Thursday, March 20, 2014
နမင်းတစ်ထောင် ပဉ်တွဲ၊ ဆတွဲ၊ သတွဲ၊ ဋ္ဌတွဲ
ဆင်ဖြူကျွန်းအောင်သိန်း
ဋ္ဌတွဲ
နေမင်းတစ်ထောင်ကို
အဲသလောက် အားပေးကြမယ်လို့ ထင်တောင် ထင်မထားခဲ့ပါဘူး။ ကျနော့်
မီဒီယာအကောင့်ထဲတော့ download လုပ်သွားသူ ဦးရေဟာ ၈၀၀ ကျော်ပါတယ်။ ဒီလောက်
အနေအထားကို ရတယ်ဆိုရင် ကျနော့်အတွက် စာအုပ် လုပ်ပေးရကျိုးနပ်ပါပြီ။
ပထမ တစ်ဖြတ်အနေနဲ့ လေးအုပ်တွဲကို တင်ပြီးတဲ့နောက် ... နောက်ထပ် လေးအုပ်ကို တင်ပေးနိုင်ဖို့ အရေးဟာ မထင်မှတ်ပဲ ကြန့်ကြာသွားခဲ့ရတယ်။ ကျနော့်မှာလဲ အခြား အလုပ်ကိစ္စလေးတွေ ရှိနေတာမို့ မအားလပ်တာနဲ့ စာအုပ်ကို စိတ်အေးလက်အေး လုပ်ရတယ် မရှိပါဘူး။ ဆက်ရန်များကို ဖတ်ဖို့စောင့်နေကြတဲ့ ညီအစ်ကို မောင်နှမများက မက်ဆေ့ပို့လို့ တသွယ်၊ ကော်မန့်ရေးလို့ တစ်ဖုံနဲ့ ခဏခဏ တောင်းဆိုလာကြတဲ့အတွက် ကျနော် သိပ်ကို အားနာမိတယ်။
ဒါကြောင့် ... ညက တစ်ညလုံး မအိပ်ပဲ လုပ်တယ်၊ ဒီနေ့ရောက်တော့လဲ တစ်နေ့လုံး လုပ်တယ်။ အခုတော့ ပြီးသွားပါပြီ ခင်ဗျာ။ စာချစ်သူ ညီအစ်ကို မောင်နှမများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

On 1:13 AM by Unknown in ဒေါက်တာသန်းထွန်း No comments
အရင်ဧကရာဇ် အခုလူ
ဒေါက်တာသန်းထွန်း
တရုတ်ပြည်ရဲ့
နောက်ဆုံး ဧကရာဇ်မင်းတစ်ပါးရဲ့ အတ္ထုပ္ပတ္တိပါ ခင်ဗျာ။ ရုပ်ရှင်အဖြစ်လဲ
ရိုက်ကူးထားတယ်လို့ ထင်ပါတယ်။ ကျနော်တော့ စာအုပ်ကို ebook သာလုပ်လိုက်ရတယ်
အခြားအခြားသော ကိစ္စတွေနဲ့ စာအုပ်ကို ကောင်းကောင်း မဖတ်ရသေးပါဘူး။ စာမျက်နှာ
၃၀ ကျော်ကျော်လောက်ပဲ ဖတ်ရသေးပါတယ်။ စာအုပ်ကောင်း တစ်အုပ်လို့
ယုံကြည်နေပါတယ်ခင်ဗျာ။
ပန်းချီခရီးသည်
ပန်းချီမောင်ငွေထွန်း
https://www.facebook.com/ theim.soe.3 မှ စာအုပ်လှူဒါန်းပါသည်။
စာအုပ်ကတော့ တကယ့်ကိုရှားပါးပြီး တန်ဘိုးရှိတဲ့ စာအုပ်ပါပဲ။ အစ်ကိုတစ်ဦးက သူအမြတ်တနိုး သိမ်းထားတဲ့ စာအုပ်လေးကို ကိုယ်တိုင် စကင်ဖတ်ပြီး ကျနော့်ဆီ လှူဒါန်းလာလို့ ebook အဖြစ် ဖန်တီးပြီ ပြန်လည် မျှဝေခြင်း ဖြစ်ပါတယ်။
လှူဒါန်းတဲ့ အစ်ကိုကတော့ ဒီလို မိတ်ဆက်ပေးလိုက်ပါတယ် ....
ပန်းချီမောင်ငွေထွန်း ဆိုတာ အကယ်ဒမီများရှင် ကိုရန်အောင်၏ ဦးလေးဖြစ်ပြီး၊ ကိုရန်အောင်၏ အမေ ဒေါ်သိန်းသိန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပါတယ်တဲ့။ ယခင်က ထုတ်ဝေခဲ့တဲ့ လုပ်သားပြည်သူ့နေ့စဉ် သတင်းစာမှ လုပ်သား FONT နှင့် LOGO ဟာ ဆိုရင် ပန်းချီမောင်ငွေထွန်း၏ လက်ရာများသာ ဖြစ်ပါတယ်။ နောက်ပြီး လက်ဝဲစာလုံးကို စတင်တီထွင် ရေးသားခဲ့သူလဲ ဖြစ်ပါတယ်။
စာအုပ်ထဲမှာတော့ ဆရာဟာ မြန်မာပြည်အနှံ့ကို ခရီးထွက်ပြီး သူ တွေ့မြင်ခဲ့ရတာတွေကို ပန်းချီနဲ့ မှတ်တမ်းတင်တယ်။ ဟိုး ဝေးလံခေါင်သီတဲ့ နာဂဒေသတို့ ပူတာအိုအထက် မချမ်းဘော့အထိတောင် ခရီးထွက်ပြီး ပန်းချီနဲ့ မှတ်တမ်းတင်ခဲ့တယ်။ သူတို့ရဲ့ ရိုးရာဓလေ့တွေကို အရိုးခံစိတ် အမျိုးသားစိတ်အပြည့်နဲ့ ရေးသား မှတ်တမ်းတင်ခဲ့တယ်။ အားပေးလိုက်ကြပါဦး ခင်ဗျာ ...။

ကာလိဒါသ၏ ဘဝအတွေ့အကြုံများ ပထမတွဲ
လူထုဦးလှ
လူထုဦးလှရဲ့
ကာလိဒါသ၏ ဘဝအတွေ့အကြုံများ စာအုပ် ပထမတွဲ ဒုတိယတွဲကို စာအုပ်
လုပ်ထားတာတော့ ကြာပါပြီ။ ဒီရက်အတောအတွင်း အင်တာနက်လိုင်းကို
စိတ်ခုမိတာကြောင့် စာအုပ်မတင်ပဲ စာအုပ်တွေ ကျွမ်းထိုးမှောက်ခုံ ဖတ်၊
ဟိုနေရာအလေလိုက် ဒီနေရာ အလေလိုက် လုပ်နေတာနဲ့ စာအုပ်တင်တဲ့ဘက်ကို ခြေဦး
မလှည့်ဖြစ်ဘူး ဖြစ်သွားတယ်။ အဲဒီအတွက် စာအုပ်မျှော်လင့်နေသူ
ညီအစ်ကိုမောင်နှမများကို တောင်းပန်ပါတယ်ခင်ဗျာ။
လောလောဆယ် လူထုဦးလှရဲ့ ကာလိဒါသ၏ ဘဝအတွေ့အကြုံများ ပထမတွဲကို တင်ပါ့မယ်။ တအောင့်ကြာရင် ဒုတိယတွဲကို တင်ပါ့မယ်။ နောက် ဗုဒ္ဓဟူးနေ့လောက် ရောက်ရင် အစ်ကိုတော်တစ်ဦးထံမှ စကင်ဖတ်ပြီး လှူထားတဲ့ ပန်းချီမောင်ငွေထွန်းရဲ့ ပန်းချီခရီးသည် စာအုပ်ကို တင်ပါ့မယ်။ နောက်ထပ်နောက်ထပ် ဒေါက်တာသန်းထွန်းရဲ့ ယခင်ဧကရာဇ် ယခုလူ စာအုပ်၊ ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းရဲ့ နေမင်းတစ်ထောင် ၈ အုပ်တွဲ ဆက်တိုက်ဆက်တိုက် လာပါမယ့် ခင်ဗျာ။ စောင့်မျှော် အားပေးကြပါဦး။

တော်လှန်သော အဘိဓမ္မာ
သခင်မြသန်း
မနေ့က
တစ်နေ့လုံး ညီတစ်ယောက်နဲ့ ဒီစာအုပ်လေးကို လုပ်နေကြတာ။ စာအုပ် လုပ်ရခြင်း
ရည်ရွယ်ချက်ကတော့ ကျနော့်ပေ့ခ်ျမှာ တင်ဖို့ ဟုတ်ပါဘူး။ သူတို့ရဲ့ Burma
Marxist Learner ပေ့ခ်ျမှာ တင်ဖို့ သီးသန့်ပါပဲ။ ဒါပေမယ့် ဒီပေ့ခ်ျမှာလဲ
ဖတ်ချင်သူများ ရှိကောင်း ရှိမယ် ထင်မိလို့ စာအုပ်ကို ယူတင်လိုက်ပါတယ်။
Subscribe to:
Posts (Atom)
Search
အိမ်မှာ သင်ကြားပေးသည်။

ကွန်ပျူတာကို အခြေခံမှစ၍ အိမ်အရောက် စနစ်တကျ သင်ပေးပါသည်။
Popular Posts
Categories
- nyisayebookcreator (4)
- ကိုပိုက် (1)
- ကိုစောညိန်း (1)
- ခင်ဝမ်း (1)
- ချစ်စိန်လွင် (1)
- ချစ်ဦးညို (1)
- ဂျက်ကွမ်းခြံကုန်း (2)
- စစ်ကိုင်းဦးဘိုးသင်း (4)
- စံပယ်ဖြူနု (2)
- စုမြတ်ကို (1)
- ဆင်ဖြူကျွန်းအောင်သိန်း (2)
- ဆန်းထွန်း (1)
- ဆရာဦးသော်ဇင် (1)
- ဇဝန (1)
- ညိုမြ (1)
- ညီပုချေ (1)
- ညီစေ (3)
- ညီစေစာအုပ် (2)
- တက္ကသိုလ်ဘုန်းနိုင် (1)
- တင့်တယ် (1)
- တင်ထွန်း(တောင်ကုတ်) (1)
- တင်မောင်မြင့် (1)
- တရာမင်းဝေ (1)
- ဒဂုန်တာရာ (1)
- ဓူဝံ (1)
- နတ်နွယ် (5)
- နီကိုရဲ (1)
- ပန်းချီမောင်ငွေထွန်း (1)
- ပါရဂူ (6)
- ပါမောက္ခ ဦးဖေမောင်တင် (1)
- ကြယ်နီ (1)
- ဗန်းမော်တင်အောင် (6)
- ဘာသာပြန်စာအုပ်များ (4)
- မင်းရှင် (1)
- မင်းသုဝဏ် (1)
- မမိုးမြေ (1)
- မုရှခါဇုအော့ (1)
- မလေးလုံ (2)
- မြန်မာစာအုပ်များ (114)
- မြသန်းတင့် (8)
- ရန်ကုန်ဘဆွေ (3)
- ရွာစားစိန်တင်ဟန် (1)
- ရဲမြင့်လွင် (1)
- လင်းယုန်သစ်လွင် (3)
- လူထုဦးလှ (3)
- သခင်မြသန်း (1)
- သိန်းဖေမြင့် (1)
- အထောက်တော်လှအောင် (2)
- ဦးလှဒင် (1)
- ဦးဝင်းတင် (1)
- ဦးနု (1)
- ရွှေကိုင်းသား (1)
- ကောင်းဈာန်သိမ်း (1)
- ကျော်ဝင်း (1)
- ကျော်အောင် (1)
- ဇော်ဂျီ (2)
- ဇော်ဝင်းကို (1)
- ဒေါက်တာ Modd (1)
- ဒေါက်တာ ရှိတ်အဗ္ဗဒူရာမန် (1)
- ဒေါက်တာခင်မောင်ညွန့် (1)
- ဒေါက်တာသင်းသင်း (1)
- ဒေါက်တာသန်းထွန်း (1)
- ဒေါက်တာကျော်မြင့် (1)
- နေဝင်းမြင့် (1)
- မေတ္တာရှင် (ရွှေပြည်သာ) (1)
- မောင်ကိုကို (အမရပူရ) (1)
- မောင်ထွန်းသူ (2)
- မောင်မိုးသူ (1)
- မောင်ရှင်စော (1)
- မောင်သာချို (1)
- မောင်သာနိုး (2)
- မောင်သိန်းဆိုင် (1)
- ရွှေဥဒေါင်း (1)
- သော်တာဆွေ (2)
- ညွန့်ကြူး (မြန်မာပြန်) (1)
- နွယ်သစ် (1)
- နိုင်ဦး (1)
- နိုင်ဇော် (3)
Blog Archive
-
▼
2014
(71)
-
▼
March
(8)
- ဥတ္တရအလင်း - ဦးဝင်းတင်
- နမင်းတစ်ထောင် ပဉ်တွဲ၊ ဆတွဲ၊ သတွဲ၊ ဋ္ဌတွဲ - ဆင်ဖြူကျွ...
- နေမင်းတစ်ထောင် ပတွဲ၊ ဒုတွဲ၊ တတွဲ၊ စတွဲ - ဆင်ဖြူကျွ...
- အရင်ဧကရာဇ် အခုလူ - ဒေါက်တာသန်းထွန်း
- ပန်းချီခရီးသည် - ပန်းချီမောင်ငွေထွန်း
- ကာလိဒါသ၏ ဘဝအတွေ့အကြုံများ ဒုတိယတွဲ - လူထုဦးလှ
- ကာလိဒါသ၏ ဘဝအတွေ့အကြုံများ ပထမတွဲ - လူထုဦးလှ
- တော်လှန်သော အဘိဓမ္မာ - သခင်မြသန်း
-
▼
March
(8)
စာအုပ်အညွှန်းများ
Powered by Blogger.