လပ်ရေးမရသေးခင် နိုင်ငံအ၀ှန်း ကျွန်စနစ်တွေ ထွန်းကားခဲ့စဉ် ကာလများဆီမှ ဖြူစင်တဲ့ စိတ်ထားပိုင်ရှင် မိန်းကလေးတစ်ယောက်ရဲ့ ဘဝဖတ်သန်းမှုကို ကျောရိုးပြုပြီး ရေးသားထားတာပါ။ ဖတ်နေကျ ဘာသာပြန်ဝတ္ထုတွေလို ယုတ်မာခြင်းတွေ၊ ကောက်ကျစ်ခြင်းတွေ အလျင်းမပါဘဲ ဖြစ်တတ်တဲ့ လူ့သဘာဝတွေ၊ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူတို့ရဲ့ အတွင်းစိတ်များအတွင်းမှ ဖြူစင်မှုတွေကို ဖော်ကျူးထားနိုင်တဲ့ ၀တ္ထုကောင်း တစ်ပုဒ်လို့ ထင်မြင်မိကြောင်းပါ။

Thursday, March 20, 2014

 ဥတ္တရအလင်း
ဦးဝင်းတင်



နမင်းတစ်ထောင် ပဉ်တွဲ၊ ဆတွဲ၊ သတွဲ၊ ဋ္ဌတွဲ
ဆင်ဖြူကျွန်းအောင်သိန်း

ဋ္ဌတွဲ

နေမင်းတစ်ထောင်ကို အဲသလောက် အားပေးကြမယ်လို့ ထင်တောင် ထင်မထားခဲ့ပါဘူး။ ကျနော့် မီဒီယာအကောင့်ထဲတော့ download လုပ်သွားသူ ဦးရေဟာ ၈၀၀ ကျော်ပါတယ်။ ဒီလောက် အနေအထားကို ရတယ်ဆိုရင် ကျနော့်အတွက် စာအုပ် လုပ်ပေးရကျိုးနပ်ပါပြီ။

ပထမ တစ်ဖြတ်အနေနဲ့ လေးအုပ်တွဲကို တင်ပြီးတဲ့နောက် ... နောက်ထပ် လေးအုပ်ကို တင်ပေးနိုင်ဖို့ အရေးဟာ မထင်မှတ်ပဲ ကြန့်ကြာသွားခဲ့ရတယ်။ ကျနော့်မှာလဲ အခြား အလုပ်ကိစ္စလေးတွေ ရှိနေတာမို့ မအားလပ်တာနဲ့ စာအုပ်ကို စိတ်အေးလက်အေး လုပ်ရတယ် မရှိပါဘူး။ ဆက်ရန်များကို ဖတ်ဖို့စောင့်နေကြတဲ့ ညီအစ်ကို မောင်နှမများက မက်ဆေ့ပို့လို့ တသွယ်၊ ကော်မန့်ရေးလို့ တစ်ဖုံနဲ့ ခဏခဏ တောင်းဆိုလာကြတဲ့အတွက် ကျနော် သိပ်ကို အားနာမိတယ်။

ဒါကြောင့် ... ညက တစ်ညလုံး မအိပ်ပဲ လုပ်တယ်၊ ဒီနေ့ရောက်တော့လဲ တစ်နေ့လုံး လုပ်တယ်။ အခုတော့ ပြီးသွားပါပြီ ခင်ဗျာ။ စာချစ်သူ ညီအစ်ကို မောင်နှမများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။


နေမင်းတစ်ထောင် ပတွဲ၊ ဒုတွဲ၊ တတွဲ၊ စတွဲ 
ဆင်ဖြူကျွန်းအောင်သိန်း

အရင်ဧကရာဇ် အခုလူ
ဒေါက်တာသန်းထွန်း




တရုတ်ပြည်ရဲ့ နောက်ဆုံး ဧကရာဇ်မင်းတစ်ပါးရဲ့ အတ္ထုပ္ပတ္တိပါ ခင်ဗျာ။ ရုပ်ရှင်အဖြစ်လဲ ရိုက်ကူးထားတယ်လို့ ထင်ပါတယ်။ ကျနော်တော့ စာအုပ်ကို ebook သာလုပ်လိုက်ရတယ် အခြားအခြားသော ကိစ္စတွေနဲ့ စာအုပ်ကို ကောင်းကောင်း မဖတ်ရသေးပါဘူး။ စာမျက်နှာ ၃၀ ကျော်ကျော်လောက်ပဲ ဖတ်ရသေးပါတယ်။ စာအုပ်ကောင်း တစ်အုပ်လို့ ယုံကြည်နေပါတယ်ခင်ဗျာ။